အွန်လိုင်းမှတဆင့် လျှပ်စစ်ဓာတ်အားခ ပေးချေနိုင်သည့် ဝန်ဆောင်မှုစနစ် ဧပြီလမှ စတင်မည်
ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup on 21 Mar, 2012
by Myit Makha Mediagroup on 21 Mar, 2012
ဧပြီလမှ စတင်ကာ နေပြည်တော်တွင် အွန်လိုင်းမှတဆင့် လျှပ်စစ်ဓာတ်အားခ ပေးချေနိုင်သည့် ဝန်ဆောင်မှု စတင်တော့မည် ဖြစ်ကြောင်း သိရသည်။
“ဧပြီလကစတင်ပြီးကောက်ခံမှာလို့
သိရတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာလည်း ပြုလုပ်သွားမှာ လက်ရှိမှာတော့
ပါဝင်ဆောင်ရွက်ထားတဲ့ သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ညှိနှိုင်းမှုတွေလုပ်နေတယ်”ဟု
နေပြည်တော် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
အွန်လိုင်းမှတဆင့်
လျှပ်စစ်ဓာတ်အားခ ပေးချေနိုင်သောဝန်ဆောင်မှုကို ဘဏ်များနှင့် ချိတ်ဆက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဝန်ဆောင်မှုအတွက် နေပြည်တော်၌ ရုံး ၅ ရုံး
ဖွင့်လှစ်ကာ ဘေလ်ကောက်ခံခြင်းများနှင့်
သက်ဆိုင်သည့်အချက်အလက်ရယူခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါဝန်ဆောင်မှုအတွက်
မြန်မာ့စီးပွားရေးဘဏ်၊ Asia Green Development Bank၊ United Amara Bank၊
CB Bank များနှင့် ချိတ်ဆက် ဆောင်ရွက်ထားကာ eTrade Myanmar Co.,Ltd နှင့်
ရတနာပုံတယ်လီပို့တို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဧပြီလထဲမှာ
စမှာကတော့သေချာပါတယ်။ ဒါပေမယ့် အချက်အလက်အတိအကျကတော့ ရန်ကုန်ရုံးချုပ်က
ချပေးတဲ့အခါမှ သာသရမှာပါ”ဟု နေပြည်တော်ရှိ
အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်(AGD) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ
ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် လျှပ်စစ်ဝန်ကြီးဌာနနှင့်
ချိတ်ဆက်ဆောင်ရွက် ထားသည့် ဘဏ်များတွင် မီတာခ ဘေဆောင်နိုင်ရန်အတွက်
အကောင့်တစ်ခုကို ငွေကျပ်တစ်သောင်းနှင့် ပြုလုပ်ထားရမည်ဖြစ်ကြောင်း သိရသည်။
၎င်းအကောင့်တွင် မိမိအသုံးပြု၍ ကျသင့်မည့် မီတာခပျမ်းမျှငွေပမာဏ ကိုတွက်၍
ဘဏ်မှာ ထည့်သွင်းထားရမည်ဖြစ်ကာ ကျသင့်ငွေများကို မိမိအကောင့်အတွင်း
ထည့်သွင်းထားသည့် ငွေများထဲမှ နှုတ်ယူသွားမည်ဟု သိရသည်။

