Thursday, March 29, 2012

စက်မှုဇုန်များ အလှည့်ကျ မီးသုံးစွဲရတော့မည်


စက်မှုဇုန်များ အလှည့်ကျ မီးသုံးစွဲရတော့မည်

ရေးသားသူ - စောမြင့်သန်း ၊ သန်းနိုင်ဦး နေရာ - ရန်ကုန် ရက်စွဲ - March 29, 2012
ဧပြီ (၂)ရက်မှစတင်၍စက်မှုဇုန်များကို အလှည့်ကျစနစ်ဖြင့်ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စ်ဓာတ်အားဖြန့်ဖြူးရေအဖွဲ့မှထုတ်ပြန်ကြေငြာချက်အရသိရသည်။
ယင်းအလှည့်ကျမီးပေးစနစ်တွင်စက်မှုဇုန်များကိုနှစ်အုပ်စုခွဲ၍မီးပေးသွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင်ရှိသော စက်မှုဇုန်များကို A အုပ်စုနှင့်  B အုပ်စုဟူ၍ နှစ်အုပ်စုခွဲကာ မီးပေးဝေသွားမည် ဖြစ်ပြီး တစ်အုပ်စုလျှင် ၅ နာရီသာ မီးပေးဝေသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြား လိုက်သည်။

ဧပြီ ၂ ရက်နေ့မှ စတင်မည့် အဆိုမီးပေးဝေမှု စနစ်တွင် A အုပ်စု ကို နံနက် ၆ နာရီမှ နေ့လည် ၁၁ နာရီထိ ပေးဝေမည် ဖြစ်ပြီး B အုပ်စုကို နေ့လည် ၁၁ နာရီမှ ညနေ ၄ နာရီထိ ပေးဝေမည် ဖြစ်ကြောင်း သိရ သည်

 ရန်ကုန်တိုင်းစ်