ဂျူးလိယက်
စီးပွားရေးသတင်းထောက်
အတွဲ ၂၇ ၊ အမှတ် ၅၃၇ ( ၃၀-၉ ၊ ၆-၁၀ ၊ ၂၀၁၁)
ရခိုင်ပြည်နယ်အတွင်း ယခုနှစ် ဩဂုတ် လမှ စတင်ကာ
လျှပ်စစ်ဓာတ်အား
ထုတ်လုပ်ရောင်းချရေး လုပ်ငန်းတွင် အပြောင်းအလဲများ ရှိလာသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ခွင့်
ပြုသည့်လုပ်ငန်းများတွင် တိုင်းဒေသ
ကြီးနှင့် ပြည်နယ်အစိုးရများသည် ကိုယ့်
မူကိုယ့်ဟန်ဖြင့် လွတ်လပ်စွာ စီမံခန့်ခွဲ နိုင်ရာ အစိုးရသက်တမ်း ငါးလအတွင်း
ဒေသအလိုက် ကွဲပြားသည့်လုပ်ဆောင် ချက်တချို့ ရှိလာသည်များအနက် ရခိုင်
ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ထုတ်
လုပ်ရောင်းချမှုကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အမှတ် (၂) လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနတို့ ဖက်စပ်လုပ်ကိုင်လာ
သည့်အချက်လည်း ပါဝင်သည်။စီးပွားရေးသတင်းထောက်
အတွဲ ၂၇ ၊ အမှတ် ၅၃၇ ( ၃၀-၉ ၊ ၆-၁၀ ၊ ၂၀၁၁)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီ အစဉ်ဖြင့် ပြည်နယ်၏ မြို့နယ် ၁၇ မြို့လုံး တွင် လျပ်စစ် ထုတ်လုပ်ရောင်းချမှုကို လျှပ်စစ် (၂) ၀န်ကြီးဌာနပိုင် အင်ဂျင် များ၊ သွယ်တန်းပြီး ဓာတ်အားလိုင်း များကို အခြေပြုကာ ဒေသခံ ပုဂ္ဂလိက လုပ်ငန်းရှင်များက ၀န်ကြီး ဌာနနှင့် ဖက်စပ်လုပ်ကိုင်ရန် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ စတင်စီစဉ်ခဲ့ပြီး ဩဂုတ်လအတွင်းတွင် အကောင် အထည်ပေါ်လာ ခဲ့သည်။
လုပ်ငန်းသစ်တွင် ယင်းလျှပ်စစ် လုပ်ငန်းငယ်များသို့ နိုင်ငံတော်က ဆီပံ့ပိုးမှု၊ လျှပ်စစ်ရောင်းချသည့်ပုံစံ ပြောင်းလဲမှုများနှင့်အတူ လျှပ်စစ်ဓာတ် အားဈေးလည်း ယခင်ထက် အနည်း ငယ်လျော့ကျလာသည်ဟု ရခိုင်ပြည် နယ်မှ ဒေသခံများက ပြောသည်။
ကျောက်ဖြူမြို့နယ်၌လျှပ်စစ်ရောင်းရာတွင် ၀ယ်သူက တစ်လအနည်းဆုံး ၁၈ ယူနစ် (တစ်ယူနစ် = ၁,၀၀၀ ၀ပ်နာရီ) ကို ပထမ ၁၀ ယူနစ်အတွက် တစ်ယူနစ် ၂၅ ကျပ်နှုန်း၊ ကျန် ရှစ်ယူနစ်အတွက် တစ်ယူနစ် ကျပ် ၅၀၀ နှုန်းနှင့် ၀ယ်ယူရ မည် ဖြစ်သည်။
၁၈ ယူနစ်ထက် ပို၍ လည်း တစ်ယူနစ် ကျပ် ၅၀၀ နှုန်းဖြင့် ဆက်လက်ဝယ်ယူနိုင်သည်ဟုကျောက် ဖြူမြိုနယ်မှ ဒေသခံ ဦးကျော်ဇံလှက တယ်လီဖုန်းဖြင့် ပြောသည်။
ယင်းဈေးနှုန်းဖြင့် မီတာထိန်းသိမ်းခ ကျပ် ၁,၀၀၀ အပါအ၀င် တစ်လလျှင် လျှပ်စစ်ဖိုးအနည်းဆုံး ၅,၂၅၀ ကျပ်ဖိုး ၀ယ်ယူကုန်ကျ မည်ဖြစ်သည်။ ယင်းဈေးနှုန်းမှာ ဩဂုတ်လ မတိုင်မီ က မြို့နယ်အာဏာပိုင်အဖွဲ့ အစည်း များမှ ပုဂ္ဂိုလ်များပါဝင်သော မြို့နယ် မီးလင်းရေးအဖွဲ့က နိုင်ငံပိုင် အင်ဂျင်နှင့် ဓာတ်အားလိုင်းများကို အသုံးပြု၍ ပြင်ပဆီ ၀ယ်ယူလုပ်ကိုင်ခဲ့စဉ်က ကျ သင့်ခဲ့သည့် လျှပ်စစ်ဖိုး တစ်လ ကုန်ကျ ငွေနှင့် ပမာဏအရ များစွာ မကွာသော် လည်း ရရှိသည့် ယူနစ်အရေအတွက် ပိုမို လာခြင်းဖြစ်သည်။
ဩဂုတ်လ မတိုင်မီက လျှပ်စစ်ဝယ် ယူလျှင် တစ်ယူနစ် ကျပ် ၅၀၀ နှုန်းဖြင့် တစ်လအနည်းဆုံး ၁၀ ယူနစ် ၀ယ်ယူ ရပြီး မီတာ ထိန်းသိမ်းခ ကျပ် ၁,၀၀၀ အပါအ၀င် တစ်လ အနည်းဆုံး ကျပ် ၆,၀၀၀ ကုန်ကျခဲ့သည်။
ယခု အစီအစဉ်မှာ နိုင်ငံတော် သမ္မတကြီး၏ ညွှန်ကြားမှုဖြင့် ရခိုင် ပြည်နယ်၏ မြို့အားလုံးတွင် တစ်အိမ် ထောင်လျှင် တစ်လ လျှပ်စစ် ၁၀ ယူနစ် စာအား အိမ်သုံး တစ်ယူနစ် ၂၅ကျပ်၊ စီးပွားရေးသုံး ၅၀ ကျပ်နှုန်းဖြင့်သုံးစွဲ နိုင်ရန် နိုင်ငံတော်မှ မြို့နယ်အလိုက် ဒီဇယ်ဆီ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း ရခိုင် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုဂ္ဂလိက လျှပ်စစ်လုပ်ငန်းရှင်များ သည် နိုင်ငံတော် ပံ့ပိုးဆီအတွက် ဆီဖိုးအဖြစ် ယင်းဆီပမာဏဖြင့် မောင်း၍ ထွက်ရှိသည့် လျှပ်စစ်ယူနစ် အလိုက် တစ်ယူနစ် ၂၅/၅၀ ကျပ် နှုန်းဖြင့်မြှောက်ကာ ပေးချေရသည်။
ပုဂ္ဂလိက လုပ်ငန်းရှင်များသည် နိုင်ငံတော်ကပေးသည့် ပံ့ပိုးဆီဖြင့် လည်း ရသလောက်မောင်း၍ မဟာ ဓာတ်အားလိုင်းဈေးဖြင့် လျှပ်စစ်ရောင်း ချပေးကာ ဆက်၍လည်း နိုင်ငံပိုင် ယင်း အင်ဂျင်များ၊ ဓာတ်အားကြိုးများကို သုံး၍ ပေါက်ဈေးဖြင့် ပြင်ပဆီဝယ်ယူ မောင်းပြီး မိမိစီးပွားရေးအဖြစ် လျှပ်စစ် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းကို လုပ်ကိုင်ကြခြင်းဖြစ်သည်။
အင်ဂျင်နှင့် ဓာတ်အားကြိုးများ သုံးခအဖြစ် ပြင်ပ ဆီဖြင့် ဆက်လက် ထုတ်လုပ်ရောင်းချ သည့် လျှပ်စစ်ယူနစ်အလိုက် တစ်ယူနစ် ငါးကျပ်နှုန်းဖြင့်ပေးချေရပြီး အခြား အသေးစိတ်အချက်များတွင် သက်ဆိုင် ရာမြို့နယ်နှင့် လုပ်ငန်းရှင်အလိုက် လုပ် နည်းလုပ်ဟန် အမျိုးမျိုးဖြင့် လုပ်ကိုင်လျက် ရှိကြသည်။
"မြို့နယ်မှာ မီးပေးချိန် တိုးချင်ပေမယ့် အရင်းအနှီး လိုအပ်ချက်ကြောင့် တိုးလို့မရဘူး။ ဒါကြောင့် စီးပွားရေးသမားတွေနဲ့ အစုရှယ်ယာ ပေါင်းလုပ် တာပါ"ဟု ကျောက်ဖြူမြိုနယ် မီးလင်း ရေးအဖွဲ့၏ဥက္ကဋ္ဌဖြစ်သူကပြောသည်။
"ကျောက်ဖြူမြို့နယ်အတွက် လျှပ်စစ် (၂) ၀န်ကြီးဌာနကနေ ပံ့ပိုးဆီအဖြစ် တစ်လ ဂါလံ ၂,၃၀၀ နဲ့ မီးစက်နဲ့ ဓာတ်ကြိုးတွေကို အသုံးပြုခွင့်ရတယ်။ အဲဒီအတွက် ဒီဩဂုတ်လဆို ကျပ် ၃,၁၇၀,၀၀၀ ကို ၀န်ကြီးဌာနကို ပေးရ တယ်။ ပံ့ပိုးဆီနဲ့ တစ်ရက် နှစ်နာရီနှုန်း လောက်ပဲ မောင်းနိုင်ပါတယ်။ အခု တစ်ရက် လျှပ်စစ် ခြောက်နာရီ ရောင်း နေတော့ ကျန်လေးနာရီစာ ဆီကို ပေါက် ဈေးနဲ့ဝယ်ပြီး လျှပ်စစ်ထုတ် ရောင်း တာပါ"ဟု ဦးကျော်ဇံလှကပြောသည်။
ရန်းဗြဲကျွန်းမြို့ပေါ်တွင်လည်း စက် တင်ဘာလ ၁ ရက်မှ စတင်၍ လျှပ်စစ် ကို ပုဂ္ဂလိက၊က ရောင်းချခဲ့သည်။
"ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့မိ မြို့ဖတွေ၊ မြို့နယ်လျှပ်စစ်မှူးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတို့တွေ အထပ်ထပ်ဆွေး နွေးပြီးမှ စတင်ခဲ့တာပါ"ဟု ယင်းမြို့နယ် မှ ဒေသခံဦးကျော်လွင်က ပြောသည်။ ယင်းမြို့၏ လျှပ်စစ်ဈေးမှာ တစ်လ အနည်းဆုံး ၀ယ်ယူရမည့် ၁၀ ယူနစ် အတွက် တစ်ယူနစ် ကျပ် ၃၀၀ ဖြစ်ပြီး ၁၀ ယူနစ်ကျော်လျှင် တစ်ယူနစ် ကျပ် ၆၀၀ ဈေးဖြစ်သည်။
ယခင်မြို့နယ် မီးလင်းရေးအဖွဲ့က လုပ်ကိုင်ခဲ့စဉ်က အနည်းဆုံး ၀ယ်ယူရမည့် ငါးယူနစ် အတွက် တစ်ယူနစ် ကျပ် ၈၀၀ ဖြစ်ပြီး ယင်းထက်ကျော်ပါက တစ်ယူနစ် ကျပ် ၅၀၀ ဈေးဖြစ်သည်။
သို့ကြောင့် မီတာထိန်းသိမ်းခ အပါအ၀င် တစ်လ အနည်းဆုံး လျှပ်စစ် ဖိုး ယခင်က ကျပ် ၅,၀၀၀ နှင့် ယခုပုဂ္ဂလိကလက်ထက်တွင် ကျပ် ၄,၀၀၀ ကုန်ကျမည် ဖြစ်သော်လည်း ယခင်က လျှပ်စစ် ငါးယူနစ်သာရခဲ့ပြီး ယခု ၁၀ ယူနစ် ရရှိမည်ဖြစ်သည်။
အနည်းဆုံး မ၀ယ်မနေရ သတ်မှတ် သည့် ၁၀ ယူနစ် ဈေးနှုန်းများမှာ မဟာ ဓာတ်အားလိုင်း ဈေးဖြစ်သည့် ၂၅/ ၅၀ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း လုပ်ငန်းယှဉ်ပြိုင်ရမှု နည်းခြင်းကြောင့် လုပ်ငန်းရှင်ရောင်းချသည့် ဈေးဖြင့်သာ ၀ယ်ယူရကြောင်း၊ သို့သော် တစ်ဘက် တွင် အစိုးရမီးစက်ကို ကောင်းမွန် အောင်ပြင်ရသည့် အရင်းအနှီးကြောင့် ယင်းဈေးဖြင့် မရောင်းနိုင်ခြင်းဖြစ်နိုင် ကြောင်း လည်း ဦးကျော်လွင်က ပြောသည်။
"လျှပ်စစ်ဓာတ်အားဈေးကို ဒေသ ဆိုင်ရာ တာဝန်ရှိသူတွေ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းပြီး သတ်မှတ်တာပါ"ဟု ကျောက်ဖြူ ဒေသခံ ဦးကျော်ဇံလှက ပြောသည်။
အနိမ့်ဆုံးဝယ်ယူရမည့် ယူနစ်အရေ အတွက် သတ်မှတ်ရခြင်းနှင့် ပတ်သက်၍ ၎င်းက "အဲလိုမလုပ်ရင် တစ်ယူနစ် ၂၅ ကျပ်ဈေးနဲ့ဝယ် လို့ရတဲ့ ၁၀ ယူနစ်ပဲ သုံးကြတော့မယ်ဆိုရင် ပံ့ပိုးဆီဈေးနဲ့ ပံ့ပိုးဆီရသလောက်ပဲ စက်မောင်း မီး ပေးလို့ရမယ်။ တစ်ရက် နှစ်နာရီစာပဲ ရမယ်။ အခုလို အနည်းဆုံး ယူနစ်ထား ပြီးရောင်းတော့ တစ်မြို့လုံးအတွက် တစ်ရက် ခြောက်နာရီ၊ တစ်အိမ်ပျမ်းမျှ အနည်းဆုံး ယူနစ် ၁၈ ယူနစ် ၀ယ်သုံးလို့ ရတာပေါ့"ဟု ကျောက်ဖြူမြို့နယ် မီးလင်းရေးအဖွဲ့ဥက္ကဋ္ဌက ပြောသည်။
မြို့နယ်များတွင် မ၀ယ်မနေရ အနည်းဆုံးဝယ်ရသည့် ယူနစ်ကွာခြား ရခြင်းမှာ မြို့နယ် အလိုက်ရရှိသည့် ပံ့ပိုးဒီဇယ်ဆီ ပမာဏ ကွာခြားခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်နှင့် လုပ်ငန်းရှင် ၏အစီအစဉ် ကွာခြား၍ဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။
ဒေသခံများက ယခု ပုဂ္ဂလိက က ရောင်းချသည့် အခြေအနေသည် ယခင်ကထက် လျှပ်စစ်ပိုမို ၀ယ်ယူလာနိုင်သော်လည်း ၎င်း တို့သည် နိုင်ငံ၏ မဟာဓာတ်အားလိုင်းမှ ၀ယ်ယူနိုင်သည့် နိုင်ငံ၏ အခြားမြို့များကဲ့သို့ တစ်ယူနစ် ၂၅/၅၀ ကျပ်ဈေးဖြင့် အပြည့်အ၀ ၀ယ်၍ ရနိုင်သည့် အခွင့် အရေး ရှိသင့်သည်ဟု ယူဆကြသည်။
စွမ်းအင်အရင်းအမြစ်နှင့် အနီးဆုံး တွင်ရှိသော်လည်း ယင်းသို့သော ဒေသများသည် များသောအားဖြင့် တခြား သော ဒေသများ သို့မဟုတ် တိုင်းပြည် တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနစ်နာခံရစမြဲဖြစ်သည်ဟု ရမ်းဗြဲ ကျွန်းမှ ဦးကြည်ဝင်းက ပြောသည်။
"ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင် အောက်မှာ ဓါတ်ငွေ့သိုက်တွေ ရှိပြီး ဓာတ်ငွေ့ပိုက်လိုင်းက ကိုယ့်မျက်စိရှေ့က ဖြတ်သွားပေမယ့် လျှပ်စစ် ၀ယ်လို့ရအောင် စီမံပေးမှု မရရှိဘူး " ဟုလည်း ၎င်းက ပြောဆိုသည်။
http://www.myanmar.mmtimes.com မှကူးယူဖေါ်ပြသည်
သြော်ဘေးထိုင်ဘုပြောပါလား။