Sunday, January 29, 2012

ထားဝယ် ရေနက် စီမံကိန်းတွင်ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

Monday, 09 January 2012 10:27
AddThis Social Bookmark Button
ထားဝယ်ရေနက် စီမံကိန်းတွင် ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 'အမှန်အတိုင်းပြောရရင် ကျွန်တော်တို့လည်း မီဒီယာတွေရဲ့ စကားကို နားထောင်တယ်။ လေ့လာတယ်။ သတင်းဂျာနယ်အားလုံးက ကျောက်မီးသွေးလုပ်ရင် ဘာဖြစ်မယ်ဆိုတာ ဖော်ပြကြတယ်။ ဒါတွေအကုန်လုံးဖတ်ပြီးတော့ ဒီလိုဆိုလို့ရှိရင် ကျောက်မီးသွေး မလုပ်သင့်ဘူး။ ၄၀၀ မဂ္ဂါဝပ်ထွက်မယ့် စက်ရုံကိုတော့ ပြန်ဆွေးနွေး၊ ၄၀၀၀ မဂ္ဂါဝပ်ကိုတော့ မလုပ်တော့ဘူးလို့ အားလုံးဝိုင်းပြီး ဆုံးဖြတ်လိုက်တာပါ' ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့ အစည်းအဝေး ခန်းမတွင် ဇန်န၀ါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထားဝယ်ခရိုင်အတွင်း ပြုလုပ်မည့် ထားဝယ်ရေနက်စီမံကိန်းနှင့် အထူးစက်မှုဇုန် အကောင်အထည်ဖော်ရာတွင် ကျောက်မီးသွေးသုံး လျပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ တည်ဆောက်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ရပ်ဆိုင်းခြင်းနှင့် မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် စက်ရုံစီမံကိန်းအား ပြန်လည် ဆွေးနွေးမည်ဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ခြင်းဖြစ် ပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအချို့ကို တည်ဆောက်ရန် စီစဉ်မှုများ ရှိခဲ့သော်လည်း ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်သဖြင့်  အဆိုပါစီမံကိန်းများကိုလည်း ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
Eleven Media Group

Comments 

 
+2 #27 PSKyaw 2012-01-11 11:12
ဖြစ်သင့်တာက ဘယ်လိုဝန်ကြီးဌာနမျိုးပဲဖြစ်ပါစေ (ဥပမာ ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအား စသဖြင့်ပေါ့) ကိုယ်တာဝန်ယူလုပ်ဆောင်ရမယ့် လုပ်ငန်းပိုင်းကို အခုထက်ပိုပြီး ကျွမ်းကျင်ဖို့၊ စိတ်ဝင်စားဖို့ လိုပါတယ်။ ပြီးတော့ ပြည်သူလူထုအပေါ် စေတနာထားတတ်ဖို့လည်းလိုတယ်။
အဲဒီလို စိတ်ဓာတ်ကလေးနဲ့သာ ကြိုးစားကြည့်ပါ။
မြန်မာနိုင်ငံရဲ့အစိုးရဟာ မြန်မာလူထုရဲ့အားကိုးရာဖြစ်မှာပါ။
 
 
+6 #26 အောင်ဘု 2012-01-11 06:55
အဖွဲ့တစ်ခုမှာ ထိပ်ဆုံးကလူ သောက်တလွဲ ဆိုမှတော့ ဒီလိုတွေ ဆက်ဖြစ်နေအုံးမပေါ့ဗျာ လျှပ်စစ်(၁)ဝန်ကြီးအရည်အချင်း အောင်ဘုတို့ တရွာလုံးက သိထားသဗျာ ရှက်သင့်တာကို ရှက်ရကောင်းမှန်းမသိ ခက်သကွာ
 
 
+25 #25 Shwebothu 2012-01-10 21:19
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အစိုးရဟာ စကားဗလောင်းဗလဲ သိပ်ပြောပါတယ်။ စီမံကိန်းတခု စလုပ်တော့မယ်ဆိုကတည်းက ဘယ်ဟာကဖြင့် ကောင်းကျိုးပိုများနိုင်တယ် ဘယ်လိုလုပ်လိုက်ရင်ဖြင့်ဆိုးကျိုး ပိုးများနိုင်တယ်ဆိုတာ ပညာရှင်တွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်။ ခုတော့ အဲလိုမဟုတ်ပါဘဲ သတင်းစာ ဂျာနယ်တွေက ထောက်ပြပါမှ မလုပ်တော့ပါဘူး ဘာညာဆိုတာ တော်တော်လေး စိတ်ပျက်ဖို့ကောင်းပါတယ်။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမဲ့သူတွေကလည်း သေချာမှသာ လုပ်ချင်ကြတာပါ။ ခု ဆီထမင်း ခုစာလေးကြော် လုပ်နေရင်ဖြင့် မြန်မာနိုင်ငံတိုးတက်ဖို့အရေး စဉ်းစားပီးရင်လေးမိပါတယ်။ ပြည်သူ့ဆန္ဒကို အလေးထားတယ်ဆိုတာ လက်ခံပေးလို့ရပေမဲ့ ဒီပုံစံအတိုင်းကြီး သတင်းထွက်လာလိုက် ဟိုစီမံကိန်းမကောင်းဘူး ပြောရင် ရပ်လိုက် ဒီစံမံကိန်းမကောင်းဘူးပြောရင် ရပ်လိုက်လုပ်နေရင် ကြာတော့ အစိုးရ ကို အရိုအသေတန်လာမှာသေချာပါတယ်။ ဘာစီမံကိန်းပဲလုပ်လုပ် လုပ်တော့မယ်ဆိုကတည်းက ကောင်းကျိုးဆိုးကျိုး ချိန်ဆစေချင်ပါတယ်။ ပညာတတ်တွေကိုနေရာပေးစေချင်ပါတယ်။ အစတုန်းကတော့လူမပြောင်းပေမဲ့ မူပြောင်းလာလို့ ကျေနပ်ဝမ်းသာရပါတယ်။ခုတော့ လူမပြောင်းချင်ရင်နေပါ လူထပ်တိုးဖို့တော့ တိုက်တွန်းလိုပါတယ်။ စည်းကမ်းကျနသော ပြည်သူ့အသံနားထောင်သော ဒီမိုကရေစီအစိုးရ အပြင် ပညာတတ်ပီး နောင်အရှည်အရေးကိုတွေးဆဆင်ခြင်နိုင်တဲ့ ဒီမိုကရေစီ အစိုးရကို မြန်မာနိုင်ငံက ဒီအချိန်မှာ အရေးတကြီးလိုအပ်နေပါတယ်။
 
 
+7 #24 zhalpt 2012-01-10 14:59
ကျောက်မီးသွေးနဲ့ မဆောက်ပဲ နူကလီးယားနဲ့ ဓာတ်အားပေးစက်ရုံဆောက်တာပိုကောင်းမယ်ထင်တယ်.. ထပေါက်တော့လဲပေါက်ပေါ့... နူကလီးယားစက်ရုံဆောက်လိုက်ရင် ရေကာတာလည်း ဆောက်စရာမလိုတော့ဘူး ဧရာဝတီလည်း ပျောက်မှာ ကြောက်စရာမလိုတော့ဘူး..ပတ်ဝန်းကျင်ညစ်ညမ်းမှာလည်း ပူစရာမလိုတော့ဘူး.ဘယ်လောက်ကောင်းလဲ...
 
 
+41 #23 nyikap 2012-01-10 11:58
စွမ်းအင်ဝန်ကြီးလုပ်နေပြီးတော့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဆောက်မယ်ဆိုရင် ဘယ်လိုဆိုးကျိုးတွေရှိနိုင်တယ်ဆိုတာကို မီဒီယာတွေ ပြည်သူတွေက ထောက်ပြမှ သိတာလား ဒါဆိုခုချက်ချင်း ရာထူးက နှုတ်ထွက်သင့်တယ်
အမှန်ဆို တဖက်နိုင်ငံနဲ့ သဘောတူညီချက်မယူခင်ကတည်းက ဘယ်လို ကောင်းကျိုး ဆိုးကျိုးရှိနိုင်တယ်ဆိုတာ တွက်ချက်သင့်တယ် ခင်ဗျားမတွက်တတ်ဘူးဆိုလည်း အဲဒီအချိန်ကတည်းက ပြည်သူတွေကို အသိပေးပြီး အကြံညဏ်တောင်းခံသင့်တယ်
ခင်ဗျားအခုလိုလုပ်တော့ လာရောက်ရင်းနှီးမြုပ်နှံမယ့် နိုင်ငံခြားလုပ်ငန်းရှင်တွေလည်း မြန်မာတွေဟာ ခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်တတ်တယ်ဆိုပြီး ထင်သွားရင် ကိုယ့်နိုင်ငံပဲ နစ်နာတယ်
ပြီးတော့ ခင်ဗျားတို့စိတ်ကြိုက်ဆုံးဖြတ်ထားတာကို ပြည်သူတွေကန့်ကွက်လို့ ဖျက်ရပါတယ်ဆိုပြီး ပြည်သူတွေကိုလည်း အပြစ်လွဲချတယ် ခင်ဗျား တော်တော်လူပါးဝတဲ့လူ

နောက်တစ်ခုဖြစ်နိုင်ခြေက လက်ရှိအစိုးရဟာ ပြည့်သူ့အသံနားထောင်တဲ့အစိုးရ ဒီမိုကရေစီအစိုးရလို့ ပြည်သူတွေထင်လာအောင် လုပ်တဲ့လှည့်ကွက် တခုလို့ပဲမြင်တယ်

အကောင်းမြင်ရန်လည်းမလို အဆိုးမြင်ရန်လည်းမလို အရှိကိုအရှိတိုင်း အမှန်ကိုအမှန်တိုင်းမြင်နိုင်ရန်သာလိုသည်
 
 
+2 #22 Oevil 2012-01-10 11:46
If there is no alternative source for the power, that decision is ridiculous and just a popular decision by Minister.

Should not be like this. They should plan properly for the independent and reliable power source.

There are many stations of that kind in the whole worlds with minimum effect to the environment.
 
 
+38 #21 MagicGuy 2012-01-10 10:53
ဒီသတင်းကို ကြိုဆိုပါတယ်။
မကောင်းတာ လုပ်မဲ့ အစား၊ ဘာမှ မလုပ်တာ ပိုကောင်းပါတယ်။
စီမံကိန်း (Project)တစ်ခု လုပ်တော့မည်ဆိုလျှင်၊ ပါတ်ဝန်းကျင်ကို၊ ဒေသခံလူထုကို၊ မည်မျှထိခိုက်မည်ဆိုတာ တွေသိဖို့ စစ်တမ်း အမျိုးမျိုး {Environmental Impact Assessment (EIA), Social Impact Assessment (SIA), Health Impact Assessment (HIA)} လုပ်ရပါတယ်။ ရလာတဲ့ စစ်တမ်းတွေကို ကြည့်ပီးမှ လုပ်မယ်၊ မလုပ်မယ် ဆုံးဖြတ်ရတာပါ။ မြန်မာမှာက ခုလို စံနစ်တကျ စစ်တမ်းများ မလုပ်ခဲ့ပါ။ သို့သော် ယခုလို မီဒီယာများနှင့် ပြည်သူများ၏ တုံပြန်မှုတွေကို လေ့လာပီး သင့်တော်သလို ဆုံးဖြတ်တာ မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ မြန်မာမှာ စစ်တမ်းကောက်၊ သုံးသတ်မှုတွေ လုပ်တတ်တဲ့ ပညာရှင်တွေ ရှိပါတယ်။ မြန်မာနိုင်ငံတော် ကိုလည်း ချစ်ပါတယ်၊ ဒါပေမဲ့ အာဏာရှင်တွေက သူတို့ ကိုနေရာ မပေးခဲ့၊ ပေးရကောင်းမှန်းမသိခဲ့၊ သိသော်လည်း တမင် (ကိုယ်ကျိုးစီးပွားကြောင့်) မသုံးခဲ့တာ ဖြစ်ပါတယ်။
ခုလို ဆုံဖြတ်ရဲတာ၊ ယခု အတိုင်းအတာထိ ပြည်သူ့ဖက်၊ နိုင်ငံတော်အတွက် ရေရှည် အကျိုးကို ကြည့်လာတာ တော်တော် ကောင်းလာတာလို့ ပြောလို့ ရပါတယ်။ ယခင်အစိုးရလုပ်ခဲ့သလို နိုင်ငံနှင့် လူမျိုးအတွက် အမှန်တကယ် ကောင်းမကောင်း မသိ၊ လုပ်ခြင်တာ လျှောက်လုပ်ခဲ့တာနှင့် ယှဉ်လိုက်လျှင် တော်တော် တိုးတက်လာပီလို့ ပြောလို့ရပါတယ်။ နဝတ ခေတ်ကဆိုလျှင် ဒီလို လုပ်ငန်းမျိုးကို သာမန် ပြည်သူမပြောနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေတောင် လူစိတက်စိ မသိလိုက်ရပဲ လုပ်ချလိုက်ပီးမှ ဘွားကနဲ ပေါ်လာမှ သိရတာမျိုး ဖြစ်နေမှာပါ။
 
 
+5 #20 mingalar 2012-01-10 07:30
If you are doing like this, foreign investors will not trust to Myanmar anymore. Every time easy to say YES and after contract NO. Before decide to do something, have to investigate the benefits, every project have good and bad effects always come together. If you guys are thinking about only bad situation, will never developed, still keep the poor country even in south east asia. Should think about developing little big, now our country is behind the world, should more think about developing. If not, no matter what government or policy change, will stay in the third world countries.
 
 
+23 #19 naing26 2012-01-09 23:18
I am happy that they stop the project but i am not happy to read this news.
I don't understand why he said he listen to media, read all the news and decide to stop after seeing all those news. I wonder how he got that position.


If we are going towards prosperous democracy way, we need the right people in the right position.
- to get the right people in the right position, we need to let the law rule all people not anyone.
- to get the right people, we need better education.

There are loads of agenda for our government, but in my opinion the issue of political prisoner may be short-term goal for the country and above 3 will be long-term goal. In both case, the shorter time it takes the better.

To U Khin Maung Soe, you may be saying what you said honestly or you're ordered to say so. Either way you will not win our heart by this kind of presentation.
 
 
+58 #18 ရန်ကုန်အောင် 2012-01-09 22:13
Quoting thuya taymi:
ကန့်လန့်တော့ပြောခွင့်ပေးပါ။

.....................
အခုတော့ ခွင့်ပြုခဲ့ပြီးမှ မီဒီယာတွေထောက်ပြလို့၊ လူထုအသံနားထောင်လို့ပါဆိုပြီး အရူးကွက်နင်းပြီး ချောလဲ
ရောထိုင်လုပ်တော့ ကတိဖောက်ဖျက်တတ်တဲ့ အစိုးရလို့ဘဲ အပြောခံရတယ်။ ဂုဏ်သိက္ခာမဲ့ရာကြတယ်။

တစ်ဖက်မှာက .......................... ဒီဝန်ကြီးလည်း ပြည်သူအသံနာခံလေသယောင်
................................နောင်မှာလည်း တစ်ခြားသော ဌာနဆိုင်ရာ ဝန်ကြီးများ မိမိတို့ရဲ့ ဆုံးဖြတ်ချက်မှားသွားလေတိုင်း မြန်မာလူထုနဲ့လှည့်တိုက်၊ မီဒီယာနဲ့လှည့်တိုက်တဲ့ အလေ့အကျင့်ရသွားတာပေါ့။...........


ကဲ ပြောစရာတွေ ဖြစ်ကုန်ပါပြီ။
အကြောင်းအရင်း အစစ်အမှန်ကတော့ အာဏာပိုင်များရဲ့  ရှေးဟောင်းနည်း၊ လုပ်ထုံးတွေကြောင့်ပါပဲ။ (လက်နက်ကိုင် အဖွဲ့ အစည်းတွေရဲ့  လမ်းစဉ်ပေါ့ဗျာ)
အကြီးအကဲဆိုသူရဲ့  ဆန္ဒကို အလွန်အမင်း အရိုအကျိုးပြု၊ လိုက်နာလေ့ရှိတာရယ်၊ မိမိရာထူး အတွက် ငဲ့ကွက်ပြီး အဆိုးအကောင်းဝေဖန်ခွင့်/ ထောက်ပြခွင့်တွေကို မျိုသိပ်ထားလိုက်ရတာတွေကြောင့်............ အောင်မြင်မှုရှိလာရင်တောင် အကြီးအကဲရဲ့  နာမည်ပဲ ထင်ပေါ်လာပြီး၊ ရှုံးနိမ့်လာရင်တော့ အစားထိုးနာမည်ပျက်ခံရတာတွေ အများကြီးဖြစ်လာရတော့တာပါပဲ။
ဒီလို လုပ်ထုံး လုပ်နည်းတွေကို ဆက်လက်ကျင့်သုံးနေရင်ဖြင့် " မြန်မာတွေရဲ့  သိက္ခာ" ဘယ်လို ဆယ်ဆယ် မရနိုင်ပါဘူးဗျာ။
 
 
-44 #17 yannyeinaung 2012-01-09 21:44
ကန့်ကွက်တာလဲကန့်ကွက်ပေါ့ ဒါပေမယ့် မြစ်ဆုံ တုန်းကလဲဝိုင်းပြီး ကန့်ကွက်လိုက်တော့ မကြာပါဘူး မီတာတိုးကောက်တဲ့ ကိစ္စ ကပေါ်လာတယ် အခုလဲ ဘယ်တော့မီတာထပ်တိုးကောက် မလဲမသိဘူး.......
 
 
+73 #16ံHikari 2012-01-09 21:29
တလက်စ တည်း နဲနဲဖြည့်ပြောခွင့်ပြုပါ။ အခုလို တိုင်းပြည်အတွက် အကျိုးနည်းပြီး ဆိုးကျိုးများစေမယ့် ပရောဂျက်တွေကို ရဲရဲဝံ့ဝံ့ ရပ်စဲနိုင်သလို၊ နိုင်ငံတကာရော ပြည်တွင်းကပါ မျှော်လင့်နေတဲ့နိုင်ငံရေးအကျဉ်းသားများ ကိစ္စလဲ အမြန်ဆုံး ရဲရဲဝံ့ဝံ့ အကောင်ထည်ဖေါ်လွှတ်ပေးသင့်ပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို တိုင်းပြည်ကိုအရမ်းချစ် စွန့်လွှတ် အနစ်နာခံရဲသူတွေကို လွှတ်လို့ တိုင်းပြည် အန္တရယ်ကျစရာ၊ လုံခြုံရေးထိခိုက်စရာ အကြောင်းလုံးဝမရှိတဲ့အပြင်၊ သူတို့ကိုလွှတ်လိုက်ရင် တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာက ပိုမိုယုံကြည်မှုတွေရှိလာပြီး တိုးတက်မှုတွေ အရမ်းကို မြန်ဆန်ချောမွေ့သွားပါလိမ့်မယ်။ ကာလုံ အနေနဲ့လဲ စိတ်ကူးနဲ့ မှန်းပြီး လုံခြုံရေးအတွက် ပူနေမယ့်အစား၊ အဲဒီ ပြည်ချစ်သား နိုင်ငံရေးသမားများရဲ့ သမိုင်းနဲ့ သူတို့လုပ်ဆောင်ချက်တွေကို သေချာ သဘောပေါက်အောင် သုံးသပ်ပြီး လွှတ်ပေးဖို့ ဆုံးဖြတ်ပေးသင့်ကြောင်း တင်ပြချင်ပါတယ်။
 
 
+67 #15ံHikari 2012-01-09 21:21
ပြည်သူ့အသံ ကို မီဒီယာတွေကတဆင့် နားထောင်နေတယ်ဆိုတဲ့အတွက် ၀န်ကြီးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးလဲ အစိုးရ တဖွဲ့လုံး ပြည်သူ့အသံကို နားထောင်ခါ ပြည်သူ့အလိုကျ ဆုံးဖြတ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ကျောက်မီးသွေး စက်ရုံတွေရဲ့ ဆိုးကျိုးနဲ့ ကောင်းကျိုး ဘယ်လောက်ရှိတယ်ဆိုတာ နားမလည်ပေမယ့် ထိုင်းနိုင်ငံသားတွေ သူတို့ နိုင်ငံ Nakhon Si Thammarat ပြည်နယ်မှာ ဆောက်မယ့် ကျောက်မီးသွေးသုံး စက်ရုံကို အသေအလဲ ဆန္ဒပြ ကန့်ကွက်နေချိန် ကိုယ့်နိုင်ငံအတွင်းမှာ (ကန်တော့ပါရဲ့) အမှိုက်လာပုံ မစင်လာစွန့်သလို လာပြီးအမြတ်ထုတ်မှာတော့ မလိုလားတာ အမှန်ပဲ။ နောင်ကိုလဲ မီဒီယာတွေနဲ့ ပညာရှင်အဖွဲ့တွေက လိုအပ်သလို ဆာဗေးတွေလုပ်ပြီး အချက်လက်တွေနဲ့ ပြည့်ပြည့်စုံစုံ ကောင်းကျိုးဆိုးကျိုးတွေကို တင်ပြပေးနိုင်ဖို့ ကြိုးစားသင့်တယ်။
 
 
+80 #14 thuya taymi 2012-01-09 20:46
ကန့်လန့်တော့ပြောခွင့်ပေးပါ။

လျှပ်စစ်စွမ်းအားဝန်ကြီးလုပ်နေပြီး ဒီလိုမျိုး စက်ရုံကနေ လျှပ်စစ်ထုတ်မယ်ဆိုရင် ဆိုးကျိုးကောင်းကျိုးဘယ်လိုဖြစ်မယ်ဆိုတာ
ပြောပြသုံးသပ်ပေးမယ် ပညာရှင်တွေ မရှိလို့လား။ ဒီအဆိုပြုချက်တင်လာကတည်းက တစ်ခါတည်းအဖြေပေးရမယ့်ဟာမျိုးလို့
ထင်ပါတယ်။ အခုတော့ ခွင့်ပြုခဲ့ပြီးမှ မီဒီယာတွေထောက်ပြလို့၊ လူထုအသံနားထောင်လို့ပါဆိုပြီး အရူးကွက်နင်းပြီး ချောလဲ
ရောထိုင်လုပ်တော့ ကတိဖောက်ဖျက်တတ်တဲ့ အစိုးရလို့ဘဲ အပြောခံရတယ်။ ဂုဏ်သိက္ခာမဲ့ရာကြတယ်။

တစ်ဖက်မှာက ပိုပြီးကြီကျယ်တဲ့ရင်းနှီးမြုတ်နှံမှုလုပ်မှာဆိုတော့ ဒီဝန်ကြီးလည်း ပြည်သူအသံနာခံလေသယောင်
ထိုင်းဖက်ကို အပိုင်ကိုင်ပြီး လျှပ်စစ်ထုတ်ဖို့ တစ်ခြား အစီအစဉ်လုပ်ခိုင်းနိုင်တာပေါ့။

နောင်မှာလည်း တစ်ခြားသော ဌာနဆိုင်ရာ ဝန်ကြီးများ မိမိတို့ရဲ့ ဆုံးဖြတ်ချက်မှားသွားလေတိုင်း မြန်မာလူထုနဲ့လှည့်တိုက်၊ မီဒီယာနဲ့လှည့်တိုက်တဲ့ အလေ့အကျင့်ရသွားတာပေါ့။

မှတ်ချက်။ ။ ကျွန်တော်သည် ဒီပရောဂျက်တွေနဲ့ ပတ်သတ်မှုမရှိပါ။ ရပ်လိုက်တာကိုလည်း သဘောကျပေမယ့်
ဒီသတင်းဖတ်ပြီး ခံစားမိတာကို ရေးလိုက်တာပါ။
 
 
+22 #13 sis min aung 2012-01-09 20:26
အမှန်ခြစ်ပေးလိုက်ပြီး ဒီအကွက်မှာ (ဆက်မဆောက်တော့ဘူးဆိုတဲ့)
 
 
+99 #12 sawphoony 2012-01-09 19:11
ကျွန်တော်က လျှပ်စစ်စွမ်းအားဝန်ကြီးကို လျှပ်စစ်နဲ့ပါတ်သက်ရင် အကုန်သိတယ်ထင်နေတာ...
 
 
+30 #11 Rectifier 2012-01-09 19:06
ပြည်သူ့ဆန္ဒအလေးထားတဲ့ဝန်ကြီး ကျန်းမာပါစေ။
 
 
+151 #10 phoehtet 2012-01-09 18:48
လျှပ်စစ်ဓာတ်အားကို ပါတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ထုတ်နိုင်လို့ကတော့ အကောင်းဆုံးပေါ့..ဒါပေမယ့် တစ်ခါတစ်ရံ တစ်ခုလိုချင် တစ်ခုပေးရဆိုသလိုမျိုး အနည်းအပါးတော့ ပါတ်ဝန်းကျင်ကို ထိရ၊ ခိုက်ရတာ ရှိမှာပါဘဲ။ အခု ကိစ္စမှာလဲ အစောကြီး ပရောဂျက်မစခင်ကတည်းက ပညာရှင်တွေနဲ့ သေသေချာချာ တွက်ချက်ပြီး မြန်မာနိုင်ငံကို ပိုင်တဲ့ မြန်မာနိုင်ငံသား အကုန်လုံးကို ချပြ။ အဆိုး၊ အကောင်း ဘာတွေ ရှိတယ်ဆိုတာ အသိပေး။ ပြည့်သူ့အသံ feedback ပြန်နားထောင်။ တိုးတက်ပြီးသား နိုင်ငံကြီးတွေက အထိခိုက် နည်းအောင် ဘာတွေ ထပ်ဖြည့်ထားတယ်ဆိုတာ သိအောင် ပညာရှင်တွေ လေ့လာခိုင်း။ ပြီးမှ လုပ်မလား၊ မလုပ်ဘူးလား ပွင့်ပွင့်လင်းလင်း transparency ရှိရှိနဲ့ မဲခွဲဆုံးဖြတ် လုပ်သင့်တယ် ထင်တာဘဲ။ အခုတော့ ကန့်ကွက်တဲ့ သူတွေလဲ အစိုးရလုပ်သမျှ သောက်ပြစ်မြင်တယ်ပြောခံရ။ အစိုးရကလဲ လူမသိ၊ သူမသိ လုပ်ခဲ့။ ဘယ်ပညာရှင်မှ (အားကိုးယုံကြည်လောက်စရာ)မတိုင်ပင်ဘဲ လုပ်ခဲ့ပြီး ၀ိုင်းပြောကြမှ ရပ်လိုက်ပါပြီဆိုပြီး ထ ထလုပ်နေလို့ကတော့ ဘယ်နိုင်ငံက ကျနော်တို့ နိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ ယုံတော့မလဲ။ အစိုးရမျက်နှာပျက်တာလဲ ကျနော်တို့ မြန်မာလူမျိုးတွေ မျက်နှာပျက်တာပါဘဲ။ မြန်မာလူမျိုးနဲ့များ စီးပွားရေး တွဲမလုပ်နဲ့။ အချိန်မရွေး ရပ်ချင် ရပ်ပြစ်ကြတာလို့ ထင်သွား ကြရင် သွားရောပေါ့။ နောက် နောင် ဒီလိုတွေ မဖြစ်အောင် ဘာတွေ လုပ်သင့်တယ်ဆိုတာ ကျနော်လို ဘာမဟုတ်တဲ့ အကောင်တောင် သိသလိုလိုရှိရင် နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရမင်းများက ပိုသိသင့်တာပေါ့။ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်စီမံခန့်ခွဲရေးကဘဲ ယုံကြည်မှုကို တည်ဆောက်လို့ရမှာပါ။ ကွယ် ..တို့အစိုးရ ဆရာလုပ်ရတာ လွယ်နေသလားလို့..ကျနော့် အတွေးပါ..
 
 
+53 #9 May Than Dar wint 2012-01-09 18:07
ထောက်ခံတယ်... အခုလို ပြုပြင်ပြောင်းလဲရဲတဲ့ ၀န်ကြီးမျိုး ရှိတာ သဘောကျပါတယ် ကိုအောင်ကျော်မြင့် ပြောသလို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးကလည်း အခုကိစ္စကို ဘယ်လိုသဘောထားမှတ်ချက်မှ မပေးဘူးလား သိချင်ပါတယ်.. ပြည်သူတွေရဲ့ အသံကို နားထောင်ပေးတာ ကျေးဇူးတင်ပါတယ် .. အခုလိုဝန်ကြီးမျိုး များများရှိမှ တိုင်းပြည် ကောင်းစားမှာပါ၊ pa yit ပြောသလိုမျိုး လျှပ်စစ် (၁)၀န်ကြီးတို့ ၀န်ကြီး ဦးကျော်ဆန်းတို့က အတုယူသင့် ပါတယ်.. ဒါကြောင့် ပြန်ကြားရေး/ယဉ်ကျေးမှုတို့- လျှပ်စစ်(၁)တို့ ကိုတောင် ပူးတွဲ ကိုင်စေချင်တဲ့ ဆန္ဒဖြစ်မိပါတယ်... နောင်ကိုလည်း ပြည်သူ့ အကျိုးအများကြီး ထမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြု ပါတယ်..
 
 
+82 #8 radar 2012-01-09 18:06
ဝမ်းသာစရာသတင်းကောင်းပါ ပြည်သူ့အကျိုးပြု စာနယ်ဇင်းတွေက တင်ပြပေးတဲ့ ပြည်သူတွေရဲ့အသံကို နားထောင်ပေးတဲ့အတွက် သက်ဆိုင်ရာလူကြီးမင်းများကို ကျေးဇူးတင်ပါတယ် ဒီလိုနိုင်ငံတော်စီမံကိန်းတွေ အကောင်အထည်ဖေါ် စီစဉ်တဲ့အခါမှာ သဘောတူစာချုပ်များ မရေးထိုးမှီ သက်ဆိုင်ရာစီမံကိန်းများနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲဖြစ်လာမဲ့ ကောင်းကျိုး ဆိုးကျိုးများကို တကယ်ကျွမ်းကျင်နာလည် ထူးချွန်သော ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်များနဲ့ သေချာညှိနှိုင်းတိုင်ပင်(research) ဆောင်ရွက်ဖို့ ယခုထက်ပိုမို လိုအပ်နေပါတယ် ပြန်ပြီးပြင်ဆင် လုပ်ငန်းရပ်ဆိုင်း စတာတွေ မကြာခဏဖြစ်လာရင် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုများကို တုန့်နှေးစေပြီး ယုံကြည်မှု့ကင်းမဲ့လာစေနိုင်ပါတယ် ကိုယ့်တာဝန်နဲ့ဝတ္တရားကို နားမလည် အထက်ကခိုင်းမှ လုပ်တက်သူများ လုပ်ငန်းကို ပိုမိုကောင်းမွန်အောင် မစွမ်းဆောင်နိုင်ပဲ ခိုင်းသည့်အတိုင်းသာ တသွေမတိမ်း လုပ်တက်သူများ လုပ်ငန်းအကြောင်း သေချာနားမလည် မကျွမ်းကျင်မှု့များနဲ့ စီမံကွပ်ကဲ တာဝန်ယူနေလို့ လုပ်ငန်းတွေ မအောင်မြင် နောက်ဆုံး အစိုးရက ပြည်သူတွေအတွက် အရှုံးခံပြီး လုပ်ပေးနေရပါတယ်ဆိုတဲ့ တာဝန်မဲ့တဲ့စကားများ ထပ်မံ မကြားလို၍ပါခင်ဗျာ
 
 
+73 #7 aungkyawmyint 2012-01-09 16:33
Quoting Rain:
အမှတ်(၂)ဝန်မင်းကတော့ အမှတ်(၁)ဝန်မင်းထက်အများကြီးသာတယ်ဗျာ...
မီဒီယာတွေထဲက ပြည်သူ့ အသံကိုနားထောင်တယ်..
ပြီးတော့သေသေချာချာလေ့လာသုံးသပ်တယ်...ပြည်သူ့ အကျိုးကိုကြည့်ပြီးရဲရဲဝံ့ဝံ့ဆုံးဖြတ်တယ်...ပြီးတော့လက်တွေ့ ဆောင်ရွက်တယ်...ကျွန်တော်တို့ နိုင်ငံမှာ(အစိုးရအဖွဲ့ မှာ)လိုအပ်နေတာအဲဒီလိုလူမျိုးတွေပါ..အထက်ကခိုင်းရင် မှားမှားမှန်မှန်လုပ်မယ်ဆိုတဲ့လူတွေ...ငါသာလျှင်အတော်ဆုံးဆိုတဲ့လူတွေ...ကိုယ်ပြောခဲ့တဲ့စကားကိုတာဝန်မယူတဲ့သူတွေ...
ဆင်ခြင်တုံတရားနည်းတဲ့လူတွေ မဟုတ်ပါဘူး..သေချာတာကတော့ ပြည်သူ့ အကျိုးကိုကြည့်တဲ့
သူတွေကို ပြည်သူတွေကလည်းတဖန်(မဲပေးခြင်းအားဖြင့်)ပြန်
ကြည့်မှာပါ..ဒီလိုဝန်မင်းမျိုးတွေအစိုးရအဖွဲ့ ထဲမှာတစတစများ
လာပါစေလို့ ဆုတောင်းရင်း...

ဟုတ်ပါတယ် Rain ခင်ဗျ၊..လက်ရှိတော့ ကျနော်မြင်တာ ပေါ့ဗျာ... ပြန်ထောင်စုဝန်ကြီး (၃)ပါးကထိထိရောက်ရောက် ပြည့်သူ့အကျိုးပေါ့ဗျာ...ဆောင်ရွက်တာကို မီဒီယာတွေရော၊ပြည်သူတွေရော...မြင်နိုင်မှာပါ။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တို့ပဲ ဖြစ်ပါတယ်။... ဒီလိုမျိုးလုပ်နိုင်တဲ့သူတွေ အခုအစိုးရထဲမှာပိုပြီးလိုအပ်နေပါတယ်။
 
 
+58 #6 Bait ka lay 2012-01-09 16:09
ကြိုဆိုပါတယ်ဗျာ ဒီလိုဆုံးဖြတ်ချက်ကို။
 
 
+35 #5 THU THU 2012-01-09 15:50
Wah...appreciated
bravo, tango , alpha ....
 
 
+118 #4 Rain 2012-01-09 15:32
အမှတ်(၂)ဝန်မင်းကတော့ အမှတ်(၁)ဝန်မင်းထက်အများကြီးသာတယ်ဗျာ...
မီဒီယာတွေထဲက ပြည်သူ့ အသံကိုနားထောင်တယ်..
ပြီးတော့သေသေချာချာလေ့လာသုံးသပ်တယ်...ပြည်သူ့ အကျိုးကိုကြည့်ပြီးရဲရဲဝံ့ဝံ့ဆုံးဖြတ်တယ်...ပြီးတော့လက်တွေ့ ဆောင်ရွက်တယ်...ကျွန်တော်တို့ နိုင်ငံမှာ(အစိုးရအဖွဲ့ မှာ)လိုအပ်နေတာအဲဒီလိုလူမျိုးတွေပါ..အထက်ကခိုင်းရင် မှားမှားမှန်မှန်လုပ်မယ်ဆိုတဲ့လူတွေ...ငါသာလျှင်အတော်ဆုံးဆိုတဲ့လူတွေ...ကိုယ်ပြောခဲ့တဲ့စကားကိုတာဝန်မယူတဲ့သူတွေ...
ဆင်ခြင်တုံတရားနည်းတဲ့လူတွေ မဟုတ်ပါဘူး..သေချာတာကတော့ ပြည်သူ့ အကျိုးကိုကြည့်တဲ့
သူတွေကို ပြည်သူတွေကလည်းတဖန်(မဲပေးခြင်းအားဖြင့်)ပြန်
ကြည့်မှာပါ..ဒီလိုဝန်မင်းမျိုးတွေအစိုးရအဖွဲ့ ထဲမှာတစတစများ
လာပါစေလို့ ဆုတောင်းရင်း...
 
 
+77 #3 jungleman 2012-01-09 15:31
ပြည်သူပြည်သားများ၏အကျိုးအတွက်ဆောင်ရွက်ချက်မှန်သမျှကို မည်သူမျှကန့်ကွက်မှာမဟုတ်ပါဘူး။ ယခုလို ပြည်သူပြည်သားများ ၏မျက်နှာကိုကြည့်ပြီးလုပ်ဆောင်သောကိစ္စမှန်သမျှကို လှိုက်လှဲစွာကျေးဇူးတင်ရှိ ပါသည်ခင်ဗျား။ ယခုထက်ပိုမိုပြီး ပြည်သူ့အကျိုးနိုင်ငံ့အကျိုးကိုဆောင်ရွက်နိုင်ပါစေလို့မျှော်လင့်ရင်း ဆုတောင်းပေးပါတယ်။

ဒီဆုံးဖြတ်ချက်က ပြည်သူ့ဆန္ဒကို ဒီတိုင်းပြည်မှာ အလေးထားလာပြီဆိုတာ ဖော်ပြတဲ့ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး လွန်လွန်ကျူးကျူးတွေပြောခဲ့တဲ့ ၀န်ကြီးဦးဇော်မင်းအနေနဲ့ အတုယူသင့်ပါတယ်.......
 
 
+137 #1 aungkyawmyint 2012-01-09 15:11
အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အား
ဤစာမျက်နှာပေါ်မှ အထူးကျေးဇူးဥပကာရတင်ရှိပါကြောင်း၊ပြောကြားလိုပါသည်။ တစ်လက်စတည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးကရော....ဘာမှမထောက်ခံဘူးလားခင်ဗျ၊ ယူထားတဲ့ရာထူးနဲ့တာဝန်နဲ့မသက်ဆိုင်လို့လားဗျား....ဘာပဲ ပြောပြော Media / ပြည်သူ ညီနေရင်..အောင်မြင်ရစမြဲဆိုတာ...သိရပါတယ်ခင်ဗျ။
EMG ရေကျေးဇူးပါ....။

No comments:

Post a Comment