မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် လျှပ်စစ်စစ်ဆေးမှု များပိုမိုပီပြင်ထိရောက်မှုရှိစေရန် မူလ လျှပ်စစ် စစ်ဆေးရေးအဖွဲ့အား ပြန်လည် အားဖြည့်ကာ လျှပ်စစ် စစ်ဆေးရေးအဖွဲ့ ကြီးကို ဖွဲ့စည်းသွားရန် နိုင်ငံတော်အကြီးအကဲက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဇန်န၀ါရီလ ၉ ရက် နေ့တွင်ပြောသည်။
လက်ရှိ ရှိနေသည့် လျှပ်စစ်စစ်ဆေးရေးအဖွဲ့မှာ လွန်ခဲ့သည့် နှစ် ၂၀ ခန့် ကတည်းက ဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်ပြီး ဖွဲ့စည်းပုံသေး ငယ်ခြင်း၊ ပြည်နယ်နှင့် တိုင်းတစ်ခုစီတွင်ပင် သီးသန့်ဌာနတစ်ခု အနေဖြင့်မထားနိုင်ခြင်း၊ အဖွဲ့မှာ အားနည်းနေခြင်း၊ ဖွဲ့စည်းပုံတွင် လူနည်းခြင်း တို့ကြောင့် လျှပ်စစ်စစ်ဆေးရေး အဖွဲ့ ကြီးကြီးမားမားတစ်ခုအား ပြန်လည် ဖွဲ့စည်းခြင်းဟု ၎င်းကပြောသည်။
အဆိုပါအဖွဲ့ကြီးသည် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှစတင်ကာ ပြည်သူများအား ကူညီရန်အတွက် ပေါ်ပေါက်လာလိမ့်မည်ဟု ဆိုသည်။
“ပေါ်လာမယ်ဆိုတာက တစ်ကယ့်ကို စစ်မယ်၊ ဆေးမယ်၊ သုံးသပ်ပေးမယ်၊ ပြောပေးမယ်။ ဖမ်းဖို့ဆီးဖို့မဟုတ်ဘူး။ အိမ်ကိုဝင်ပြီး ဒါတော့လုပ်ပါ။ ဒါတော့ လုပ်ပါ၊ ဒါတော့အန္တရာယ်ရှိတယ် စသည်ဖြင့် ဒါမျိုးတွေပေါ်လာမှာပါ” ဟု ၎င်းက ပြောသည်။
ယင်းလျှပ်စစ် စစ်ဆေးရေးအဖွဲ့အား စက်မှုဝန်ကြီးဌာနမှ ဖွဲ့စည်းခြင်းဖြစ်ပြီး လျှပ်စစ် စစ်ဆေးခအတွက် နိုင်ငံတော်မှ အခကြေးငွေ ယူမည်မဟုတ်ကြောင်း ဦးခင်မောင်စိုးက ပြောသည်။
ယခင်လျှပ်စစ် စစ်ဆေးရေးအဖွဲ့ကို လူ ၁၀၀ ခန့်ဖြင့်သာဖွဲ့စည်းထားခြင်းဖြစ်သော်လည်း အသစ်ပြန်လည် ဖွဲ့စည်း မည့်အဖွဲ့ကိုမူ လူထောင်ချီဖြင့် ဖွဲ့စည်းကာ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရုံးများဖွင့်လှစ်သွားမည်ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်လိုပါက
ပုံရိပ်(burmesehearts.com)
No comments:
Post a Comment