၁၈၈၆ ခုနှစ်တုန်းက
အမေရိ ကန်နိုင်ငံရဲ့ ပထမဆုံး လျှပ်စစ်ဓာတ် အားလိုင်းကို မက်ဆာချူးဆက်ပြည် နယ်၊
ဘာရင်တန်မြို့မှာ ထူထောင်ခဲ့ ပါတယ်။ ယခုဆိုရင် နှစ်ပေါင်း ၁၂၅ နှစ်လောက်ကြာခဲ့ပြီး၊
လျှပ်စစ်ဓာတ်အားသုံး ကုန်ပစ္စည်းပေါင်း မရေ မတွက်နိုင်အောင်တီထွင်ထုတ်လုပ် သုံးစွဲခဲ့ကြပေမယ့်
လျှပ်စစ်ဓာတ်အား လိုင်းတွေ ကတော့ အပြောင်းအလဲမရှိဘဲ ယခင်အတိုင်း ရှိနေခဲ့ပါတယ်။
လျှပ်စစ်ဓာတ်အား သုံးစွဲမှုမြင့်မားတဲ့ အချိန်မှာ ထုတ်လုပ်မှု စရိတ်ပိုပြီး ကုန်ကျနေပေမယ့်
လျှပ်စစ် ဓာတ်အားခကို တခြားသိပ်မသုံးတဲ့ အချိန်တွေလောက်ပဲ ပေးနေရပါတယ်။ ဒီလို သက်တမ်းကြာရှည်စွာ
အသုံးပြုခဲ့လို့လဲ ၂ဝဝ၃ ခုနှစ်မှာ အမေရိကန် အရှေ့မြောက်ပိုင်းနဲ့ ကနေဒါနိုင်ငံရဲ့ဒေသ
အချို့မှာ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားပြီး အမှောင်ကျခဲ့မှုကြီးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
လျှပ်စစ် ဓာတ်အား ပြတ်တောက်လို့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ နှစ် စဉ်ဒေါ်လာ
ဘီလီယံ ၁၅ဝ ခန့် ဆုံးရှုံးနေ တယ်လို့ သိရပါတယ်။
ဟောင်းနွမ်းတဲ့ လျှပ်စစ်ဝါယာ ကြိုးတွေကြောင့် လျှပ်စစ်ဓာတ်အား ယိုဖိတ်မှု ပြဿနာလဲ
ရှိနေပါတယ်။ လျှပ်စစ်စွမ်းအင် သုတေသန တက္ကသိုလ် မှ စီမံကိန်း မန်နေဂျာဖြစ်သူ
Don Von Doller က ''လက်ရှိသွယ်တန်းထားတဲ့ လျှပ်စစ်ဝါယာ ကြိုးတွေကြောင့် လျှပ်စစ်ဓာတ်အား
ခုနစ်ရာခိုင်နှုန်းကနေ ကိုးရာခိုင်နှုန်းအထိ လေလွင့်ဆုံး ရှုံးနေရပါတယ်။ လက်ရှိ ကျွန်တော်တို့
အသုံးပြုနေတာက ၂၁ ရာစုအီ လက်ထရွန်းနစ် နည်းပညာ ပစ္စည်းတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့်
သွယ် တန်းအသုံးပြုနေတဲ့ လျှပ်စစ်ပါဝါဂရစ် Powergrid က ၂ဝရာစုက အတိုင်းပဲ ရှိနေတယ်''လို့
ပြောပါတယ်။
ယခုအခါ ပါဝါဂရစ်ကို ၂၁ ရာစုရဲ့ အိုင်တီနည်းပညာတွေအသုံး ပြုပြီး အဆင့်မြှင့်တင်ဖို့
ကြိုးစားလာ နေကြပါတယ်။ အင်တာနက်ကွန် ရက်နဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ ဓာတ်အားထုတ်လုပ်တဲ့
ထရန်စဖော် မာတွေကို ချိတ်ဆက်ပြီး စမတ်ပါဝါ ဂရစ် Smart Powergrid တစ်ခုကို တည်ထောင်နိုင်ပါတယ်။
စမတ်ပါဝါ ဂရစ်တစ်ခုမှာ ခေတ်မီနည်းပညာ အသုံးပြုတဲ့ မီတာစနစ်ကို အခြေခံတဲ့ အဆောက်အအုံ
Advanced Metering Infrastructure ရှိဖို့လိုပါတယ်။ ဒါမှ လျှပ်စစ်ဓာတ်အားကို ဘယ်
လောက်သုံးပြီးပြီ၊ သုံးတဲ့အချိန်က ဘယ်အချိန်၊ ဘယ်ဈေးနှုန်းနဲ့ဆိုတာ သိနိုင်ပါတယ်။
ဒုတိယ လိုအပ်ချက်က နှုန်းထားတွေ သတ်မှတ်ပေးတဲ့ အီလက်ထရွန်းနစ် မီတာ eMeter တွေ အသုံးပြုနိုင်အောင်
ဆော့ဖ်ဝဲတွေ တည်ဆောက်ပေးဖို့ဖြစ်ပါတယ်။ တတိယအဆင့်က အိမ်တွင်း စမတ် ဂရစ်နဲ့ဆိုင်တဲ့
ကွန်ရက်ရှိဖို့ လိုပါတယ်။ နေအိမ်တွေမှာ လျှပ်စစ်ဓာတ် အားသုံးစွဲမှု အခြေအနေကို အချန်မီ
သိရှိနိုင်ပြီး လျှပ်စစ်ဓာတ်အား အသုံးများတဲ့ အချိန်မျိုးတွေမှာ လျှပ်စစ်ဓာတ် အားခကို
မြှင့်တင်ထားရင် သုံးစွဲသူတွေဟာ အမြင့်ဆုံးအချိန်တွေမှာ ဓာတ် အားသုံးစွဲမှုကို ၁ဝ
ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလျှော့ချလာနိုင်ပါတယ်။ တကယ်လို့ဓာတ်အားခနှုန်း တက်လာတဲ့အချိန်မှာ
ကွန်ပျူတာထိန်း စမတ်မီတာတွေက အလိုအလျောက် ပိတ်ပေးနိုင်တဲ့အတွက် ကုန်ကျစရိတ် နှစ်ဆအထိ
သက်သာနိုင်ပါတယ်။
အင်တာနက် အခြေခံတဲ့ တစ်လုံးတစ်စည်းတည်းသော လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးတဲ့စနစ် (စမတ်ပါဝါဂ ရစ်)ထဲကိုလဲ ပြန်ပြည့်မြဲ စွမ်းအင်တွေဖြစ်တဲ့ လေနဲ့နေစွမ်းအင်တွေကို
ထည့်သွင်းအသုံးပြု နိုင်တဲ့အတွက် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးကို
အထောက်အကူ ပြုနိုင်သလို လျှပ်စစ်ဓာတ်အား သုံးစွဲသူတွေကို လာမယ့်ဆယ် စုနှစ်အတွင်း
ကုန်ကျစရိတ် ဒေါ်လာ ဘီလီယံ ၂ဝ ကျော် သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စမတ်ပါဝါဂရစ်
တည်ထောင်ရေးဟာ အမေရိကန် အစိုးရအတွက် ထိပ်တန်းဦးစားပေး စီမံကိန်း တစ်ခုဖြစ်လာပါတယ်။
လွန်ခဲ့တဲ့နှစ်က စမတ်ပါဝါဂရစ်တည် ထောင်ရေးမှာ ပါဝင်လုပ်ဆောင်နေတဲ့ ကုမ္ပဏီပေါင်း
၁ဝ၉ ခုကို အမေရိကန် အစိုးရဟာ ထောက်ပံ့ငွေပေါင်း ဒေါ်လာ ၃.၄ ဘီလီယံထုတ်ပေးခဲ့ တယ်လို့သိရပါတယ်။
အမေရိကန် သမ္မတ အိုဘားမားက ''ဒီ ၂၁ ရာစု စမတ်ပါဝါဂရစ် အခြေခံ အဆောက်အအုံကို တည်ထောင်လိုက်တာဟာ
ကျွန်ုတို့ နိုင်ငံရဲ့ အရှည်သဖြင့် တိုးတက်ရေးနဲ့ ကြွယ်ဝချမ်းသာရေးကို အခြေခံ အုတ်မြစ်ကြီးတစ်ခု
ချလိုက်တာပဲ ဖြစ်တယ်''လို့ ပြောကြားခဲ့ပါတယ်။
ရှေးဦးစွာ ကော်လိုရာဒိုပြည်နယ်၊ Boulder မြို့မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေတဲ့
Xcel Energy ကုမ္ပဏီကြီးဟာ စမတ်ဂရစ်မြို့တော် Smart Grid City စီမံကိန်းကို ရေးဆွဲပြီး
ကမ္ဘာမှာ ပထမဆုံး စမတ်ပါဝါ ဂရစ်အသုံးပြုနိုင်တဲ့ မြို့ဖြစ်အောင် ဆောင်ရွက်နေပါတယ်။
ပထမဆုံး ခေတ်မီအိုင်တီ နည်းပညာသုံး စမတ်မီတာ အလုံးပေါင်း ၁၆ဝဝဝ ကို တပ်ဆင်ပြီး
လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို ထိန်းသိမ်းကွပ်ကဲ သွားမယ်လို့ သိရပါတယ်။ စနစ်တစ်ခုလုံးကို
အင်တာနက်ကွန်ရက်နဲ့ ချိတ်ဆက်ထား တဲ့အတွက် သတင်းအချက်အလက်တွေ အပြည့်အစုံရရှိပြီး
ချို့ယွင်းချက်၊ အားနည်းချက်တွေကို ချက်ချင်းပြုပြင် နိုင်ခွင့်ရရှိလာနိုင်ပါတယ်။
နေအိမ်တွေမှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု စီမံခန့် ခွဲနိုင်တဲ့ ဝက်ဘ်ဆိုက်စနစ်ကို
အသုံးပြု လာနိုင်တဲ့အတွက် သုံးစွဲသူတွေဟာ သူတို့သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အား အခြေအနေကို
အသေးစိတ်သိရှိလာနိုင်ပြီး စနစ်တကျ ထိန်းသိမ်းကြီးကြပ်ခွင့် ရရှိလာနိုင်ပါတယ်။
Environmental Defense Mark Browstein က ''အခြေခံအားဖြင့် သတင်းအချက် အလက်(အိုင်တီ)
နည်းပညာကို ရှိနေနှင့်ပြီးတဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အခြေခံ အဆောက်အအုံမှာ
အကျိုးရှိရှိ အသုံးပြုနိုင်အောင် ကြိုးစားနေ ခြင်းပဲဖြစ်ပါတယ်။ လျှပ်စစ်ဓာတ် အားထုတ်လုပ်ဖြန့်ဖြူးတဲ့စနစ်မှာ
သတင်းအချက်အလက်တွေ လျင်လျင်မြန်မြန်နဲ့ ပြည့်ပြည့်စုံစုံ ရရှိလေလေ ဝန်ဆောင်မှုပေးတဲ့
နေရာနဲ့ အမှီအခို ပြုနေရတဲ့ လုပ်ငန်းတွေမှာ အခွင့်အလမ်းသစ်တွေ ရရှိလာနိုင်တယ်''လို့
ထောက်ပြပါတယ်။ လျှပ်စစ်ဓာတ်အား သုံးစွဲသူတွေအနနဲ့ လျှပ်စစ်ဓာတ်အား များစွာလိုတဲ့
ရေခဲသေတ္တာတွေ၊ ရေနွေးငွေ့သုံး လေပူပေးစက်တွေနဲ့ လျှပ်စစ်အားသုံး လေအေး ပေးစက်တွေကို
ဓာတ်အားခမြင့်တဲ့ အချိန်တွေမှာ ပိတ်ထားပြီး၊ ဓာတ်အားခ သက်သာတဲ့ အချိန်တွေကျမှ ပြန်ဖွင့်ခြင်းဖြင့်
ကုန်ကျစရိတ်သက်သာ စေနိုင်ပါတယ်။ နောင်တစ်ချိန် လျှပ် စစ်ကားတွေ အသုံးပြုလာရင်လဲ
အဲဒီစမတ်ကားတွေကို ပါဝါဂရစ်ကနေ လျှပ်စစ်ဓာတ်အား လူတွေအသုံးနည်းတဲ့အချိန်(ဥပမာ-ညဘက်)မှာ
သွင်းနိုင်ပါတယ်။ အသုံးမလိုတဲ့ ပါဝါဂရစ်ထဲ ပြန်ပြီး ပေးသွင်းနိုင်တဲ့ အခွင့်အလမ်း
ရှိလာပါတယ်။
စမတ်မီတာ ထုတ်လုပ်ရောင်းချနေတဲ့ Landis + Gyr ကုမ္ပဏီရဲ့
CEO ဖြစ်သူ Stepher Cunninghan က ''လျှပ်စစ် ဓာတ်အားတွေကို ဘယ်လောက်ဗုံးပေါလအော
သုံးစွဲနေကြ သလဲဆိုတာ အမှန်သိမှ အသုံးအစွဲတွေကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်
၂၁ ရာစုမှာ စမတ်မီတာ တွေဟာ စွမ်းအင်တွေလျှော့ချသုံးစွဲ ရေးမှာ အဓိကကျတဲ့ အခန်း
ကဏ္ဍက ပါလာပါတယ်။ ၂၁ ရာစုရဲ့ ထွက် ပေါက်တစ်ခုလိုဖြစ်လာနိုင်ပါတယ်'' လို့ ပြောပါတယ်။
စမတ်ပါဝါဂရစ်တွေ အသုံးချရေးအတွက် ၁၉၉၄ ခုနှစ်လောက်
ကတည်းက အဆိုပြုချက်တွေပေါ် ထွက်ခဲ့ပါတယ်။ စမတ်ပါဝါဂရစ် တွေကို ကျယ်ကျယ်ပြန့်ပြန့်
အသုံးချလာနိုင်ရင် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့အမြောက်အမြား ထုတ်လွှတ်နေတဲ့ တွင်းထွက်လောင်စာသုံး
လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို ထုတ်လုပ်မှု လျှော့ချလာနိုင်ပါတယ်။ ဥပမာ- ပတ်ဝန်းကျင်
ထိန်းသိမ်းရေးကို ဦးစားပေး လုပ်ဆောင်နေတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တွင်းထွက်
လောင်စာသုံး လျှပ်စစ်ဓာတ်အား လျော့နည်းထုတ်လုပ်ရင် ထောက်ပံ့ငွေ ဆုကြေးတွေ ပေးတယ်လို့
သိရပါ တယ်။
ဗြိတိန်နိုင်ငံရဲ့ ၂ဝဝ၆ ခုနှစ် ဘတ်ဂျက်မှာ စမတ်မီတာအသုံးချရေး စီမံကိန်းကို အရေးတယူဖော်ပြခဲ့ပြီး
စမတ်မီတာ သုံးစွဲတဲ့ ကွန်ရက်စနစ် ကြီးတစ်ခုတည်ထောင်မယ်လို့ တင် ပြခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ
လာမယ့် ဆယ်စုနှစ်အတွင်း အိမ်ခြေပေါင်း ၂၇ သန်းမှာ စမတ်မီတာတွေ တပ်ဆင် အသုံးပြုမယ်လို့
သိရပါတယ်။ ဥရောပ ပါလီမန်ကလဲ လာမယ့် ၂ဝ၂၂ ခုနှစ်အတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအားလုံးမှာ
စမတ်မီတာတွေ တပ်ဆင်အသုံးပြုမယ်လို့ ဆုံးဖြတ် ထားပါတယ်။ ဖင်လန်နိုင်ငံရဲ့ သုတေ သနပြုချက်တစ်ခုအရ
စမတ်မီတာ တပ်ဆင်အသုံးပြုခဲ့တဲ့အတွက် တစ်နှစ်ကို ပျမ်းမျှလျှပ်စစ်ဓာတ်အား ၁ဝ.၃ ရာခိုင်နှုန်း
ချွေတာနိုင်ခဲ့တယ် လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂ဝ ရာစုနှစ်အတွင်း အင်ဂျင်နီယာပညာပိုင်းဆိုင်ရာ
အကြီးမားဆုံး အောင်မြင်မှုဟာ ဘာလဲလို့ မေးခွန်းထုတ်ခဲ့ ရာမှာ လူအများ ထင်နေသလို
မော်တော်ကား၊ ဒါမှမဟုတ် ကွန်ပျူတာ တီထွင်ထုတ်လုပ်နိုင်မှု တွေမဟုတ်ဘဲ အမေရိကန်နိုင်ငံ
အမျိုးသား အင်ဂျင်နီယာ တက္ကသိုလ်က ပေးခဲ့တဲ့အဖြေက ''ကျယ်ပြန့်လှတဲ့ လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေး ကွန်ရက်ကြီး''ပဲ ဖြစ်တယ်လို့ သိရပါတယ်။
ယခု ၂၁ ရာစုမှာလဲ စမတ်ပါဝါ ဂရစ်ကို အသုံးပြုနိုင်ဖို့အတွက်
ကြိုးပမ်းအားထုတ်မှုတွေ ပေါ်ထွက်လာ နေပြီဖြစ်တဲ့ အတွက် မကြာမီ အနည်းဆုံး ချမ်းသာတဲ့
နိုင်ငံတွေမှာ တည်ထောင်အသုံးပြု လာနိုင်စရာ ရှိပါတယ်။ စမတ်ပါဝါဂရစ်နဲ့ ပတ်သက်လို့
ထုတ်လုပ်ဖြန့်ဖြူးမှု၊ စမတ်မီတာနဲ့ အရန်ပစ္စည်း အသုံးပြုမှုတွေအတွက် စံချိန်စံညွှန်းတွေ
တပြေးညီ သတ်မှတ် ပြဋ္ဌာန်းပေးဖို့ လိုနေပါသေးတယ်။ အဲဒီနောက်မှာ အင်တာနက် ကွန်ရက်စနစ်ကြီး
ဖွံ့ဖြိုးတိုးတက်လာသလို မကြာမီ စမတ်ပါဝါဂရစ် နည်းပညာကြီးဟာလဲ ဖွံ့ဖြိုးတိုးတက်
လာနိုင်ကြောင်းပါ ခင်ဗျား
မောင်ပုဆိုးကြမ်း
ဈေးကွက်ဂျာနယ်မှကူးယူဖေါ်ပြသည်
|
No comments:
Post a Comment