Monday, January 30, 2012

ဘူမိအပူ စွမ်းအင်မှ လျှပ်စစ် ဓာတ်အား ထုတ်ယူရန် သီရိလင်္ကာ နိုင်ငံလေ့လာ




သီရိလင်္ကာ နိုင်ငံမှာ ဘူမိအပူ စွမ်းအင် ကနေ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ရှိ၊ မရှိ သုတေသနပြု ရှာဖွေ ဖော်ထုတ် သွားမယ်လို့ သိရပါတယ်။ သီရိလင်္ကာ နိုင်ငံနဲ့ ဗြိတိန် နိုင်ငံတို့က သိပ္ပံပညာရှင် တွေဟာ သီရိလင်္ကာ အရှေ့ပိုင်းရှိ ရေပူစမ်း တွေကနေ လျှပ်စစ် ဓာတ်အား ထုတ်ယူနိုင် ခြင်းရှိ၊ မရှိကို လေ့လာ လျက်ရှိပါတယ်။ ကမ္ဘာ့နိုင်ငံ တော်တော် များများဟာ ဘူမိအပူ စွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ် ဓာတ်အား ထုတ်လုပ် သုံးစွဲနေကြပြီး လိုအပ်တဲ့ လျှပ်စစ် ဓာတ်အား ပမာဏရဲ့ ၁၃ ရာခိုင်နှုန်းကို ထုတ်လုပ် ပေးနိုင်တယ်လို့ သိရပါတယ်။ ဘူမိအပူ စွမ်းအင်ဟာ မြေလွှာ အောက်ရှိ အပူဓာတ်က တစ်ဆင့် စွမ်းအင် ထုတ်လုပ်တာ ဖြစ်ပါတယ်။ သီရိလင်္ကာ နိုင်ငံရဲ့ Maha Oya ဒေသမှာ အပူချိန် ၅၅ ဒီဂရီ ဆဲလ်စီးယပ် လောက်ရှိတဲ့ ရေပူအတွက် အခုလို ဘူမိ အပူစွမ်းအင် ကနေ လျှပ်စစ် ဓာတ်အား ထုတ်ယူဖို့ လေ့လာ နေတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment