Sunday, January 29, 2012

မြန်မာတစ်နိုင်ငံလုံး၏ လက်ရှိလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းသာ ရှိသေးရာ ငါးနှစ်စီမံကိန်း ရေးဆွဲ၍ တိုင်းရင်းသားလူမျိုးများ လျှပ်စစ်မီးသုံးစွဲနိုင်ရေး အဓိကထား ဆောင်ရွက်သွားမည်ဟုဆို

လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ၂၂ရာခိုင်နှုန်းသာရှိသေး ရာ ငါးနှစ်စီမံကိန်းရေးဆွဲ၍ တိုင်းရင်းသားလူမျိုးများ လျှပ်စစ်မီးသုံးစွဲနိုင်ရေး အဓိကထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၉ ရက် နေ့က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက “မြစ်ကြီးနားဘက်မှာ ချီဖွေရေအားလျှပ်စစ်ပြီးပါပြီ။ မဂ္ဂါဝပ် ၁၀၀ လောက်သယ်ပြီး ကချင်ပြည် နယ်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား ဓာတ်အားရရှိရေး ဆောင်ရွက်ပေးမယ်။ ၂၀၀၄- ၂၀၀၅ ခုနှစ်ကုန် လောက်ဆိုရင် လောက်ကိုင်၊ ကွန် ဟိန်း၊ ပင်းတယတို့မှာလုပ်တဲ့ လုပ်ငန်းတွေက ရှမ်းပြည်နယ်အတွက် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ တောင်ကြီးပတ်ဝန်းကျင်မှာ အင်းဒေသမီးရရှိရေး၊ ဓနုဒေသမီးရရှိ ရေးစတဲ့ တိုင်းရင်းသားတွေအတွက် ရည်ရွယ်ပြီး ၂၀၁၁-၂၀၁၂ မှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မော်လမြိုင် မှာ ၂၃၀ ကေဗွီအေဓာတ်အားလိုင်းက သထုံကနေ မော်လမြိုင်ကို ရောက်ပါတော့မယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ပြီးပါမယ်။ ပြီးရင် ဓာတ်အားရပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်အတွက် ဓာတ်အားလုံလုံလောက်လောက် ပေးနိုင်မှာဖြစ်ပါတယ်။ ဒီနှစ်မှာ ရွှေတောင်ကနေ မြောင်းတကာ ဒီမှတစ်ဆင့် ရန်ကုန်ကိုဓာတ်အားလိုင်း ထပ်ထည့်ရပါတယ်။ မြောက်ဘက်ပိုင်းက ထုတ်တဲ့ဓာတ်အားတွေကို ရန်ကုန်ကို သယ်နိုင်ဖို့အတွက် လုပ်ရတာပါ။ ရန်ကုန်မှာ ဓာတ်အားကောင်းလာတာ နဲ့ အသုတ်၊ ပုသိမ်တို့ စတဲ့  ဧရာဝတီ တိုင်းဓာတ်အားရရှိရေး ဆောင်ရွက်ပါ မယ်”ဟု ပြောကြားခဲ့သည်။
“၂၀၁၂- ၂၀၁၃ ခုနှစ်မှာ မဖြစ်မနေဆောင်ရွက်မှာက ရွှေတောင်က နေ တောင်ကုတ်ကို ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်းဆွဲပါမယ်။ တောင် ကုတ်ကနေ မအီ၊ မအီကနေ အမ်း၊ အမ်းကနေ မန်းကိုဆွဲပါမယ်။ ဒါကို National  Grip နဲ့ဆက်ထားတာဖြစ် ပါတယ်။ National  Grid ကနေ ထွက်တဲ့ဓာတ်အားကိုယူပြီး တောင်ကုတ်၊ မအီ၊ အမ်း၊ ကျောက်ဖြူ စတဲ့ဒေသ တွေကို ၂၀၁၂ -၂၀၁၃ ခုနှစ်မှာဓာတ် အားရောက်နိုင်အောင်လုပ်ပါမယ်။ ၂၀၁၂ -၂၀၁၃ ခုနှစ်မှာမရောက်ရင် ၂၀၁၄ ခုနှစ် နောက်အကျဆုံးပြီး အောင်ဓာတ်အားလိုင်းကိုဆောက်မှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရခိုင် ပြည်နယ်၊ အမ်းကနေ တောင်ဘက် ခြမ်းတစ်ခြမ်းလုံး ၂၄ နာရီမီးရပါ မယ်။ ဒီအတွက် ပစ္စည်းတွေအားလုံး ၀ယ်ယူနေပြီ။ ရခိုင်မှာ ကျောက်ဖြူ ကနေ အောက်ပိုင်းအားလုံး ၂၄ နာရီ မီးရမယ်။ ၂၀၁၄ ခုနှစ် အကုန်မှာရ မယ်လို့ခန့်မှန်းပါတယ်။ အမ်းကို ရောက်ပြီးရင် အမ်းကနေ ကျောက် တော်ကို ၂၃၀ ကေဗွီအေ ဓာတ်အား လိုင်းဆက်ဆွဲပါမယ်။ ကျောက်တော်-ပုဏ္ဏားကျွန်း- စစ်တွေဆွဲပါမယ်။ ၂၀၁၄-၂၀၁၅ ခုနှစ်ကုန်ရင် ရခိုင်ပြည် နယ်သည် အြေငသညွေူမငစ ကနေ မီး ၂၄ နာရီရသွားပါမယ်လို့အာမခံပါ တယ်”ဟု အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကဆက်လက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် မဂ္ဂါဝပ် ၂၃၉၀၀ ကျော် ရှိပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုပမာဏသည်မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ရှိသေးကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံ၌အရန် လျှပ်စစ်ဓာတ်အား အဖြစ် မဂ္ဂါဝပ် ၆၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အရန်လျှပ်စစ်ဓာတ် အားအဖြစ် မဂ္ဂါဝပ် ၃၀၀ သာရှိကြောင်း ထပ်မံပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းသာရှိ သေးသော်လည်း ငါးနှစ်စီမံကိန်းပြီး သွားချိန်၌ မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုပမာဏ မှာ ၄၀ ရာခိုင်နှုန်းအထိ ရောက်ရှိ လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏လျှပ်စစ်ကဏ္ဍ
အကျယ်အ၀န်း၆၇၆၆၀၀ စတုရန်းကီလိုမီတာ
လူဦးရေ၅၄သန်း
စက်တပ်ဆင်အင်အား၂၇၂၁မဂ္ဂါဝပ်
အများဆုံးထုတ်နိုင်သည့် ဓာတ်အား၁၉၀၀ မဂ္ဂါဝပ်
အများဆုံးဝန်အား၁၅၈၈ မဂ္ဂါဝပ်
အရန်ဓာတ်အား၃၁၂ မဂ္ဂါဝပ်
တစ်နှစ်ဓာတ်အားထုတ်လုပ်မှု၈၃၉၇ ယူနစ်သန်းပေါင်း
တစ်နိုင်ငံလုံးဓာတ်အားသုံးစွဲနိုင်မှုအချိုး၂၂ရာခိုင်နှုန်း

 

Comments 

 
+4 #9 khinmgu 2012-01-21 14:15
ရခိုင်ပြည်မြောက်ပိုင်းက လူတွေဟာ နိုင်ငံတော်လျှ့ပ်စစ်မီးကို စောင့်ရင်း စောင့်ရင်း စောင့်ရင်း နဲ့ပဲ အသက်ကုန်ခဲ့ကြရပီ။ ပြည်နယ်ဝန်ကြီးချုပ်ခင်ဗျား ... အလုပ်လုပ်(ချင်ယောင်ဆောင်)ပါအုံး ...။
 
 
+25 #8 အောင်ဘု 2012-01-19 19:40
တောင်ပေါ်ဒေသကလူတွေ ပိုပြီးအသက်ရှည်ကြသတဲ့ လျှပ်စစ်မီးမြင်ဖူးအောင် စောင့်ရင်းစောင့်ရင်းနဲ့ အသက်ရှည်ကြတာထင်ပ
နောက်ငါးနှစ်ပြည့်လို့ လျှပ်စစ်မီး ရုတ်တရက်မြင်လိုက်ရင် ဝမ်းသာလွန်းဆို့ပြီး ရှော့ ဖြစ်တက်လို့ ခံနိုင်ရည်ရှိအောင်
အခုကတည်းက ကြိုပြီးကျင့်ထားကြအုံး (နောက်မှ ဟတ် ထိတယ်မလုပ်ကြနဲ့ )
 
 
+23 #7 Rain 2012-01-19 14:24
အခြားမြို့ ရွာတွေတော့မီတာတလုံးရဖို့ ဘယ်လောက်ကုန်ကျသလဲ
မသိဖူး..ကျွန်တော်တို့ မွန်ပြည်နယ်ကကျေးရွာတွေမှာတော့ ကိုယ်ထူကိုယ်ထ မီးရရှိရေးကော်မတီတွေဖွဲ့ ပြီး မီတာတလုံးကို ၅ သိန်း ၆ သိန်းလောက်ပေးရပါတယ်..
ထရမ်စဖော်မာ..မီးတိုင်..မီးကြိုး မှစပြီး လျှပ်စစ်မီးသွယ်ဖို့ လိုအပ်တာအားလုံးကို ကိုယ့်ဖာသာကိုဝယ်ရတာကို အထူးမပြောလိုပေမဲ့..အဲဒီလို မီးသွယ်ခွင့်ပြုချက်ရဖို့ မြို့ နယ်လျှပ်စစ်မှူး..ပြည်နယ်လျှပ်စစ်မှူး
ညွှန်ကြားရေးမှူး စသူတို့ ကိုပေးရတဲ့ကုန်ကျစရိတ်တွေကအရမ်းများနေတာကတော့ မကျေနပ်စရာပါ..(စုစုပေါင်းကုန်ကျစရိတ်ရဲ့ လေးပုံတပုံလောက်ပေးရတယ်လို့ ဆိုပါတယ်..)...ပြီးတော့မီးကော်မတီတွေကလည်း ဘယ်တော့မှစာရင်းရှင်းတမ်းတွေလုပ်တာမရှိပါဘူး...ကျေးရွာနေလူတန်းစားတွေအတွက်ကတော့ ၅ သိန်းဆိုတာ အန်မတန်များတဲ့ပမာဏပါ..ဒီပုံစံနဲ့ ဆိုရင် သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးစီမံချက်တွေအောင်မြင်ဖို့ ခက်ခဲပါလိမ့်မယ်...အမှတ်(၂)ဝန်ကြီးအနေနဲ့ အထက်ပါအဖြစ်အပျက်တွေကိုမသိရသေးဖူးဆိုရင် အသေအချာစုံစမ်းပြီးထိထိရောက်ရောက်ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်..
 
 
+40 #6 ForwardThinker 2012-01-19 13:29
ထိုင်းနိုင်ငံ၏ ပါဝါသုံးစွဲမှု (in kWh) ဂရပ်လေးပါ။ ဒါကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံ၏ တိုးတက်မှု ပုံစံ (Development Pattern) နှင့် ဖွံ့ဖြိုးမှုပမာဏကို လေ့လာလို့ ရပါတယ်။ ယခင်ကတော့ လောင်စာဆိသုံးစွဲမှု အညွှန်းပြကိန်း နှင့် တိုင်းတာပါတယ်။ ရေနံလောင်စာ ဘယ်လောက်သုံးနိုင်လည်းဆိုတာမျိုးပါ။ အမေရိကန်၊ ၁၄၄ဂါလံ၊ ဂျပန် ၁၂၀၊ အနောက် ဥရောပနိုင်ငံများ ၁၃၃ပျမ်းမျှ။ တရုပ် ၈၅၊ ထိုင်း ၆၈ စသည့်ဖြင့်ရှိခဲ့ပီး၊ နောက်ပိုင်းမှာ ပါတ်ဝန်ကျင်ထိမ်းသိမ်းရေး၊ လေထုညစ်ညမ်းမှု စတာတွေ ကျယ်ကျယ်လောင်လောင် အော်လာတော့၊ လျှပ်စစ်နှင့် ပြောင်းတိုင်းတာလာကြတာပါ. ဆိုလိုခြင်းကတော့ တူတူပါဘဲ။ စွမ်းအင် ဘယ်လောက်သုံးနိုင်လည်း ဆိုတာ တိုင်းပြည်ဘယ်လောက် တက်လာလည်းဆိုတာနှင့် အချိုးညီမျှနေလို့ပါ။ မြန်မာမှာက မိမိထွက်တဲ့ စွမ်းအင်ကို သုံးပီး နိုင်ငံတိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုပီး မကြံဘူး၊ တစ်နှပ်စားကြံပီး ရောင်းစားဖို့လာက်ပဲ သိတဲ့အစိုးရ ရှိနေတာတော်တော် ဆိုးပါတယ်။ ရောင်းစားတယ်ဆိုတာ ကိုယ်ဆီမှာ တော်တော်ကို ပိုမှ လုပ်ရတာပါ. လောင်စာဆိုတာ ဖွံ့ဖြိုးမှုအလုပ်အတွက် (တနည်းအားဖြင့် ဖွံ့ဖြိုးပီး နိုင်ငံများ၏) သည်းခြေကြိုက်ပါ. လောင်စာမရှိလျှင် ဖွံ့ဖြိုးမှု ကျဆင်းသွားယုံမျှမက ခေတ်နောက်ပြန်ရောက်သွားမှာပါ။ (ဥပမာ။ ။ ဂျပန်လို အလွန်ဖွံ့ဖြိုးတဲ့ နိုင်ငံမှာ အကြောင်းတစ်ခုခုကြောင့် လျှပ်စစ် မရတော့ဘူးပဲဆိုပါစို့၊ အလျှင်ဆုံး အထပ်အမြင့်က လူတွေ တက်ဆင်းလို့ မရတော့ပါ။ ဒီလူတွေ ချက်ချင်း လမ်းဘေးရောက် သွားတော့မှာပါ။ စက်ရုံတွေ ပိတ်သွားမယ်။ ရထားကားတွေ ပိတ်သွားမယ်။ နောက်ဆုံး အရောင်းအဝယ်တွေတောင် ပိတ်သွားလို့ ငွေရှိလျှင်တောင်မှ ဘာမှ လုပ်မရပဲ ခံစားသွားရမှာပါ)။ ဒီလို သည်းခြေကြိုက်၊ အရေးပါတဲ့ လောင်စာကို ဖင်ခုထိုင်နေပီး ကိုယ်ပြည်သူပြည်သားတွေက ဖယောင်းတိုင်နှင့်စာဖတ်၊ ပညာရှာ၊ အလုပ်ရ၊ ငွေ၁၀၀ ဝင်လျှင်၊ ကိုယ်ဆီက လောင်စာတွေ သုံးပီး ထိုင်းတွေက လျှပ်စစ်မီးနှင့် စာဖတ်၊ ကွန်ပျူတာသုံး၊ ပိုအဆင့်မြင့်တဲ့ပညာရှာ၊ ပိုကောင်းတဲ့ အလုပ်ရ၊ ငွေ ၁၀၀၀၀ ဝင် ဖြစ်သွားပီး ကြာလာလေလေ၊ မြန်မာလူမျိုးတွေ နစ်လာလေလေ ဖြစ်မှာပါ။ ဒါကြောင့် ကိုယ်ဆီမှာ တကယ်မပိုပဲနှင့်ကတော့ လောင်စာဆိုတာ ရောင်းစားကောင်းတဲ့ အရာ မဟုတ်ကြောင်းနှင့်၊ တစ်နိုင်ငံလုံး အမြန်ဆုံး လင်းလင်းခြင်းခြင်းရှိ၊ (မီးမှန်၊ ဘိုလ့်အားမှန်၊ မပျက် မလှုပ်)၊ လူတန်းစိနေနိုင်အောင်လုပ်ပေးကြပါလို့...
 
 
+7 #5 BuBuZilar 2012-01-19 11:36
So, in this plan, where is Tanintharyi Region? Is it under Myanmar? It is their desire to use electricity abt 450 Ks per unit in this region? What a shame? What is the prize for the natural resources of Tanintharyi Region? 450 Ks?
 
 
+53 #4 govindar 2012-01-18 16:23
အဲ့ဒီစာသားဖြတ်.......မီးမရဘူးဆိုတော့.....လျှပ်စစ်စွမ်းအင်ဝန်ကြီးဋ္ဌာနတစ်ခုလုံးကိုစော်ကားနေတာပဲ...........မြန်မာပြည်မှ..လျှပ်စစ်.မဂ္ဂ၀က်တွေပေါလို.နိုင်ငံခြားတောင်....ရောင်းစားနေရပါတယ်ဆိုတာ......ဒါနိုင်ငံတော်သိက္ခာကိုချနေတာပဲ......EMG ခင်ဗျားတို.အရေးယူခံချင်လား.....ဟဲဟဲ
 
 
+24 #3 USaytanar 2012-01-18 11:08
They are not telling the truth for many many times. Therefore, I do not believe it. U Zaw Min say something and U Khin Maung Soe say something but they are still quite different according to their talking(even from the same party of SPDC).

1. The two ministry should be merged.
2. All tendering system must follow "fair bidding".
3. Transparency is essential for all government projects.
4. Fight corruption intensively if you want electricity for all Myanmar. Otherwise, it is useless on their promises. Do you know why ministers are unusually sooooooooo rich? Just investigate seriously why they are so rich.

As far as I know, the ministers are doing "you eat and I eat". As Zaganar said "don't touch the newspaper, you will be electrocuted", there are good electricity news in newspaper.

Do you still believe it?
I have to wait and see.
 
 
+60 #2 zinmar83 2012-01-18 10:25
ဝမ်းသာစရာ အလွန်ကောင်းသော သတင်းပါ...
ကျေးလက်ဒေသမှာ မီးရပြီဆိုတော့ လူနေမှုအဆင့်အတန်း မြင့်လာမယ်..အရင် ထင်းမီးသွေးတွေသုံးရာကနေ လျှပ်စစ်မီးဖိုတွေ သုံးနိုင်လာတဲ့အခါမှာ တောပြုန်းတာတွေကလည်း ကာကွယ်ပြီးသားဖြစ်သွားမယ်.. ရေဒီယို တီဗွီ ကွန်ပျူတာ အစရှိတာတွေကို အလွယ်တကူ သုံးလို့ရသွားတဲ့အခါမှာ ကျေးလက်လူထုရဲ့ အသိပညာတွေ ပိုမိုဖွင့်ဖြိုးလာတော့မှာပေါ့... ၀မ်းသာစရာ သတင်းကောင်းပါ.. အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေ...
 
 
+38 #1 U Mar Ga 2012-01-18 10:16
ဝမ်းသာရတော့မှာပေါ့နော်၊
တောတွေမှာ တစ်ပိုင်တစ်နိုင် ကိုယ့်အားကိုယ်ကိုး မီးစက်ပိုင်ရှင်လေးတွေခမျာ သနားပါတယ်၊ ရွှတ် ရွှတ် .....။
 

ခုံးကျော်တံတားဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် မီတာခ နှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း သတင်းများ ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြထား


Wednesday, 21 December 2011 14:36 Eleven Media Group

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၇) အမှတ်(၄၉) တွင် ဖော်ပြထားမှုကို တွေ့ရစဉ်

ခုံးကျော်တံတားများ ဖြတ်သန်းခကောက်ခံမည်ဆိုသည်မှာ မဟုတ်မှန်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားကြောင်း၊ မီတာခ နှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း လျှပ်စစ်(၂) ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း သတင်းများအား ရန်ကုန်တိုင်းမ် သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်တွင် ခုံးကျော်တံတားကြီးလေးစင်းကို အဆင့်နှစ်ဆင့်ခွဲခြား၍ လေးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းခုံးကျော် တံတားကြီးများတွင် ဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်ဟူ၍ ယခုတစ်ပတ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၇)၊ အမှတ်(၄၉)တွင် ဖော်ပြထားသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အား သုံးစွဲခနှုန်းထားကို နှစ်ဆထိ တိုးမြှင့်ကောက်ခံသွားမည်မဟုတ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်ကြောင်း အဆိုပါ ရန်ကုန်တိုင်းမ်ဂျာနယ် တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် ခုံးကျော်တံတားများထဲမှ ခုံးကျော်တံတားနှစ်ခုအား B.O.T  စနစ်ဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့၌ နေပြည်တော်တွင်ပြုလုပ်ခဲ့သော မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောကြားထားခြင်း ဖြစ်သည်။

''လှည်းတန်းခုံးကျော်အတွက် ကမ္ဘောဇဘဏ်က ငွေချေးယူပြီးလုပ်မယ်။ တာမွေ ငါးလမ်းဆုံအတွက် ကျွန်တော်တို့ စက်မှုဘဏ်က ချေးယူပြီးလုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တွေအတွက်ကတော့ တာဝန်ယူမယ့်ကုမ္ပဏီက အရင်းစိုက်ထုတ်လုပ်မယ်။ BOT စနစ်နဲ့ လုပ်သွားမှာပါ'' ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏  နိုဝင်ဘာလ ၂၈ ရက်နေ့က ပြောကြားချက်ကို Biweekly Eleven Journal တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ထို့ပြင် နိုဝင်ဘာလ ၂၈ ရက် နေ့မီဒီယာတွေ့ဆုံပွဲအပြီး နောက် ထုတ်ဝေခဲ့သော အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ရွှေဂုံတိုင်နှင့် ဘုရင့်နောင်ခုံးကျော်တံတားများကို သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီ များ၏ရင်းနှီးမြှုပ်နှံမှု (Build, Ope-rating, Transfer- BOT) စနစ်ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
b38_09_1
(၁) 7Day News ဂျာနယ်၊ (၂) Popular News ဂျာနယ်နှင့် (၃) မြန်မာတိုင်း(မ်) ဂျာနယ်တို့တွင် ဖော်ပြထားမှုကို တွေ့ရစဉ်
ထို့အပြင် လျှပ်စစ်မီတာခများ အား ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ နှစ်ဆတက်မည်ဟုအမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ဒီဇင်ဘာလ ၁၁ ရက်နေ့၌ နေပြည်တော်ရှိ အမှတ်(၂) လျပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် Weekly Eleven၊ 7Day၊ မြန်မာတိုင်း(မ်)၊ The Voice နှင့် ရန်ကုန်တိုင်းမ် စသည့်ဂျာနယ်များနှင့် တွေ့ဆုံစဉ် ပြောကြားထားခြင်း ဖြစ်သည်။

''ကျွန်တော်တို့အနေနဲ့ တရားဝင်ရရှိတဲ့ သတင်းကိုရေးတာပါ။ လျှပ်စစ်မီတာခ တိုးမယ်ဆိုတာလည်း ဒုဝန်ကြီးကိုယ်တိုင်ပြောတာ ဖြစ်သလို ခုံးကျော်တံတား BOT စနစ် ကျင့်သုံးမယ်ဆိုတာလည်း MIC  ဥက္ကဋ္ဌကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါပဲ။ BOT ဆိုတာ နားလည်တာက ဆောက်ပြီး ငွေပြန်ကောက်တာ။ မလုပ်သင့် မလုပ်ထိုက်တာကိုလည်း စတုတ္ထမဏ္ဍိုင် တစ်ခုဆိုတာနဲ့အညီ ထောက်ပြခဲ့တာပဲဖြစ်တယ်။ ဒါဟာ မဟုတ်မမှန် သတင်း မဟုတ်ပါဘူး။ အခု ရန်ကုန်တိုင်းမ်မှာ  မီတာခနှစ်ဆတိုးမြှင့်မယ်ဆိုတာ မဟုတ်မမှန်ဆိုပြီး ငြင်းထားတယ်လို့ ဆိုထားတယ်။ ပြည်သူအတွက် အ ကျိုးမရှိဘူးဆိုလည်း ပြင်လိုက်ရုံပဲရှိတာပေါ့။ အခု မြန်မာနိုင်ငံစီးပွားရေး အခြေအနေကတော့ အားရစရာ မရှိသေးဘူး။ လာဘ်ပေး၊ လာဘ်ယူက ထူပြောနေတုန်း ရှိသေးတယ်။ လူထုရဲ့စီးပွားရေးအခြေအနေ၊ လူနေမှု အဆင့်အတန်း မြင့်တက်မလာသေးဘူး။ လူတွေ သက်သာချောင်ချိမလာသေးဘူး။ အရင်တုန်းက စီးပွားရေးကို လက်ဝါးကြီးအုပ်ခဲ့တာ လုပ်ငန်းရှင်ကြီး လေး၊ ငါးယောက်။ အခု လေး၊ ငါးယောက်နေရာမှာ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်ကြီးနှစ်ယောက်၊ သုံးယောက် လောက်ကို ဖယ်ထုတ်ပြီး ကျန်တဲ့တိုင်းရင်းသားလုပ်ငန်းရှင် အမည်ခံ ၁၄၊ ၁၅ ယောက်က အခု လက်ဝါးကြီးအုပ်ဖို့ ပြင်ဆင်နေတယ်လို့ လူအများစုမြင်နေကြပြီ။ လုပ်ငန်းတွေအားလုံး သူတို့ချည်းပဲရနေတာ။ တချို့ ရင်းနှီးမြှုပ်နှံဖို့ပေးတဲ့ဟာတွေမှာလည်း မီဒီယာကို တရားဝင် Transparency ရှိရှိ ပေးထားတာမျိုးတွေ မရှိဘူး။ အခု အစိုးရသစ်လက်ထက်မှာ ဘယ်စက်ရုံတွေ၊ ဘယ်မြေကွက်တွေကို ဘယ်လို ရောင်းချငှားရမ်းတယ်၊ ဘယ်နှုန်းနဲ့ဆိုတာ မသိရသလို ကြိုတင်ကြေညာတာမျိုးလည်း မရှိဘူး။  ဘယ်စက်ရုံ ဘယ်သူရသွားတယ်ဆိုတာလည်း နောက်ဆုံးစက်ရုံဖွင့်မှ သိရတာမျိုး ဖြစ်နေတယ်။ အရင်အစိုးရနဲ့ အခုအစိုးရက မတူဘူး။ ဒါကြောင့် ဒီမိုကရေစီ အစိုးရ ပီပီသသ Transparency ရှိတာမျိုး မြင်ချင်ပါတယ်။ လာဘ်ပေး လာဘ်ယူရှိရင် တိုင်ကြားနိုင်သည်ဆိုတာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လက်တွေ့ကျကျ သတင်းထုတ်ပြန်တာမျိုး ဖြစ်စေချင် ပါတယ်။ သတင်းစာရှင်းလင်းပွဲလုပ်မှ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုက စီးပွားရေးအပေါ်မှာ ယုံကြည်မှုမရှိဘူးလို ဖြစ်နေတယ်။ အခုထက်ထိ လူတော်တော်များများဟာ သူတို့ငွေတွေ အားလုံးကို ငွေရလွယ်တဲ့ အိမ်၊ ခြံ၊ မြေ၊ ကားတွေမှာပဲ ရင်းနှီးမြှုပ်နှံတယ်။ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေက အခုထက်ထိ အားနည်းနေတုန်းပါပဲ။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေကလည်း အခုထက်ထိ မ၀င်သေးဘူး။ လာဘ်ပေး၊ လာဘ်ယူနှုန်းထားကို မလျော့ချနိုင် ရင်တော့ ရင်းနှီးမြှုပ်နှံတဲ့သူတွေ တော်တော် အခက်အခဲတွေ့လိမ့်မယ်။ အခုလည်း နိုင်ငံတကာပွဲစားတွေ ပြည်တွင်းက သက်ဆိုင်ရာကိုပိုင်တဲ့ ပွဲစားတွေချည်းပဲ၊ ရင်းနှီးမြှုပ်နှံမှုမှာ ခြေရှုပ်နေတယ်။ ပထမဆုံး ရင်းနှီးမြှုပ်နှံဖို့ လာတဲ့သူတွေနဲ့တင် ကျွန်တော်တို့ နာမည်ပျက်သွားလိမ့်မယ်။ တိုင်း ပြည်ရဲ့ရေရှည်အကျိုးစီးပွားအတွက် စတုတ္ထမဏ္ဍိုင်အနေနဲ့ ကျွန်တော်တို့ ထောက်ပြနေတာကို အလေးအနက်ထား စဉ်းစားစေချင်ပါတယ်။ တိုင်းပြည်ကောင်းဖို့ ကျွန်တော်တို့အားလုံး ၀ိုင်းလုပ်ကြဖို့လိုပါတယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

ခုံးကျော်တံတား BOT စနစ် ကျင့်သုံးမယ်ဆိုတာလည်း MIC  ဥက္ကဋ္ဌ ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါပဲ။ BOT ဆိုတာ နားလည်တာက ဆောက်ပြီး ငွေပြန်ကောက်တာ။ မလုပ်သင့် မလုပ်ထိုက်တာကိုလည်း စတုတ္ထမဏ္ဍိုင်တစ်ခုဆိုတာနဲ့အညီ ထောက်ပြခဲ့တာပဲဖြစ်တယ်။ ဒါဟာ မဟုတ်မမှန် သတင်းမဟုတ်ပါဘူး။
ဒီဇင်ဘာလ ၁၈ ရက် (တနင်္ဂနွေ)နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ခုံးကျော်တံတားဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ မဟုတ်မှန်ဟု ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြထားပြီး အဆိုပါရှင်းလင်းပွဲသို့ တက်ရောက်ရန် Eleven Media Group အား ဖိတ်ကြားခြင်းမပြုခဲ့ပါ။ ထို့အတူ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် မီတာခနှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားသော် လည်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်ဖော်ပြမှုတွင် မီတာခနှစ်ဆ တိုးမြှင့်မည်မှာ မဟုတ်မှန်ဟူသော တိုက်ရိုက်ပြောဆိုသည့်စကား ပါဝင်ခြင်းမရှိသည်ကို တွေ့ရပါသည်။ ယင်းတွေ့ဆုံပွဲကိုလည်း Eleven Media Group အား အကြောင်းကြား ဖိတ်ကြားခဲ့ခြင်းမရှိပါ။
''ဒီလို သတင်းစာရှင်းလင်းပွဲတွေ မဖိတ်တာမျိုးကအစ ကျွန်တော်တို့အပေါ် မမြင်နိုင်တဲ့ ဖိအားတွေပေးတာ မသင့်တော်ဘူးလို့ပဲ ကျွန်တော်တို့ မြင်တယ်။ လူကျွံဘောဖမ်းကစားတာကို မကြိုက်ဘူး''ဟု Eleven Media Group  ၏ CEO ဒေါက်တာ သန်းထွဋ်အောင်ကပြောကြားခဲ့သည်။  ထပ်မံသိရှိရသော သတင်းများအရ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံတို့တွင် တည်ဆောက်မည့် ခုံးကျော်တံတားများကို FMI ကုမ္ပဏီနှင့် လှည်းတန်း လမ်းဆုံ ခုံးကျော်တံတားကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီတို့က တည်ဆောက်ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။
 

Comments 

 
+8 #51 kyawwonna 2011-12-25 17:39
CEO ကြီးရေ့ သိပ်လဲ မပြောနဲ့အုံးနော်..........
တော်ကြာ.....ခြံထဲက အမှိုက်ပုံမှာ ရေသန့်ဗူးရယ်...ဓါတ်ခဲဟောင်းရယ်...မီးခြစ်ဆံယမ်းရယ် တွေ့လို့....လက်လုပ်ဗုံးတွေ့တယ်ဆိုပြီးထောင်ဒဏ် ၂၀ နှစ်လောက် မိသွားအုံးမယ်ဗျ..
ဒီအစိုးရ အမျိုးမျိုးပြောနေတာ......
အစိုးရသက် ၁ နှစ်လောက်နဲ့ ဘယ်ခရီးကို သွားနေတာ
ဆိုတာ စာဖတ်သူတွေ သိကုန်ဘီဗျာ...
 
 
+11 #50 pyomaykhit 2011-12-25 10:00
CEO နှင့်တကွ EMG တွေအားလုံးကိုအရမ်းလေးစားပါတယ် အစိုးရကပြည်သူတွေကိုနားလှည့်ပါးရိုက်နေတဲ့ခေတ်မှာ EMG ကပြည်သူတွေဘက်အပြည့်အ၀နေပေးလို့ပါ အခုဝန်ကြီးတွေကလည်းဘာမှမတတ်ပဲအထက်ကဒီလို
ပြောခိုင်းရင်ဒီလိုပြောလိုက် ဟိုဟာဆိုဟိုဟာပြောလိုက်နဲ့ မကောင်းတဲ့မိန်းမတောင်သူတို့လောက်အပြောင်းအလဲမြန်မှာမဟုတ်ဘူး ကောင်းအောင်ထောက်ပြရင်လည်းလက်မခံတဲ့အပြင်ဖိနှိပ်သေးတယ်တော်တော်တော့ဟုတ်တော့ဟုတ်နေပြီ
 
 
+13 #49 manthar 2011-12-24 13:13
နိုင်ငံတိုးတတ်လာနိုင်ဖို့ဆို တာ ဦးဆောင်သူတွေအားလုံးက စိတ်ထားကောင်းပီး ပညာတတ်သူတွေအများစု ဖြစ်နေသင့်တယ်ထင်ပါတယ်... ရပ်ကွက်တစ်ခုပဲကြည့်လိုက်ပါ ရပ်ကွက်ဥကဌဆိုတာ ဘယ်လိုလူတွေပဲလုပ်ကြသလဲဆိုတာ....ဥကဌကောင်းရင်တောင် ၀န်ထမ်းတွေကဘယ်လိုလူတွေဆိုတာ လူတိုင်းသိပါတယ်...ဧည့်စာရင်းဆိုတာကြီးတိုင်ရင် တွေ့ပါလိမ့်မယ်...ဟိုးအရင်ကနဲ့ဘာမှမပြောင်းသေးဘူး ဆိုတာ.... သီးဆောင်သူတွေဟာ... ဘယ်လိုပညာတတ်တွေများပါလဲ.... ဘယ်လိုနောက်ခံနဲ့လူတွေပါလဲ... မြန်မာပြည်က ကျနော်တို့တွေသင်ခဲ့ရတဲ့ပညာရေးလဲ လူတိုင်းသိပီးသား..... အနည်းငယ်သော ပညာတတ်များ စိတ်ထားလဲကောင်း... အလုပ်လုပ်ပုံများလည်းဖြောင့်မတ်... အမှန်တရားကိုလက်ခံ ချင့်ချိန်... နည်းလမ်းကောင်းများ ၀ိုင်းဝန်းရှာဖွေရင်း ...
 
 
+24 #48 ewin 2011-12-24 06:52
Quoting suansuan:
သြော်...ပြောလိုက်ကြတာ..ရန်ကုန်မြို့ကြီးကို Singapore လိုဖြစ်အောင်လုပ်မယ်ပြောတဲ့သူနဲ့၊ Sky Train တွေလုပ်မဲ့သူနဲ့၊ ခုံးကျော်တံတားတွေ ဆောက်မဲ့သူတွေနဲ့ ...အားပါးပါး .... သိပ်လှတဲရန်ကုန်မြို့ကြီးပါလား။ ပြောလိုက်ရင်တော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ပုရွက်ဆိတ်တောင် အနိုင်နိုင်ဆိုတာမျိုးတော့ မဖြစ်သင့်တော့ပါဘူး။ ခုတမျိုး တော်ကြာတမျိုး အကျင့်တွေလဲဖျောက်ကြပါတော့။ အစိုးရနဲ့ ပြည်သူကြားမှာ ယုံကြည်မှူ့နဲ့တည်ဆောက်နေတာပါ။


ဟို Singapore ကိုအမှီမလိုက်ခင်...မြို့ထဲမှာ ပလက်ဖောင်းတွေနဲ့ မြို့သစ်မှာမြေကြီးလမ်းတွေကို ကွန်ကရစ် အရင်ခင်းပေးပါလား။
 
 
+24 #47 suansuan 2011-12-23 22:27
သြော်...ပြောလိုက်ကြတာ..ရန်ကုန်မြို့ကြီးကို Singapore လိုဖြစ်အောင်လုပ်မယ်ပြောတဲ့သူနဲ့၊ Sky Train တွေလုပ်မဲ့သူနဲ့၊ ခုံးကျော်တံတားတွေ ဆောက်မဲ့သူတွေနဲ့ ...အားပါးပါး .... သိပ်လှတဲရန်ကုန်မြို့ကြီးပါလား။ ပြောလိုက်ရင်တော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ပုရွက်ဆိတ်တောင် အနိုင်နိုင်ဆိုတာမျိုးတော့ မဖြစ်သင့်တော့ပါဘူး။ ခုတမျိုး တော်ကြာတမျိုး အကျင့်တွေလဲဖျောက်ကြပါတော့။ အစိုးရနဲ့ ပြည်သူကြားမှာ ယုံကြည်မှူ့နဲ့တည်ဆောက်နေတာပါ။
 
 
+36 #46 alynn yaung 2011-12-23 19:49
CEO ပြောစကားများကို ကြိုက်ပါသည်။

လာဘ်ယူတာမကင်းသေးဘူးတဲ့..

ကြားဘူးတာလေးပါ...ဘယ်အဆင့်အောက်ဆို လာဘ်ယူတယ်..
ဘယ်အဆင့်အထက်ဆို...(အတွေ့အကြုံရှိသူတိုင်းသကြပါလိမ့်မည်)...ဘာပြုတယ်ဆိုလား?

အခုတလောကြားနေရတယ် ကုမ္ပဏီကိစ္စတွေ...
ပြိုင်စရာမလို...အပိုင်ပါအကို တဲ့...

(အသံတွေ နားဆွင့် လိုက်မိလို့ပေါ့..)


သူတို့ခေတ်နဲ့ သူတို့အရွယ်...ကနေလိုက်ကြတာ..
ခါတော်မီဇာတ်ခင်းနေကြသလိုပဲ...
ကိုယ်အသက်လည်း ကိုယ်ပြန်ကြည့်ဦး...
နောက်ထပ် ၅ နှစ်ထပ်ပေါင်းလိုက်..ဘလောက်ရှိပြီလဲ..
ဘယ်သူစားဖို့လုပ်နေကြတာလဲ...
သေတော့လည်း..
အလွန်ဆုံးရှိမှ...ဂူလေးတစ်လုံး..
မီးသဂြိင်္ုလ်ရင် တာယာ အလုံး ၂၀ (ပိုပေးထားတာပါ)...

ခင်ဗျားတို့ သားသမီးတွေ..မြေးတွေ၊မြစ်တွေ၊အမျိုးအဆွေ နောင်လာနောင်သားတွေ...မျက်နှာပျက်အောင်ခင်ဗျားတို့လုပ်နေကြဦးမှာလား...
ကိုယ်နဲ့တန်ရာသာယူပါ..မေတ္တာဖြင့်ပေးခြင်း..လက်ခံခြင်းဟာအေးမြပါတယ်...

ဘယ်လောက်ကြာရှည်ခံမှာမို့ ဖက်တွယ်နေတာလဲ...
ယုံကြည်မှုကို အလွဲသုံးစားမလုပ်စေချင်ပါ..

သခင်စိတ်ဓါတ်မွေးပါ...
သူများဆီက အဓမ္မယူတဲ့ ...သူပုန်၊သူခိုး
သူများပေးစာကမ်းစာယူတဲ့....ကျွန်၊သူဖုန်းစား စိတ်ဓါတ်တွေစွန့်လွှတ်ကြပါတော့...

နောင်လာနောင်သားတွေ မျက်နှာမပျက်ကြပါရစေနဲ့..

ကြိုက်ပါသည်...
CEO ပြောစကားများကို....
 
 
+43 #45 wuntho 2011-12-23 16:20
ဒီလုပ် ငန်းရှင် တွေကို ကြီးပဲ ချပေးရတဲ့ အကြောင်းရင်း ကတော့ နေပြည်တော် အစိုးရ မှာ နေပြည်တော်ဆောက်လုပ် ရေး က နေ ပေးရမဲ့ အ ကြေွး များစွာ ဒီသူဌေး များမှာတင် ရှိနေပါကြောင်းဗျာ။။။ ဥပမာ၊ ရွှေတောင်၊ Olympic &High Tech concrete company သူဌေး က နေပြည်တော်က MRTV & MWD ကို ဆောက်ပေး လို့ ရန်ကုန်က MRTV ကို ပြန်ကြားရေးဝန်ကြီးက ပေးလိုက် ရပါကြောင်း။။။ နောက်ပိုင်း စောင့်ကြည့်သင့် တဲ့ သူဌေး ထဲ မှာ ရွှေတောင် သူဌေးဟာ ပါဝင်ပါကြောင်း နဲ့ သမတ ရဲ့ နိုင်ငံခြား ခရီးစဉ် တိုင်း မှာ လိုက်ပါ ခွင့်ရ ပြီး လုပ်ပိုင်ခွင့် များရ နေပါကြောင်း နဲ့ မကြာ ခင်က US$ 2million တန် မာစီဒီး ကို free တင်သွင်း ပီး စီးနေပါကြောင်း၊Dr THA ခင်များ။။။
 
 
+14 #44 naing26 2011-12-23 03:09
I would like to urge people to keep an eye on City plan as well.
From what i read, it is more about expanding.
I am not saying expanding is the wrong way, but this approach can be for the benefit of certain person or group rather than for the benefit of public without TRANSPARENCY.
 
 
+37 #43 yannyeinaung 2011-12-22 20:46
တကယ်တော့ကျွန်တော်လဲ ကျွန်တော်တို့အမိမြန်မာနိုင်ငံကြီးကိုတိုးတက်စေချင်ပါတယ်....ဒါပေမယ့်ဒီအတိုင်းဒီလူတွေနဲ့သွားလို့ကတော့နောက်ဘယ်နှစ်နှစ်စောင့်ရအုံးမယ်မသိပါဘူး...အင်းနောက်အနှစ်၆၀ ရ၀ လောက်မှတိုးတက်မယ်ဆိုရင်တော့
........နောင်ဘ၀ မြန်မာပြည်မှာလူပြန်ဖြစ်ရပါလို့ ဘုရားရှေ့မှာနေတိုင်းဆုတောင်းရမလိုဖြစ်နေပြီ
 
 
+25 #42 Sekraung 2011-12-22 20:41
စောက်ပိုတွေ .... တစ်နည်းတနည်းနဲ့ သွယ်ဝိုက်ကောက်တော့မှာ
ရိုးဟိုးဟိုးနေပြီ။
သူတို့နာမည်ခံရမှာကြောက်လို့ သူများပေးလုပ်နေတာများ....
မကောက်ဘူးသေချာရင် သူတို့ဟာသူတို့ ဆောက်ကြမှာပေါ့။
သူတို့ဆောက်ရင် သူတို့ မြတ်နေတာ ဘယ်မှမကြည့်နဲ့။
လမ်းတံတားစီမံကိန်း နားမှာဖွင့်တဲ့ ယာယီဆိုင်တွေဘဲကြည့်။
အဲဒါ သူတို့နဲ့ ပတ်သတ်တဲ့ဟာတွေဘဲ ဖွင့်လို့ရတာ။
ဒါအောက်ခြေ၀န်ထမ်းထောတာဘဲရှိသေးတယ်။
စဉ်းစားကြည့်လို့ရပါတယ်။
ပြောချင်တာ တစ်ခုတော့ ရှိတယ်။
ပြည်သူတွေကို နားလည်ချင်သလိုလို လုပ်ပြီး ပါးရိုက်ဖို့ မကြံစည်ပါနဲ့။
 
 
+31 #41 true_eyes 2011-12-22 19:33
EMG ကိုမေးပါရစေကျွှန်တော်၏ ၂၇ ခုမြောက်ကွန်းမန့်ကိုဘာကြောင့်ဖျက်လိုက်ရပါသနည်း...
ဆိုလိုတာကငါကသာလိုက်ဝေဖန်မယ်ငါ့ကိုမဝေဖန်နဲ့ဆိုတဲ့သဘောလား...ရှင်းလင်းအောင်ပြန်လည်တင်ပြပေးစေလိုပါတယ်...ကျွှန်တော်ရေးလိုက်သောကွန်းမန့်တွင်အပြုသဘောဝေဖန်ခြင်းသက်သက်သာဖြစ်ပါသည်...ကျွှန်တော်၏ကွန်းမန့်တွင်ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားခြင်းမျိုးလုံးဝ(လုံးဝ)မပါဝင်ပါ
 
 
+41 #40 sayarmoe 2011-12-22 18:40
ဥပဒေ ၂ မျိုး ဗိုလ်ချုပ်ဟောင်းများအစိုးရ


ပြောင်း မည်ဟုသာပြောသော်လည်း...အရိုးစွဲဂျီးကပ်နေသော
ေ*ာက်ကျင့်များက ပြင်၍မရပါ။ သို့ကြောင့် အရိုးစွဲ နေသော အရူးကွက်နင်းနည်း ရူးချင်ယောင်ဆောင် နည်း များဖြင့် သာ အသစ်ဖွဲ့စည်း လိုက်သည်ဆိုသော အသစ်ကလေး အစိုးရကိုေ*ာက် ကျင့်ဟောင်းများဖြင့် ဦးဆောင်နေပါသည်။ ကျွန်တော့် အမြင်တော့ ယခု အချိန်အထိ မြန်မာပြည် တွင် ဥပဒေ ၂ မျိုးသာ ရှိပါသေးသည်။ ခုတမျိုး တော်ကြာတမျိုးပါ။ အစိုးရသစ်လေးကို အမွှန်းတင်လိုသူများ လက်မခံ ချင်လည်း မတတ်နိုင်ပါ။ သမ္မတ မှစ၍ ညွှန်ချုပ်အဆုံး ယခုတိုင်အောင် ခု တမျိုး တော်ကြာ တမျိုးပြောသည်ကို တွေနေ့ရ ဆဲပါ။ သူတို့ အချင်းချင်းလည်း မညီပါ။ လွတ်တော် ဥက္ကဌက တမျိုးပြော ၊ သမ္မတ က တမျိုးပြော ၊ တိုင်းဝန်ကြီးချုပ် နှင့် မြို့တော် ၀န် အလုပ်ကို ရင်းနှီး မြှုတ်နှံမှုကော်မရှင် က၀င်လုပ် နှင့် နောင် Asean ဥက္ကဌ ဖြစ်တော့မည့် အစိုးရ တွင် accountability and responsibility လူလွဲ နေရာလွဲ ဖြစ်နေဆဲပါ။
 
 
+30 #39 wuntho 2011-12-22 18:29
ပထမ ဝန်ကြီးတွေ ကပြောတဲ့ အချိန် မှာ ခု မဟုတ်ပါဘူးပြောတဲ့ ဝန်ကြီး ကဘယ်သွား နေလို့လဲ၊ ????????
မာဆက်ရောက် နေမှာပေါ့။။။
(အဲ့ဒီအခန်း ဖြတ် ") ဇာတ်ကားမှ ကူးယူဖော်ပြသည်။။။
 
 
+9 #38 Oevil 2011-12-22 16:50
1) i won;t comment again on this. But I wish u to read in detail,not just simply referring wiki. U can follow the links fr the wiki if u really want to know in deep.

2) Minister r not my buddy.

3) My intention is just to correct the technical misunderstanding or misinterpretation.

4) I really wish Eleven to improve.We need that kind of media.




Quoting koygnmm:
Quoting Oevil:
I think Minister or the Developer understand what is BOT.

BOT is more than Built Operate Transfer. Not that simple. It can be different according to the nature of the project or the way they contract. BOT also does not simply means ဆောက်ပြီး ငွေပြန်ကောက်တာ.

There can be varieties of concession agreements btw state and developer or contractors or any other parties.

[quote name="koygnmm"]BOT စနစ်ဆိုတာ ဘာလဲဆိုတာကော အဲဝန်ကြီးဆိုတဲ့လူတွေက သေချာနားလည်ရဲ့လားမှမသိတာ။


BOT system ဟာ contract ပေါ်မှာ မူတည်တယ်ဆိုပေမယ့် မိတ်ဆွေရဲ့ ၀န်ကြီးတွေပြောခဲ့တဲ့စကားတွေအရကတော့ ရှင်းနေတာပဲ။ ခုတော့ သူတို့ပြောတဲ့ BOT system က အဲလိုမဟုတ်ပါဘူးဆိုပြီးပြောတယ်ဆိုရင်တော့ ကျနော်နဲ့တကွ ပြည်သူတွေစာအဖတ်မှားပြီး နားလည်မူမှားတယ်ထင်ပါတယ်။ BOT system အကြောင်းကို အသေးစိတ်ပိုသိချင်ရင် အောက်ကလင့်ခ် ရှာကြည့်ရင်ရပါတယ်။ http://en.wikipedia.org/wiki/Build-operate-transfer
 
 
+13 #37 koygnmm 2011-12-22 12:33
Quoting Oevil:
I think Minister or the Developer understand what is BOT.

BOT is more than Built Operate Transfer. Not that simple. It can be different according to the nature of the project or the way they contract. BOT also does not simply means ဆောက်ပြီး ငွေပြန်ကောက်တာ.

There can be varieties of concession agreements btw state and developer or contractors or any other parties.

[quote name="koygnmm"]BOT စနစ်ဆိုတာ ဘာလဲဆိုတာကော အဲဝန်ကြီးဆိုတဲ့လူတွေက သေချာနားလည်ရဲ့လားမှမသိတာ။


BOT system ဟာ contract ပေါ်မှာ မူတည်တယ်ဆိုပေမယ့် မိတ်ဆွေရဲ့ ၀န်ကြီးတွေပြောခဲ့တဲ့စကားတွေအရကတော့ ရှင်းနေတာပဲ။ ခုတော့ သူတို့ပြောတဲ့ BOT system က အဲလိုမဟုတ်ပါဘူးဆိုပြီးပြောတယ်ဆိုရင်တော့ ကျနော်နဲ့တကွ ပြည်သူတွေစာအဖတ်မှားပြီး နားလည်မူမှားတယ်ထင်ပါတယ်။ BOT system အကြောင်းကို အသေးစိတ်ပိုသိချင်ရင် အောက်ကလင့်ခ် ရှာကြည့်ရင်ရပါတယ်။ http://en.wikipedia.org/wiki/Build-operate-transfer
 
 
+36 #36 May Than Dar wint 2011-12-22 12:10
လျှပ်စစ် မီတာတိုးမယ်ဆိုပြီး မီဒီယာကိုခေါ်ပြောတာ ဟုတ်ပါတယ်
ရန်ကုန်ဥကဌကလည်း အင်မတန် မိန်းမရှုပ်တယ်လို့ကြားပါတယ် ဖွန်ကြောင်ကြီးပါ
ပဲခူး တိုင်း/ယာ ဘ၀ တုန်းကလည်း မဟုတ်တာလုပ်လို့ ပြုတ်တော့မလို
အခုမှ လူကြီးလူကောင်းဟန်ဆောင်နေတာပါ မူကလည်း အခုတစ်မျိုး တော်ကြာတစ်မျိုးပဲ လျောက်လုပ်နေတာပါ
 
 
+60 #35 SG_Lion 2011-12-22 12:10
လူတစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာတွေတော့ ရှိမှာပါ။ တစ်ချို့ကပြောတယ် လမ်းတွေ၊ တံတားတွေ ပိုကောင်းသွားဖို့၊ မှန်မှန်ကန်ကန် ပြင်ဆင်မှုရှိဖို့အတွက် ပုဂ္ဂလိကကို ပေးလုပ်ခိုင်းပြီး ၀န်ဆောင်ခနဲနဲ ပိုယူတာ ကောင်းတယ်တဲ့။ ၀န်ဆောင်ခ နဲနဲပိုယူပြီး အရင်ထက်စာရင် လမ်းတွေကောင်းပြီး သွားရလာရ ပိုအဆင်ပြေသွားရင်လည်း မကောင်းဘူးလားလို့ ပြောကြပါတယ်။ ကျွန်တော့အမြင်ကတော့ ဒါတွေက လစဉ်ကုန်ကျစားရိတ် ငွေ ၁ သောင်းကနေ ၂ သောင်းပိုပေးလိုက်ရလို့ ဘာမှမဖြစ်တဲ့သူတွေ၊ လစဉ်ကုန်ကျငွေ ၁ သိန်းကနေ ၂ သိန်း ဖြစ်သွားလို့ သိပ်ပြဿနာမရှိသူတွေရဲ့ အပြောလို့ မြင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တစ်ရက်ကို ကုန်ကျငွေ ၅၀ ကနေ ၁၀၀ ဖြစ်သွားမယ်ဆိုရင်တောင် အခက်အခဲရှိပြီး ပြာပြာသလဲဖြစ်သွားရမယ့် လူတန်းစားအများကြီး ရှိတယ်ဆိုတာ သတိရစေချင်ပါတယ်။ အပေါ်မှာကျွန်တော်ပြောသလို လမ်းတွေပိုကောင်းအောင် ပုဂ္ဂလိကကို ၀န်ဆောင်ခယူပြီးလုပ်ခိုင်းမယ်ဆိုရင် သေချာပေါက် လိုင်းကားခတွေတက် သွားနိုင်ပါတယ်။ ဒါဆိုရင် လူများစုဖြစ်တဲ့ အခြေခံလူတန်းစား အတွက်က အများကြီးရိုက်ခတ်သွားနိုင်တာမို့ တာဝန်ရှိသူတွေ အနေနဲ့ သူတို့ဘ၀တွေ အတွက်သေချာစဉ်းစား ပြီးမှလုပ်စေချင်ပါတယ်။
 
 
+47 #34 nntun.than 2011-12-22 11:27
သေသေချာချာဖတ်ကြည့်ကြပါ။ ၂ဆ တိုးမကောက်ဘူးလို့ဘဲ ၀န်ကြီးကရှင်းသွားတာနော်။ တိုးမကောက်ဘူးလို့ပြောသွားတာမဟုတ်ဘူး။ ၂၅ ကျပ်ကနေ ၃၅ ကျပ်၊ ၅၀ ကနေ ၇၀ ကျပ်ကောက်မယ်ဆိုလဲ ပွင့် ပွင့် လင်းလင်းပြောကြပါ။ ငိုရမလိုလို… ပြုံးရမလိုလို…တို့လို့တန်းလန်းကြီးဖြစ်နေပါပြီ။
We, public need transparent and crystal clear information.
 
 
+72 #33 royalhero 2011-12-22 11:02
Media တွေကို ခုတုန်းလုပ်နေတဲ့ အစိုးရ၀န်ကြီးတွေဆိုတာ ဒီအဖြစ်က ပေါ်လွင်စေပါတယ်။

မီတာခ နှစ်ဆတက်မယ်ဆိုတာကို ၀န်ကြီးကိုယ်တိုင်ပြောခဲ့သလို အဲ့ဒိနေ့က MRTV 4 မှာလည်း တောက်လျှောက်စာတန်းထိုးခဲ့တာပါ။ ဒါတောင် မီတာတစ်ယူနစ်ရဲ့ အရင်းက 65 ကျပ်လောက်တောင် ကုန်ကျတယ်ဆိုပြီး (၀န်ကြီးက သူ့ပုထွေးတွေကို အလားကားမီတာပေးသုံးထားတာတွေကိုပါ ပြည်သူလူထုဆီကနေ ထည့်ကောက်နေလို့ တစ်ယူနစ်အတွက် အရင်းက ဒီလောက်ကျတာဖြစ်မယ်) MRTV 4 မှာ စာတန်းထိုးခဲ့တာပါ။

မှန်ပါတယ် ။ ။ ဒါပေမယ့် MRTV သတင်းမှာတော့ တရားဝင်မပါပါဘူး . . .

ဒါက ၀န်ကြီးတွေက ထုံးစံအတိုင်း ပြည်သူတွေကိုမတရားလုပ်ချင်တာကို Media ကနေ ပြည်သူလူထုကို သွေးတိုးစမ်းကြည့်တာ။

အဲ့ဒိမှာ Eleven အပါအ၀င် တချို့မီဒီယာတွေက ပြည်သူတွေရဲ့အသံကို ဖော်ပြလိုက်တော့ 35 ကျပ်ဖြစ်သွားတာဖြစ်မှာပါ။

ဒါပေမယ့် ၀န်ကြီးတစ်ယောက်အနေနဲ့ ကိုယ့်ပါးစပ်က ပြောခဲတဲ့စကားကို မဟုတ်မမှန်သတင်းပါလို့ ပြန်ပြောတာကတော့ . . . . . စဉ်းစားသာကြည့်လိုက်ပါတော့ စာဖတ်သူတို့ ကျွန်တော်ပြော့တဲ့ လျှပ်စစ်ဝန်ကြီးပါစပ်က ..ဆိုတာကိုလေ . . . .
(အမှန်အတိုင်းပြောရလို့ ရိုင်းတာရှိလျှင် စာဖတ်သူတို့ ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။)
 
 
+31 #32 aungkyawmyint 2011-12-22 10:37
ရန်ကုန်မြို့၏ စွန့်ပစ် အမှိုက် များကလည်း နေ့စဉ်၊ နှစ်စဉ် တန်ချိန် ပေါင်းများစွာ ရှိသည်။ ထိုအမှိုက်များမှ စွမ်းအင် ရရန် လုပ် ဖို့လို၏။ နယ်သာလန်နိုင်ငံမှ အဖွဲ့ တစ်ဖွဲ့ လာကာ အမှိုက်မှ စွမ်း အင်ထုတ်ရေး စီမံချက်ကို သုတေ သန လုပ်နေသည်။ ဤကိစ္စ အဆင် ပြေသွားလျှင် ရန်ကုန် အမှိုက်ပုံကိစ္စ ပြေလည်သွားနိုင်မည်။
မရှေးမနှောင်း ကာလတွင် ရန်ကုန် မြို့ကြီးသည် လူဦးရေ ၁ဝ သန်း အထိ ရှိလာနိုင်မည် ဖြစ်ရာ ထိုလူဦး ရေ၏ ကားများ၊ အမှိုက်များ၊ ရေနှင့် မိလ္လာ ကိစ္စများကို ယခုက တည်းက ကြိုတင် စဉ်းစားထားရမည် ဖြစ်သည်။ ထို့ကြောင့် ”ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေး စီမံကိန်း” (့Yangon City Development Plan) ကို စနစ်တကျ ရေးဆွဲကာ ထိုစီမံကိန်း ထဲတွင် ကျန်း မာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးများ ကိုလည်း အတိအကျ အဓိက ဆောင်ရွက်ရမည် ဖြစ်သည်။
ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ လည်း ဆောင်ရွက်ရန် စင်ကာပူမှ အဖွဲ့က တာဝန်ယူ လုပ်ဆောင်သွား မည်။ ထိုအဖွဲ့က မကြာမီ မြန်မာ ပြည်ရောက်လာကာ အမြန်ဆုံး အကောင်အထည် ဖော်မည်။ မြေအောက် ရထားလုပ်ရန် လောလောဆယ် မလွယ်ကူ သေးသော်လည်း ရန်ကုန်မြို့တွင် မိုးပျံရထား ( Sky Train ) အစီအစဉ် လုပ်နိုင် စရာ ရှိ ကြောင်းလည်း ပြောကြားသွားသည်။
သီလဝါ အထူး စီးပွားရေးဇုန် မကြာမီ အကောင်အထည် ပေါ် လာမည် ဖြစ်ပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ရရှိလာတော့မည် ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လင်း လာပြီး လူသန်းနှင့် ချီ၍ အလုပ်များ ရလာမည် ဖြစ်ကြောင်း၊ သီလဝါ အထူး စီးပွားရေး ဇုန်တွင် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံ စသည် တို့ကလည်း ရင်းနှီးမြှုပ်နှံ မှုများ သဘောတူ စာချုပ် ရေးထိုး ရန် စီစဉ်ထားပြီး ဖြစ်၍ မကြာမီ အကောင်အထည် ပေါ်လာတော့ မည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိမ်း က ရှင်းလင်းပြောကြားခဲ့သည်။
 
 
+21 #31 aungkyawmyint 2011-12-22 10:37
ရန်ကုန်မြို့သည် လက်ရှိ အခြေ အနေတွင်ပင် လူဦးရေက ထူထပ် များပြားနေသကဲ့သို့ လမ်းများကလည်း မကောင်း။ ဤအတိုင်း ရေရှည်ပစ် ထားလျှင် ကြာရှည်၌ အခက်အခဲများ တွေ့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့တော်ဝန်များ နှင့် တိုင်ပင် ညှိနှိုင်းကာ လမ်းများ ကောင်းစေ ရန် ပြုပြင်ခြင်း၊ ယာဉ်ကြောကျပ်ညပ် မှုများကို ဖြေရှင်းခြင်း၊ ရေနှင့် မိလ္လာစနစ် ညံ့ဖျင်းချက်များကို ပြင်ဆင်ခြင်းများ ပြုလုပ်တော့မည် ဖြစ်သည်။ အထူးသဖြင့် လှည်း တန်း မီးပွိုင့်၊ တာမွေ မီးပွိုင့် စသည်တို့၌ ရုံးတက်ရုံးဆင်း ချိန်များတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ကာ ခရီးသွား ပြည်သူများ အတွက် မလိုအပ်ဘဲ အချိန်ကြန့်ကြာ မှုများ ဖြစ်စေသည် ကို ဖြေရှင်းသည့် အနေဖြင့် ထိုနေရာများတွင် ခုံးကျော်တံတားများ Flyover များကို ဆောက်လုပ်ရန် အရေးတကြီး စီစဉ်နေပြီဟု ဆို၏။ တစ်နေ့ လုပ်မှ တစ်နေ့ စားကြရသော ဆင်ခြေဖုံးနေ လုပ်သားပြည်သူ အများစု အနေဖြင့် ဘတ်စ်ကား စီးရတာကြာ၊ မီးပွိုင့်စောင့်ရတာ ကြာသဖြင့် စိတ်ပင်ပန်း၊ လူပင် ပန်း ဖြစ်ကြရသည်။ ကိုယ်ပိုင်ကား စီးနိုင် သူတို့ အနေဖြင့် ဒီလမ်းပိတ်လျှင် ဟိုလမ်းက လှည့်ပတ်သွားလို့ ရသော်လည်း ဘတ်စ်ကားစီးသူ ပြည်သူ တို့အနေဖြင့် မူ ရွေးချယ်စရာ လမ်းမရှိသဖြင့် အခက်အခဲများ၊ စိတ်အနှောင့် အယှက်များ ဖြစ်ကြရကြောင်း၊ အချို့ မိသားစုများ ဆိုလျှင် အလုပ်ခွင်မှ ဖခင်၊ မိခင်ပြန်လာမှ ဆန်ဝယ်ပြီး မိသားစု စားသောက်ရသည့် အခြေအနေ များရှိကြောင်း၊ ထိုသို့သော လူတန်းစား အတွက် ခရီး သွားလာရ အနှောင့်အယှက်၊ အတားအဆီး မဖြစ်စေရေး အထိ ပင် နိုင်ငံတော် သမ္မတကြီးက စဉ်းစားပေးထားပါ ကြောင်းမြန်မာ့စက်မှုဝန်ကြီး ပြောကြားသည်။
လှည်းတန်း၊ တာမွေ၊ ရွှေဂုံ တိုင်၊ ဘုရင့်နောင် စသည့် လမ်းဆုံ များတွင် ခုံးကျော် တံတားများကို လေးလ အတွင်း အပြီးတည်ဆောက် ပေးမည် ဖြစ်သည်။ ပါရမီ ခုံးကျော် တံတားပြီးလျှင် ရထားစောင့်၍ ကားအသွားအလာ နှောင့်နှေးခြင်းမှ ကင်းမည်။ ထို့အပြင် အရေးတကြီး လူနာများ ဆေးရုံအမီ ရောက်ရေး မှအစ မီးဘေးကိစ္စ များတွင် အပြေးအလွှား ဝင်ထွက် သွားလာရေးတို့တွင် ယာဉ်ကြော ပိတ်ဆို့မှုမှ ကင်းဝေးမည့် အကျိုးများကို ခံစားကြရမည်။ ရန်ကုန်မြို့တွင် ခုံးကျော်တံတား များ ဆောက်လုပ်ခြင်း သည် နိုင်ငံတော် သမ္မတကြီး၏ ပြင်းပြသော စေတနာကို အကောင် အထည်ဖော်ခြင်း ပင် ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး အဖွဲ့ အနေဖြင့် ရန်ကုန်မြို့ရှိ လမ်းများကို ယခု ပြင်ဆင်နေသည်။ ယခင် ကကဲ့သို့ နေ့အခါ ယာဉ်သွား ယာဉ်လာများ ချိန်မပြင်ဘဲ ယခု ယာဉ်ကြော ရှင်းလင်းချိန် ညပိုင်းတွင်သာ ပြင်ဆင်နေ သည်ဟုလည်း သိရ၏။
ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ ဖြစ်အောင် လုပ်မည်ဟူသည်မှာ အိပ်မက် တစ်ခုဖြစ်သည်ဟု ပြောလျှင် ရကောင်းရမည် ဖြစ်သည်။ သို့သော် ထိုအိပ်မက်ကို ကြိုးစား ပြီး ဖြစ်အောင် လုပ်ဖို့ သန္နိဋ္ဌာန်ချထား ကြောင်းလည်း ပြောကြား၏။ ရန်ကုန်မြို့တွင် ရေနှင့် မိလ္လာ စနစ်၊ သောက်ရေ သုံးရေ ဖြန့်ဖြူးရေး စနစ်များလည်း အားနည်းနေရာ UNDP ကဲ့သို့သော ကုလ သမဂ္ဂ အဖွဲ့အစည်း များကလည်း ထို စနစ် များကို ပြုပြင်ရာတွင် အကူအညီ ပေးမည်ဟု ဆိုသည်။ နိုင်ငံတကာမှ အကူအညီများ မရမီ စပ်ကြားတွင် နိုင်ငံတော် အနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်း ဆောင်ရွက် မည်။ မီးလောင်နေတာကို ထိုင် မကြည့်နိုင်ဘူး၊ တတ်နိုင် သမျှတော့ ဝိုင်းငြှိမ်းရမည့် ပုံစံမျိုး ဖြစ်မည်ဆို၏။
 
 
+77 #30 Rain 2011-12-22 10:09
ဒီလို သတင်းစာရှင်းလင်းပွဲတွေ မဖိတ်တာမျိုးကအစ ကျွန်တော်တို့အပေါ် မမြင်နိုင်တဲ့ ဖိအားတွေပေးတာ မသင့်တော်ဘူးလို့ပဲ ကျွန်တော်တို့ မြင်တယ်

Eleven ရေ မှန်တာတွေပြောလို့  ရွာအပြင်ထုတ်ခံထိတယ်လို့ 
သဘောထားလိုက်ပါ...
ကျွန်တော်တို့ တွေ ရွာအပြင်ကနေ (အမှန်တွေကို)အော်နိုင်သလောက် ဆက်အော်ကြတာပေါ့...
 
 
+7 #29 Oevil 2011-12-22 09:30
I think Minister or the Developer understand what is BOT.

BOT is more than Built Operate Transfer. Not that simple. It can be different according to the nature of the project or the way they contract. BOT also does not simply means ဆောက်ပြီး ငွေပြန်ကောက်တာ.

There can be varieties of concession agreements btw state and developer or contractors or any other parties.

[quote name="koygnmm"]BOT စနစ်ဆိုတာ ဘာလဲဆိုတာကော အဲဝန်ကြီးဆိုတဲ့လူတွေက သေချာနားလည်ရဲ့လားမှမသိတာ။
 
 
+55 #28 koygnmm 2011-12-22 09:07
BOT စနစ်ဆိုတာ ဘာလဲဆိုတာကော အဲဝန်ကြီးဆိုတဲ့လူတွေက သေချာနားလည်ရဲ့လားမှမသိတာ။ ကျနော်တို့နိုင်ငံမှာ အကြီးအကဲဆိုသူတွေတော်တော်များများက ဦးနှောက်မရှိပဲ မိုးကျရွှေကိုယ်တွေလို ဘောင်းဘီချွှတ်ပြီးရောက်လာတဲ့လူတွေကများတော့ သိပ်ပြီးဗဟုသုတနဲ့ နားလည်တတ်ကျွှမ်းမူမရှိဘူးဆိုတာ ကလေးကိုမေးတောင်သိနေတဲ့ခေတ်ကိုနားလည်ပေးလိုက်ပါ။ နောက်ပြီးကျနော်တို့ အစိုးရအသစ်ကြီးကလဲ အများပြောသလိုအမျိုးမျိုးမပြောတတ်ပါဘူး ခုတမျိုး တော်ကြာတမျိုး ၂မျိုးလေးပဲပြောတတ်တာ။ အလဲဗင်းကို မဖိတ်တာကလဲ တော်ကြာ အလဲဗင်းက သတင်းစာရှင်းလင်းပွဲမှာ အတိအကျတွေပြောပြီးမေးရင် မဖြေတတ်ရင် အရှက်ကွဲမယ်လေ။ အစိုးရအသစ်ကို ကျနော်တို့လဲ စောင့်ကြည့်နေတာ ဘာများထူးခြားလာမလဲလို့ ခုထိတော့ သတင်းတွေဖတ်လိုက်ရင် အားဆေးသောက်လိုက်ရသလို ခုပဲ ပြည်သူတွေက လွတ်လပ်ပြီး တန်းတူအခွင့်အရေးရမလို တကယ်တမ်းကျတော့ ထူးမခြားနားဇာတ်ထုတ်တွေချည့်ပဲ။ ငွေကြေးကိစ္စဆိုလဲ ခုထိဘာလုပ်ပြနိုင်လဲ တိုင်းပြည်စီးပွားရေးတိုးတတ်ဖို့အတွက် လမ်းဖွင့်တယ်သာပြောတယ် အရင်လိုအခွင့်ထူးခံလူတန်းစားနဲ့ ကပ်ဖားရပ်ဖား သမားတွေပဲလုပ်ပိုင်ခွင့်ရတုန်း။ လျှပ်စစ်မီးတောင်မှန်အောင်ပေးနိုင်ဖို့ ဘာမှမလုပ်ပေးနိုင်သေးဘူး မီတာခတတ်ဖို့ပြောနေတယ်။ ပန်းထိမ် တောင်မတတ်သေးဘူး ရွှေခိုးဖို့အတွက် အိတ်ပြင်သလိုဖြစ်မနေဘူးလား ဂွတ်ဂါးဗားမန့်ကြီးရေ။ အိမ်တအိမ်မှာ ခေါင်မိုးမကလဲမလုံ အောက်ခြေဖောင်ဒေးရှင်း ကလဲ မကောင်းပဲ အိမ်ကိုအပြင်ပန်း အမြင်ကောင်းအောင်လောက် ဆေးသုတ်နေလဲ အလကားပဲ။ ပြင်စရာရှိရင်ပြင်ပြီး ရှင်းစရာရှိရင်ရှင်းထုတ်ပြစ်ပါ။ လူကြီးဖြစ်ရင် စားဖို့ဝါးဖို့ပြင်မယ့်အစား တိုင်းပြည်ကောင်းစားအောင်တိုးတတ်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားကြပါဦး။
 
 
+57 #27 Khaing Thu Swe 2011-12-22 08:29
Quote:
ခေါင်းတွဲကသာ ဆွဲနေတာ နောက်ကတွဲဆိုင်းတွေ ဘရိတ်ငြိနေတာကိုပြင်ရင်ပြင် မပြင်ရင် ရောက်တဲ့ဘူတာမှာဖြုတ်ခဲ့မှ ဒီရထားလဲ အရှိန်မှန်မှန်နဲ့ လိုရာပန်းတိုင်ကို ဆက်သွားနိုင်မှာပါ။


သိပ်ကိုမှန်ပါတယ်.. အကယ်၍များ ဖြုတ်ချသင့်တာတွေ ရှိနေရင်တော့ ဘယ်သူ့နဲ့ဆက်နွယ်နေလို့ဆိုတာတွေ ထည့်မစဉ်းစားသင့်ပါဘူး။

အရှုံးပေါ်နေသည့်လျှပ်စစ်ကဏ္ဍကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသွားရန် အစီအစဉ်ရှိ

 


နှစ်စဉ်အရှုံးပေါ်နေသော နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ လောင်စာဆီဖြန့်ဖြူးမှုများကို ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ခြင်းဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို အရှိန်အဟုန်မြှင့်နေ သော မြန်မာနိုင်ငံတွင် ရေရှည်၌ ကျပ်ငွေဘီလျံပေါင်း များစွာ ရှုံးနေသည့်လျှပ်စစ်ကဏ္ဍကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းသွားမည်ဟု အမှတ်(၂)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးအောင်သန်းဦးက ယခုလ ၁၀ ရက် နေ့က နေပြည်တော်တွင် ပြောကြားသည်။ "တခြား နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်လွှဲ သလို ရေရှည်မှာ လျှပ်စစ်ကဏ္ဍကိုလည်း ပုဂ္ဂလိကလွှဲဖို့ ရှိပါတယ်"ဟု ၎င်းက ပြောသည်။
သို့သော် ပုဂ္ဂလိကသို့လွှဲပြောင်းရာတွင် မည်သည့် ကဏ္ဍကို ဦးစွာလွှဲပြောင်းမည်နှင့် မည်သည့်အချိန်တွင် စတင်လွှဲပြောင်းမည် စသည့် အသေးစိတ်အချက် အလက်များကိုမူ ၎င်းက ပြောကြားခြင်းမရှိပေ။
နိုင်ငံတွင်းအသုံးပြုနေသော လျှပ်စစ်ဓာတ်အား အနက် ရေအားလျှပ်စစ်မှ ၇၂ ရာခိုင်နှုန်း၊ သဘာဝဓာတ် ငွေ့သုံးစက်ရုံများမှ ၂၀ ရာခိုင်နှုန်း၊ ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ရှစ်ရာခိုင်နှုန်းခန့်နှင့် အခြား နည်းလမ်းများမှ သုည ဒသမ ၃ ရာခိုင်နှုန်း ထုတ်လုပ်ပေး လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်နှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံပိုင်း လိုအပ်နေသေးသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သို့ လွှဲပြောင်းပေးပါက ရင်းနှီးမြှုပ်နှံမှုငွေကြေး များပြားမည်ဖြစ်ကြောင်းနှင့် ယင်းအတွက် ရေတိုအတွင်း စရိတ်ကျေစေရန် မီတာခများ တိုးမြှင့်ကောက်ခံပါက ပြည်သူများ ၀န်ထုပ်ဝန်ပိုးဖြစ်မည်ကိုလည်း စိုးရိမ်ကြောင်း ဦးအောင်သန်းဦးက ပြောသည်။
အရှုံးပေါ်နေသည့် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိက သို့ လွှဲပြောင်းပေးခြင်းဖြင့် စွမ်းဆောင်ရည်၊ စီမံခန့်ခွဲမှုများ တိုးတက်လာနိုင် ကြောင်းလည်း ရန်ကုန်မြို့အခြေ စိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
နိုင်ငံတစ်ဝန်းတွင် မြို့ပေါင်း ၃၉၆ ရွာအနက် မြို့ ၂၂၀၊ ကျေးရွာပေါင်း ၆၄,၀၀၀ ကျော်အနက် ၁၀ ရာခိုင်နှုန်း ကျော်ဖြစ်သော ကျေးရွာ ၇,၀၀၀ ခန့်သာ မီးပေးနိုင်ပြီး အိမ်ထောင်စုအနေဖြင့် တွက်ပါက ၂၆ ရာခိုင်နှုန်း၊ လူဦး ရေ စုစုပေါင်း ၂၃ သန်းကျော်သာ မီးရရှိသည့် အနေအထားဖြစ်ကြောင်း သိရသည်။
ပျမ်းမျှ လျှပ်စစ်တစ်ယူနစ် ကုန်ကျစရိတ် ၇၂ ကျပ်ရှိပြီး နှစ်စဉ် ငွေကျပ် ၂၆၁ ဒသမ ၃၂၄ ဘီလျံခန့် အရှုံးခံ ရောင်းနေသဖြင့် လျှပ်စစ် ကဏ္ဍဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မဆောင်ရွက်နိုင်ဖြစ်နေကြောင်း အောက်တိုဘာလ ၄ ရက်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် ပုံမှန် အစည်းအဝေး၌ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြန်လည် ဖြေကြားခဲ့ ကြောင်း မြန်မာ့တိုင်းမ် မှာဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏ ဓါတ်အားစနစ် အတွင်းရှိ ဓါတ်အားပေး စက်ရုံများ

စဉ်စက်ရုံအမည်မဂ္ဂါဝပ်
ဘီလူးချောင်း(၁) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၂၈
ဘီလူးချောင်း(၂) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၁၆၈
ကင်းတား ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၅၆
ဆည်တော်ကြီး ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၂၅
ဇော်ဂျီ(၁) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၁၈
ဇော်ဂျီ (၂) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၁၂
ဇောင်းတူ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၂၀
သဖန်းဆိပ် ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၃၀
မုန်းချောင်း ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၇၅
၁၀ပေါင်းလောင်း ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၂၈၀
၁၁ရဲနွယ် ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၂၅
၁၂ခပေါင်း ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၃၀
၁၃ရွှေလီ (၁) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၃၀၀
၁၄ကျိုင်းတောင်း ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၅၄
၁၅ရဲရွာ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၁၉၇.၅
၁၆တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံ၁၂၀

စုစုပေါင်း၁၄၃၈.၅

Hydropower Stations under MOEP(1)

NoStation Name
Mega Watt
1Beluchaung -1 Hydro Power Station28
2Beluchaung -2 Hydro Power Station168
3Kingtar Hydro Power Stationုံ56
4Sedawgyi Hydro Power Station25
5Zawgyi -1 Hydro Power Station18
6Zawgyi -2 Hydro Power Station12
7Zhoungtu Hydro Power Station20
8Thaphenseik Hydro Power Station30
9Mone Hydro Power Station75
10Pounglong Hydro Power Station280
11Yenwe Hydro Power Station25
12Khaboung Hydro Power Station30
13Shweli -1 Hydro Power Station300
14Kengtawng Hydro Power Station54
15Yeywa Hydro Power Station197.5
16Tegyit Coal Power Station120

Total1438.5

လျှပ်စစ်စွမ်းအားကဏ္ဍ (၂၀၁၀ ခုနှစ် ဇူလိုင်လအထိ)

July 20, 2010
စဉ်
စက်ရုံများ
အရေ
အတွက်
စက်တပ်ဆင်အား
(မဂ္ဂါဝပ်)
တစ်နှစ်ထုတ်လုပ်နိုင်မည့်
ကီလိုဝပနာရီသန်းပေါင်း
လက်ရှိဓာတ်အားပေးစက်ရုံများ
၃၁
၂၄၅၃.၎
၁၅၀၃၇.၅
တည်ဆောက်ဆဲ စီမံကိန်းများမှ
ဖြစ်ပေါ်လာမည့်ဓာတ်အားပေး
စက်ရုံများ
၆၁
၄၁၁၁၃.၅
၂၀၈၇၅၃.၃၃
ဆက်လက်တည်ဆောက်မည့်စီမံကိန်း
များမှ ဖြစ်ပေါ်လာမည့် ဓာတ်အားပေး
စက်ရုံများ
၃၀၅.၀၀
၁၅၉၉

စုစုပေါင်း
၉၄
၄၃၈၇၁.၉၀
၂၂၅၃၈၉.၈၃
*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှ ဖြစ်ပါသည်။

စီမံကိန်းကာလအလိုက် တိုးတက်ရရှိလာမည့် စက်တပ်ဆင်အား

July 20, 2010
စဉ်
စီမံကိန်းကာလ/နှစ်
စီမံကိန်းကာလတွင်ရရှိလာမည့်
လျှပ်စစ်စက်တပ်ဆင်အားမဂါဝပ်
ပထမ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၀၅-၂၀၀၆)ခုနှစ်
၃၁၈၆
ဒုတိယ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၁၀-၂၀၁၁)ခုနှစ်
၈၆၂၀
တတိယ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၁၅-၂၀၁၆)ခုနှစ်
၁၁၁၅၄
စတုတ္ထ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၂၀-၂၀၂၁)ခုနှစ်
၁၂၀၇၆
ပဉ္စမ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၂၅-၂၀၂၆)ခုနှစ်
၁၇၂၀၂
ဆဌမ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၃၀-၂၀၃၁)ခုနှစ်
၂၃၃၂၄
*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှ ဖြစ်ပါသည်။

အနီးစပ်ဆုံးနှင့် အမြန်ဆုံးပြီးစီးသွားနိုင်မည့် စီမံကိန်းများ

July 20, 2010
စဉ်
စီမံကိန်းအမည်
စက်တပ်ဆင်အား
(မဂ္ဂါဝပ်)
ပြီးစီးမည့်ခုနှစ်
ရဲရွာစီမံကိန်း
၇၉၀
၂၀၁၀
ရွှေကျင်စီမံကိန်း
၇၅
၂၀၁၀
ချီဖွေငယ်စီမံကိန်း
၉၉
၂၀၁၁
ကွန်းချောင်းစီမံကိန်း
၆၀
၂၀၁၁
ဖြူးချောင်းစီမံကိန်း
၄၀
၂၀၁၁
နန်ချိုစီမံကိန်း
၄၀
၂၀၁၁
တာပိန်(၁)စီမံကိန်း
၂၄၀
၂၀၁၁
အထက်ပေါင်းလောင်းစီမံကိန်း
၁၄၀
၂၀၁၂
သောက်ရေခပ်(၂)စီမံကိန်း
၁၂၀
၂၀၁၂
၁၀
ဘီလူးချောင်း(၃)စီမံကိန်း
၅၂
၂၀၁၂

စုစုပေါင်း
၁၆၅၆

*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှ ဖြစ်ပါသည်။

ဆက်လက်တည်ဆောက်လျက်ရှိသည့် စီမံကိန်းများ

July 20, 2010
စဉ်
စီမံကိန်းအမည်
တည်နေရာ
ပြည်နယ်/တိုင်း
တပ်ဆင်စက်အင်အား
(မဂ္ဂါဝပ်)
မြစ်ဆုံ
ကချင်
၆၀၀၀
ယီနန်
ကချင်
၁၂၀၀
ခေါင်လံဖူး
ကချင်
၂၇၀၀
ဖီဇော
ကချင်
၂၀၀၀
ဝူဆောက်
ကချင်
၁၈၀၀
ချီဖွေ
ကချင်
၂၈၀၀
ချီဖွေငယ်
ကချင်
၉၉
လိုက်ဇာ
ကချင်
၁၉၀၀
တာပိန်(၁)
ကချင်
၂၄၀
၁၀
တာပိန်(၂)
ကချင်
၁၆၈
၁၁
တာခ
ကချင်
၁၂
နော်ချမ်းခ(စီမံကိန်း-၅ခု)
ကချင်
၁၀၅၅
၁၃
ဘီလူးချောင်း(၃)
ကယား
၅၂
၁၄
ရွာသစ်
ကယား
၆၀၀
၁၅
နမ့်ပွန်(စီမံကိန်း-၅ခု)
ကယား
၁၃၀
၁၆
နမ့်တဘတ်
ကယား
၁၁၀
၁၇
ဟတ်ကြီး
ကရင်
၁၃၆၀
၁၈
စိုင်းဒင်
ရခိုင်
၇၆.၅
၁၉
လေးမြို့
ရခိုင်
၅၀၀
၂၀
အမ်းချောင်း
ရခိုင်
၁၀
၂၁
သူဌေး
ရခိုင်
၁၁၁
၂၂
တာဆန်း
ရှမ်း
၇၁၁၀
၂၃
ရွှေလီ(၂)
ရှမ်း
၅၂၀
၂၄
ရွှေလီ(၃)
ရှမ်း
၁၀၅၀
၂၅
အထက်သံလွင်
ရှမ်း
၁၄၀၀
၂၆
အထက်ရဲရွာ
ရှမ်း
၂၈၀
၂၇
အထက်ဘီလူးချောင်း
ရှမ်း
၂၉
၂၈
အထက်ကျိုင်းတောင်း
ရှမ်း
၅၁
၂၉
နောင်ဖ/မန်တောင်း(စီမံကိန်း-၂ခု)
ရှမ်း
၁၂၀၀
၃၀
နမ့်လွေ(စီမံကိန်း-၅ခု)
ရှမ်း
၄၅၂
၃၁
နမ့်ခ
ရှမ်း
၂၀၀
၃၂
ရွှေစာရေး
စစ်ကိုင်း
၆၆၀
၃၃
မော်လိုက်
စစ်ကိုင်း
၅၂၀
၃၄
ထမံသီ
စစ်ကိုင်း
၁၂၀၀
၃၅
မဏိပူ
စစ်ကိုင်း
၃၈၀
၃၆
တနသာၤရီ
တနသာၤရီ
၆၀၀
၃၇
သကျက်
တနသာၤရီ
၂၀
၃၈
အညာဖ်ား
တနသာၤရီ
၃၉
ဘောဂတ
ပဲခူး
၁၆၈
၄၀
ကွန်းချောင်း
ပဲခူး
၆၀
၄၁
ဖြူးချောင်း
ပဲခူး
၄၀
၄၂
သောက်ရေခပ်(၂)
ပဲခူး
၁၂၀
၄၃
ရွှေကျင်
ပဲခူး
၇၅
၄၄
အထက်ပေါင်းလောင်း
မန္တလေး
၁၄၀
၄၅
နန်ချို
မန္တလေး
၄၀
၄၆
ရဲရွာ
မန္တလေး
၇၉၀
၄၇
အထက်ဆည်တော်ကြီး
မန္တလေး
၆၄
၄၈
အထက်ဗူး
မကွေး
၁၅၀
*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှဖြစ်ပါသည်။

By: သစ်ထူးလွင်