Friday, February 3, 2012

လွ်ပ္စစ္ဆိုင္ရာဗဟုသုတေဆာင္းပါး (၂)


မီတာ ထိန်းသိမ်းစောင့်ရှောက်ခ (သို့မဟုတ်််) မီီတာဌားရမ််းခ (Rent Fee)
    လျှပ်စစ်မီတာများ လစဥ် ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံမှုနှင့်ပတ်သက်၍မလိုအပ်ဘဲပေးဆောင် နေရကြောင်း၊အိမ်သုံးမီတာ တစ်လုံးတွင် တစ်လ ၁၀၀၀ိ/- ကျပ် ပေးနေရမှု နှင့်ပတ်သက်၍ ပြောဆိုနေမှု များရှိပါသည်။မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုသည် ၁၉၅၁ခုနှစ်ရန်ကုန်မြို့မီးစတင်ပေးစကပင် စတင်ခဲ့ပါသည်။ လျှပ်စစ်မီတာသည် ရောင်းချခြင်း မဟုတ်ဘဲ ဌားရမ်းပေးသည့်သဘောဖြစ်သည့်အတွက် နိုင်ငံတကာတွင်RentFeeအနေဖြင့်ကောက်ခံခဲ့ကြပါသည်။အိမ်ရှင်အမည်ပေါက်ပေးပြီးနေရာပြောင်းခြင်း၊ရောင်းချခြင်းဆောင်ရွက်၍မရပါ။နိုင်ငံတကာတွင်ဓာတ်အားတစ်ယူနစ်အတွက်ကုန်ကျငွေနှင့်ကိုက်ညီ အောင် ရောင်းချလျက်ရှိသော နိုင်ငံများ၌ပင် မီတာ တစ်လုံးအတွက် လစဥ် ပုံသေ ပေးဆောင်ရသည့် Rent Fee ကို ကောက်ခံပေးလေ့ရှိပါသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် မီတာတစ်လုံးလျှင် Fixed Prize အနေဖြင့် ရူပီ ၄၅၀ (၆၈၅၀ိ/-ကျပ်) ကောက်ခံမှု ပါဝင်ပါသည်။ ပုဂ္ဂလိက၊ အစိုးရဌာနများက ဝန်ဆောင်မှုပေးသော အခြားလုပ်ငန်းများတွင် လည်း လစဥ် သတ်မှတ်ကြေးများ ပေးဆောင်ကြရပါသည်။ ယခု မီတာ ပြေစာများတွင် Rent Fee အခေါ်အဝေါ်အစား မီးသုံးစွဲသူများအတွက် လက်ရှိလုပ်ငန်း ဆောင်ရွက်ပေးနေရမှုနှင့်ကိုက်ညီသော  မီတာထိန်းသိမ်းစောင့်ရှောက်ခအနေဖြင့်ရေးသားကောက်ခံခြင်း ဖြစ် သော််လည််း တနည််းအားြဖင့့်် ဌာနမှှ မီီတာဌားရမ််းအသုံးခ ပင််ြဖစ််ပါသည််။
     မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ပေးရသောငွေမှ ဓာတ်အားသုံးစွဲသူများအတွက် အောက်ပါနေရာ များ တွင် ထည့်သွင်း အသုံးပြုရပါသည်-
        (က)    မီးသုံးသူ ပယောဂကြောင့် မဟုတ်သော မီတာများ ပျက်စီးခြင်း၊ (ရေကြီးမှု ၊မီးလောင် မှု) စသည့်     သဘာဝ ဘေးအန္တရာယ်များ နှင့် နှစ်ကြာမီတာများအတွက် မီတာဘိုး တောင်းခံမှု မရှိဘဲ အစားထိုး တပ်ဆင်ပေးပါသည်။
        (ခ)    ဓာတ်အားဖြန့်ဖြူးပေးနေသော ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၄၀၀  ဗို့ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများ ကြံ့ခိုင်ထိန်းသိမ်းမှု လုပ်ငန်းများနှင့် ပျက်စီး ချို့ယွင်းမှုများ အတွက် ပြင်ဆင်စရိတ်များတွင် ထည့်ဝင်အသုံးပြုသည်။
         (ဂ)      မီးသုံးသူများပြားသောနေရာများ၌ ဗို့အားကျဆင်းမှု ၊ လိုင်းနှင့် ထရန်စဖော်မာများ ဝန်အားမနိုင်နင်းမှု အခြေအနေများတွင် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်ခြင်းများတွင် ထည့်သွင်းအသုံးပြုပါသည်။
   မီးသုံးသူများသို့ ဓာတ်အားပေးထားသော ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ တိုးချဲ့ တည် ဆောက် ပေးနေမှုများကြောင့်နှစ်စဥ်ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများတည်ဆောက်မှု၊ထိန်းသိမ်းမှု အတွက် ငွေများစွာ သုံးစွဲလျက်ရှိပါသည်။ထို့အပြင်သဘာဝဘေးအန္တရာယ်ကြောင့်ဓာတ်အား လိုင်း၊ ဓာတ်အား ခွဲရုံများ ပျက်စီးမှု ၊ ဓာတ်အားသုံးစွဲသူ မီတာများ ပျက်စီးမှုဖြစ်စဥ်များ မှ ကောက်နုတ် ဖော်ပြရ ပါက အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်ပါသည်-
         (က)   ၂၀၀၈ ခုနှစ် နာဂစ််မုန်တိုင်းကြောင့် (ရန်ကုန်ြမို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တွင် ပျက််စီီီးမှှု  တိုင်   ၈၉၈၀ ၊ တန်််း ၁၉၃၂၄ ၊ ကြွေသီီး ၃၅၄၁၃လုံး၊ နှင့် ကြိုး  ၂၁၇၁၇၀ Kg ၊ မီီးသီီး မီီးချောင််း မျိိုးစုံ ၈၆၄၂ တို့့့ပျက်စီးခဲ့ခြင််း အတွွက်် တန်ဘိုး(ကျပ်) ၅၂၄၆၉၀.၄၇၉၀၂-သိန်း) / ြမန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းတွင်တန်ဘိုး(ကျပ်)၂၈.၅၄၁၁၈သိန်း)နှင့်   (ြမန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း   တွင်တန်ဘိုး(ကျပ်) ၄၇၈၄၂.၈၄၇၅၈သိန်း)/စုစုပေါင်း တန်ဘိုး(ကျပ်) ၁၀၀၅၇၉.၁၆၇၇၈-သိန်း ကုန်ကျခဲ့ြပီး သုံးစွဲခဲ့ရပါသည်။
          (ခ)   ၂၀၁၀ ခုနှစ် ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြား၊ ကျောက်ဖြူ၊ စစ်တွေ၊   မြေပုံ မြို့များ ရှိ ဓာတ်အားလိုင်းတိုင် နှင့် ဓာတ်အားလိုင်းကြိုးများ ပျက်စီးမှု တန်ဘိုး (ကျပ်)   ၅၇၉.၄-သိန်း  နှင့် မီတာ ၈၄ လုံး ပျက်စီး၍ တန်ဘိုး(ကျပ်) ၄၂ သိန်း ကုန်ကျခဲ့ ပါ သည်။
           (ဂ)   ၂၀၁၁ ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တာလေငလျင်လှုပ်ခဲ့ရာဓာတ်အား လိုင်းတိုင် နှင့် ဓာတ်အားလိုင်းကြိုးများ ပျက်စီးမှု တန်ဘိုး(ကျပ်) ၇၁.၉၈သိန်း ကုန်ကျခဲ့ပါ သည်။
           (ဃ) ၂၀၁၁ ခုနှစ် မကွေးတိုင်း  အတွင်းရှိ ပေါက်၊ ဆိပ်ဖြူ၊  ပခုက္ကူမြို့တွင် ရေကြီးမှု များဖြစ် ပေါ်ခဲ့ရာ ဓာတ်အား လိုင်းတိုင် နှင့် ဓာတ်အားလိုင်းကြိုးများ ပျက်စီးမှု တန်ဘိုး (ကျပ်) ၄၁၅.၂ သိန်း နှင့် မီတာ ၁၈ လုံး ပျက်စီး၍ တန်ဘိုး(ကျပ်) ၉ သိန်း ကုန်ကျခဲ့ပါသည်။
           (င)  ၂၀၁၁ ခုနှစ် မန္ထလေးတိုင်းအတွင်းရှိ မိတ္ထီလာ၊ သာစည်၊  ညောင်ဦးမြို့တွင်  လေပြင်းတိုက်ခတ် ၍ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဓာတ်အားလိုင်းတိုင် နှင့် ဓာတ်အား လိုင်းကြိုးများ ပျက်စီးမှု တန်ဘိုး (ကျပ်) ၄၃ သိန်း  ကုန်ကျခဲ့ပါသည်။
      သို့ဖြစ်ပါ၍ မီတာ ထိန်းသိမ်းစောင့်ရှောက်ခသည် ဓာတ်အားသုံးစွဲသူ၏ အိမ်တွင် တပ်ဆင် ထား သော မီတာပျက်စီးချို့ယွင်းမှုအတွက် အစားထိုး ကုန်ကျစရိတ်သာမက ယင်းမီတာသို့ ဓာတ်အား ရောက် ရှိ ရန်အတွက် ဓာတ်အား ပို့လွှတ်သော ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံများ၏ ပြုပြင် ထိန်းသိမ်းမှုနှင့် တိုးချဲ့ တည်ဆောက်ခြင်း တို့အတွက်ပါ အသုံးပြုပါကြောင်းနှင့် နိုင်ငံတော်မှ စိုက်ထုတ် သုံးစွဲငွေ နည်းပါး မည်ဖြစ်ပါသည်။ နိုင်ငံတော် အနေဖြင့်လည်း စိုက်ထုတ်ကုန်ကျငွေ လျော့နည်းခြင်း ဖြင့် ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး အသုံး စရိတ်များတွင် ပိုမို သုံးစွဲနိုင်မည်ဖြစ်ပါသည်။ 

ဆောင်းပါးရှင် အမည် - ဝေယံ

လျှပ်စစ်မီတာခ ဈေးနှုန်းသက်သာစေဖို့ နှင့်လျှပ်စစ်အန္တရာယ်ကာကွယ်စေရန်….(ပေးစာ)

          ကော့သောင်းမြို့နယ်တွင် ဖိုးသီးချို (P.T.C ) မီးလင်းရေးမှ တမြို့လုံးကန်ထရိုက်ယူထားပြီး သုံးစွဲသူများကိုဝန်ဆောင်မှု 
အပြည့်အ၀မပေးသည့်အပြင်၎င်းတစ်ဦးတည်းရယူထားသည်ဆိုပြီးမလေးမစားပြုလုပ်နေပါသည်။မီတာယူနစ်များကို(၁၅)ယူနစ်မသုံးစွဲမနေရသတ်မှတ်ထားပြီး(မသုံးလျှင်လဲပေးရပါသည်။)မီတာခများကိုလဲပြည်တွင်းမှာပင်ထိုင်းဘတ်ငွေဖြင့် (၂၂.ဘတ်)မြန်မာငွေပေါက်ဈေးဖြင့်(၆၅၀.ကျပ်)နှုန်းထားဖြင့်ကောက်ယူနေပါသည်။လောင်စာဆီဈေးသက်လျှင်မီတာခနှုန်းထားအားတက်ပြီးကျလျှင်မူမသိသလိုလုပ်ထားပါသည်။ဆီဈေးပေါ်တွင်လဲအမြတ်ယူ ထားပါသည်။ခေတ်မှီသော နိုင်ငံတော်ကြီးတွင်ဓါတ်တိုင်များအားအနိမ့်ဆုံးကွန်ကရစ်တိုင်များသုံးစွဲရမည့်အစားဒေသထွက်ဖြစ်သောမျှော တိုင်ခေါ်ကမ်းနားပေါက် သစ်ပင်များကိုခုတ်လှဲထားသည့်သစ်ပင်တိုင်များအားအဆင်ပြေသလို သုံးစွဲထားပါသည်။
          လျှပ်စစ်ဝါယာကြိုးများကိုလဲစနစ်တကျမသွယ်တန်းထားပဲစည်းကမ်းမရှိ(တပင်ပေါ်တပင်ယှက်ဆိုသလို)ဖြတ်ကျော် သွယ်တန်းထားပါသည်။ကျွမ်းကျင်ဝန်ထမ်းများကိုမခေါ်ထားပဲ(ပြုပြင်ပြောင်းလဲလာသောမအောင်မနေရပညာရေး စနစ်ခေတ်ကြီးတွင်ပင်D>ကိုတောင်မှန်အောင်မရေးနိုင်သူများကို)တိုင်းပြည်၏အရေးကြီးသောအပိုင်းဖြစ်သည့်လျှပ်စစ်တာဝန်ကို ကိုင် သွယ်ခိုင်းထားပါသည်။ဓါတ်တိုင်များတွင်လဲဖျုများကိုလဲမိုးပျံဗူဘောင်းများလိုအစုလိုက်အပြုံလိုက် တနေရာတည်းချိတ်ဆွဲထားပါသည်။မိုးရာသီလေပြင်းတိုက်ခတ်ချိန်တွင်လျှပ်စစ်ကြိုးများပူးကပ်ပြီး မကြာခဏ၀ါယာလျှော့ဖြစ်ပါသည်။မီးတိုင်များကျိုးမီးများပြတ်လျှင်လဲပေးထားသောဖုန်းနံပါတ်အားခေါ် တိုင်းခေါ်လို့မရပါအမြဲပိတ်ထားခြင်းကြောင့်ဖြစ်ပါသည်။လူကိုယ်တိုင်သွားခေါ်လျှင်လဲ၎င်းတို့အားထမင်းကျွေးသောကျေးဇူးရှင်ကိုပင်မသင်္ကာသောအကြည့်များဖြင့်ဆက်ဆံပါသည်။ချက်ချင်းလိုက်မလုပ်ပေးပါ ဓါတ်တိုင်များတစ်နှစ်(၂)ကြိမ်လောက်ကျိုးကျပြီးသွားခေါ်လျှင်လဲတိုင်းအားခေါ်ဆိုသူက၀ယ်ပေးရပါသည်။တိုင်စိုက် ထူသည့်အခါတွင်လဲကန်ထရိုက်ယူထားသူကအခမဲ့ဝန်ဆောင်မှုမပေးသည့်အပြင်တပ်စိပ်တစ်စိပ်
စာ(၁၆)ယောက်လောက်လာပြီးအားလုံးနေ့တွက်ကိုက်အောင်တိုင်စိုက်ခတောင်းပါသည်။အနည်းဆုံး
ကျပ်(၂၀၀၀၀)ကျော်လောက်ပေးရ ပါသည်။မြို့နေလူထုမှာတစ်ခြားမီးယူစရာမရှိခြင်းကြောင့်သိသိကြီးနှင့်ကြိတ်မှိတ်ယူနေ ရပါသည်။မီတာများအားလဲစက်ရုံကထုတ်သည့်အတိုင်းမတတ်ဆင်ပေးပဲအလည်များအောင်ပြန်လည်ပြုပြင်ပြီးမှတပ်ဆင်ပေးပါသည်။လျှပ်စစ်မီတာများကိုလဲ လည်မှန်မမှန်ကို မျက်စိဖြင့်မှန်းပြီးဆုံးဖြတ်ကြပါသည်။
       
လျှပ်စစ်အားကိုအပြည့်အ၀မပေးသည့်အပြင်မီတာအလည်များအောင်ဆိုပြီးမီးအားပိတ်လိုက်၊လွှတ်လိုက်မကြာမကြာလုပ်ပါသည်။နားလည်ခြင်းကြောင့်ပြောခြင်းမဟုတ်ပါ(P.T.C)၏အတွင်းလူတစ်ဦးကရင်းနှီးမှုကြောင့်ပြောပြလို့သိရခြင်းဖြစ်ပါသည်။သို့ဖြစ်ပါသောကြောင့်တာဝန်ရှိသူများကပြည်သူများဈေးနှုန်းသက်သာပြီး၊ အန္တရာယ်ကင်းစေနိုင်သောနည်းစနစ်များဖြင့်ကြီးကြပ်ကွပ်ကဲလမ်းညွှန်ပေးနိုင်စေရန်တာဝန်သိပြည်သူ တယောက်အနေဖြင့်တင်ပြလိုက်ပါသည်။
ကော့သောင်းမြို့ မှတာဝန်သိပြည်သူတဦး 
source; http://www.thithtoolwin.com

လျှပ်စစ်ဆိုင်ရာဗဟုသုတဆောင်းပါး (၁)


နိုင်ငံတော်က ပြည်သူများ လိုအပ်ချက် ပိုမို ဖြည့်ဆည်းနိုင်ရန်
 
  နိုင်ငံတော်၏ လွှတ်တော် ၃ ရပ်ဖြစ်သော အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော်များတွင် ကိုယ်စားလှယ်တော်ကြီးများ အနေဖြင့် အများပြည်သူတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်သော ဆေးရုံ၊၊ကျောင်းများ တိုးချဲ့ဆောက်လုပ်ရန်၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းများ တိုးချဲ့ခန့်ထားရန်၊  ကျေးလက်၊ မြို့ရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လမ်းများ၊ တံတားများ ဆောင်ရွက် ပေးရန် စသည့် လိုအပ်ချက်များကို တင်ပြနေမှုများအား ပြည်သူများ အသိပင်ဖြစ်ပါသည်။ နိုင်ငံတော် အနေဖြင့် အဆိုပါ လုပ်ငန်းများတွင် ပိုမိုဆောင်ရွက်ပေးနိုင်ရန် အတွက် စီးပွားရေးလုပ်ငန်း ဆောင်ရွက်သော ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံတော်၏အထောက်အပံ့မလိုဘဲမိမိဝင်ငွေဖြင့်ရပ်တည်နိုင်ရန်လိုအပ်ပါသည်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ဓာတ်အားရောင်းချရာတွင် ကုန်ကျစရိတ် ကာမိအောင် ရောင်းချနိုင်ပါမှ နှစ်စဥ် နိုင်ငံတော် က စိုက်ထုတ်ပေးငွေများ လျော့နည်းသွားမည် ဖြစ်ပါသည်။နိုင်ငံတော်က စိုက်ထုတ်ပေးငွေများ လျော့နည်းသွားပါက အခြားလိုအပ်နေသော ကျန်းမာရေး၊ ပညာရေး၊ လမ်း၊ တံတားတည်ဆောက်ရေး များတွင် အကျိုးပြု ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

လျှပ်စစ်ဓာတ်အားခနှုန်းထားသည် အိမ်နီးချင်းနိုင်ငံများတွင် အသက်သာဆုံးဖြစ်ခြင်း


 မြန်မာနိုင်ငံအနေဖြင့် အများပြည်သူများနှင့် သက်ဆိုင်သော လျှပ်စစ်ဓာတ်အား ရောင်းချသည့် ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဥ်ကြည့်ပါက အောက်ပါအတိုင်း အနည်းဆုံးဖြစ်ကြောင်း တွေ့ရှိနိုင် ပါသည်-
အာရှဒေသတွင်း နိုင်ငံအချို့၏ တစ်ယူနစ် လျှပ်စစ်ဓာတ်အားခများ နှိုင်းယှဥ်ချက်
          (နှုန်းဟောင်း ၂၅ိ-၅၀ိ)
Cents/kWh
စဥ်
နိုင်ငံ
အိမ်သုံး
စီးပွားရေးသုံး
စက်မှုလုပ်ငန်းသုံး
ဖိလစ်ပိုင်
၂၄.၆၈
၁၄.၉၃
၁၄.၉၃
ဂျပန်
၂၃.၀၀
-
-
စင်္ကာပူ
၂၂.၀၉
၂၂.၀၉
၂၀.၉၉
ကမ္ဘောဒီယား
၂၀.၂၁
၁၉.၈၁
၁၉.၄၁
သီရိလင်္ကာ
၁၉.၀၉
၁၇.၇၃
၁၂.၃၆
တရုတ်
၉.၇၂
၁၇.၂၉
၁၃.၇၁
လာအို
၉.၆၇
၁၃.၈၄
၁၁.၉၀
ကိုရီးယား
၉.၁၁
၇.၇၇
၅.၅၅
ထိုင်း
၉.၀၃
၅.၅၂
၉.၂၂
၁၀
ပါကစ္စတန်
၇.၉၆
၁၃.၀၀
၁၀.၃၂
၁၁
အင်ဒိုနီးရှား
၇.၄၁
-
-
၁၂
ဘရူနိုင်း
၆.၆၇
၆.၆၇
၆.၆၇
၁၃
အိန္ဒိယ
၆.၁၉
၁၂.၅
၁၃.၆၀
၁၄
ဘင်္ဂလားဒေ့ရှ်
၄.၆၁
၇.၈
၇.၈၀
၁၅
မြန်မာ
၃.၁၃
၆.၂၅
၆.၂၅


အာရှဒေသတွင်း နိုင်ငံအချို့၏ တစ်ယူနစ် လျှပ်စစ်ဓာတ်အားခများ နှိုင်းယှဥ်ချက်
          (နှုန်းသစ်  ၃၅ိ-၇၅ိ)
Cents/kWh
စဥ်
နိုင်ငံ
အိမ်သုံး
စီးပွားရေးသုံး
စက်မှုလုပ်ငန်းသုံး
ဖိလစ်ပိုင်
၂၄.၆၈
၁၄.၉၃
၁၄.၉၃
ဂျပန်
၂၃.၀၀
-
-
စင်္ကာပူ
၂၂.၀၉
၂၂.၀၉
၂၀.၉၉
ကမ္ဘောဒီယား
၂၀.၂၁
၁၉.၈၁
၁၉.၄၁
သီရိလင်္ကာ
၁၉.၀၉
၁၇.၇၃
၁၂.၃၆
တရုတ်
၉.၇၂
၁၇.၂၉
၁၃.၇၁
လာအို
၉.၆၇
၁၃.၈၄
၁၁.၉၀
ကိုရီးယား
၉.၁၁
၇.၇၇
၅.၅၅
ထိုင်း
၉.၀၃
၅.၅၂
၉.၂၂
၁၀
ပါကစ္စတန်
၇.၉၆
၁၃.၀၀
၁၀.၃၂
၁၁
အင်ဒိုနီးရှား
၇.၄၁
-
-
၁၂
ဘရူနိုင်း
၆.၆၇
၆.၆၇
၆.၆၇
၁၃
အိန္ဒိယ
၆.၁၉
၁၂.၅၀
၁၃.၆၀
၁၄
ဘင်္ဂလားဒေ့ရှ်
၄.၆၁
၇.၈၀
၇.၈၀
၁၅
မြန်မာ
၄.၃၈
၉.၃၈
၉.၃၈

    အထက်ပါအတိုင်း စျေးနှုန်းသက်သာစွာ ရောင်းချခြင်းသည် နိုင်ငံတော်က အကုန်အကျခံ၍ ရောင်းချနေခြင်းကြောင့် ဖြစ်ပါသည်။ ရေရှည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် စီးပွားရေး ဝန်ကြီးဌာနများအနေဖြင့် အကုန်အကျခံ၍ ဆောင်ရွက်နေပါက နိုင်ငံတော်အနေဖြင့် ဝန်ထုပ် ဝန်ပိုးဖြစ်စေရုံ သာမက ဝင်ငွေ နှင့်ထွက်ငွေ ညီမျှမှု မရှိဘဲ အဆပေါင်းများစွာ ကွာဟမှုကို လိုက်မီအောင် မလုပ်နိုင်ဘဲ ဖြစ်နေပါမည်။ ယခုကဲ့သို့ဓာတ်အားခ တိုးမြှင့်ရန် အတွက် အကြိမ်ကြိမ်စဥ်းစားပြီးမှသာ ဝင်ငွေနှင့် ထွက်ငွေ ညီမျှရုံလောက်သာ သတ်မှတ်ခဲ့ရခြင်းဖြစ်ပါသည်။ နိုင်ငံတော် အနေဖြင့် အခြား လူမှုရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပိုမိုသုံးစွဲလာနိုင်မည် ဖြစ်ပါသည်။ လက်ရှိဖြန့်ဖြူးနေသော ဓာတ်အားကို အကုန်အကျခံ ရောင်းချနေခြင်းဖြင့် ဓာတ်အား မရရှိသော  မြို့၊ ကျေးရွာများအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်ရန် ခက်ခဲမှုရှိသည့်အပြင် တည်ဆောက်ပြီးဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ထိန်းသိမ်း စောင့်ရှောက်ရန် အတွက်လည်း ခက်ခဲမှုရှိလာမည်ဖြစ်ပါသည်။ ဓာတ်အားခ မြင့်လာခြင်းကြောင့် ဓာတ်အားသုံးစွဲသူများသည် အမှန် လိုအပ်သလောက်သာ သုံးစွဲပြီး ဓာတ်အားချွေတာ သုံးစွဲမှု နည်းလမ်းများ အသုံးပြုလာခြင်းဖြင့် ဓာတ်အားများ ပိုမိုလာမည်ဖြစ်ပါသည်။ ပိုမိုလာသော ဓာတ်အားများဖြင့် ဓာတ်အား မရရှိသေးသော မြို့၊ ကျေးရွာများကို တိုးချဲ့ဖြန့်ဖြူးနိုင်မည့် အပြင် စက်မှုလက်မှု လုပ်ငန်းများအတွက်ပါ တိုးတက်အသုံးပြုနိုင်မည်ြဖစ်ပါသည်။

 ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ရန် လိုအပ်

    မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးသော စက်ရုံများသည် မြန်မာနိုင်ငံ မြောက်ပိုင်း တွင် တည်ရှိပါသည်။ အဆိုပါ ရေအားလျှပ်စစ်စက်ရုံများမှ ထုတ်လုပ်သော ဓာတ်အားကို ရန်ကုန်မြို့ အပါအဝင် မြန်မာပြည် အလယ်ပိုင်း၊ မြန်မာပြည် အောက်ပိုင်းထိ ရောက်ရှိနိုင်ရေးအတွက် ဓာတ်အား လိုင်းကြီးများ တည်ဆောက်ပြီး ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများဖြင့် သယ်ယူခြင်း၊ ၂၃၀/၁၃၂  ကေဗွီ ဓာတ်အားခွဲရုံကြီးများ တည်ဆောက်ရခြင်း၊ တစ်ဖန် မြို့နှင့်ကျေးရွာများသို့ ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ နှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းများနှင့် ဓာတ်အား ခွဲရုံများ တည်ဆောက်ရပါသည်။ ထပ်မံတိုးချဲ့ တည်ဆောက်မည့် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားကို နိုင်ငံတော် ဓာတ်အားစနစ်နှင့်ချိတ်ဆက်ရန်အတွက် ဓာတ်အားလိုင်းများ တည်ဆောက် ရန် လိုအပ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အိမ်ထောင်စုဦးရေပေါင်း ၈,၉၀၅,၆၇၄ ရှိသည့် အနက် အိမ်ထောင်စုဦးရေပေါင်း ၂,၃၃၈,၁၈၁  သာ လျှပ်စစ်မီး ရရှိသေးသည့်အတွက် ၂၆% သာ လျှပ်စစ်မီး ရရှိသေးပါသည်။ တိုးချဲ့ ထုတ်လုပ်သည့် ဓာတ်အားများကို ကျန်မီးမလင်းသေးသော ၇၄% သော ပြည်သူများအတွက် ဓာတ်အား ခွဲရုံ၊ ဓာတ်အားလိုင်းများ တည်ဆောက်သွားရမည် ဖြစ်ပါသည်။လက်ရှိ ၂၆% ဓာတ်အား သုံးစွဲနေမှု အပေါ်တွင် အကုန်အကျခံ၍ ရောင်းချပေးနေရပါက ကျန်ပြည်သူများ အတွက် ဓာတ်အား ရရှိရေး ဆောင်ရွက်ပေးနိုင်မှု နှောင့်နှေးခက်ခဲမှုများ ရှိနေမည်ဖြစ်ပါသည်။ ထို့အပြင် ဓာတ်အား ထုတ်လုပ်သော ရေအားလျှပ်စစ်စက်ရုံများ နေရာနှင့် ဓာတ်အားသုံးစွဲမှုများသော ရန်ကုန်မြို့သို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးရာ ရန်ကုန်မြို့ ရောက်ရှိချိန်တွင် ခရီးကွာဝေးမှုကြောင့် ဓာတ်အားပျောက်ဆုံး မှုများခြင်း၊ ဗို့အားကျဆင်းခြင်းများကြောင့် ၂၃၀ ကေဗွီ ဖြင့် ပို့လွတ်သည့် နေရာများတွင် ဓာတ်အားများများ သယ်ဆောင်နိုင်သည့် ၅၀၀ ကေဗွီ ဓာတ်အား လိုင်းများ တည်ဆောက်ရန် လိုအပ်ပါသည်။ ရန်ကုန်မြို့တွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အား လိုအပ် ချက်နှင့် ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေးအတွက် လည်း ၅၀၀ မဂ္ဂါဝပ် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တစ်ရုံ တည်ဆောက်ရန်လည်း လိုအပ်လျက် ရှိပါသည်။လက်ရှိ ဓာတ်အားဖြန့်ဖြူးနေသော ဓာတ်အား ကို အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများ အတွက် ရင်းနှီးငွေများ သုံးစွဲနိုင်ရန် အကုန်အကျခံ ရောင်းချ နေပါက နှောင့်နှေး ခက်ခဲမှုများ ရှိပါသည်။

ဓာတ်အားခနှုန်းထား တိုးတက်မှုနှင့် နေစဥ်သုံးစွဲနေသော အခြားစျေးနှုန်းများ

   ဓာတ်အားခနှုန်းထား၊ ဓာတ်ဆီ နှုန်းထား၊ ပြင်ပ ကုန်စျေးနှုန်းများ၊ စားသောက်ကုန်၊ လူသုံးကုန် များအား ထုတ်လုပ်ကုန်ကျမှု များပေါ်မူတည်ပြီး တန်ဘိုးတွက်ချက်၍ ရောင်းချလျက်ရှိကြပါသည်။ သို့ရာတွင် လျှပ်စစ်ဓာတ်အားသည် စက်မှုလက်မှု လုပ်ငန်းများ၊ အများပြည်သူ သုံးစွဲမှုနှင့် သက်ဆိုင် မှုကို ထောက်ရှု့ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့်အညီ စျေးနှုန်း လိုက်မတက်ပဲ နိုင်ငံတော်က အကုန်အကျခံ ရောင်းချခဲ့ပါသည်။ ဥပမာအားဖြင့် ၁၉၈၀ ခုနှစ်တွင် အများပြည်သူ သောက်သုံးသော ဆေးလိပ် တစ်လိပ်သည် ၅ ပြား၊ လ္ဘက်ရည် တစ်ခွက်သည် ၅၀ ပြား၊ မုန့်ဟင်းခါးတစ်ပွဲ ၅၀ ပြား၊ ကွမ်းယာ တစ်ယာသည် ၅ ပြား၊ ဓာတ်ဆီ တစ်ဂါလံသည် ၃ ကျပ် ၅၀ ပြား ၊ ဂျာနယ်တစ်စောင် ၁ ကျပ် အချိန်တွင် မီတာ တစ်ယူနစ်သည် ၅၀ ပြားဖြစ်ပါသည်။ ယခုအချိန်တွင် ပြင်ပစျေးနှုန်း နှင့် အညီ ထုတ်လုပ် စရိတ်ပေါ် မူတည်၍ ကွမ်းယာတစ်ယာသည် ၃၃ ကျပ် (တစ်ရာဘိုး ၃ ယာ)၊ ဓာတ်ဆီ တစ်ဂါလံသည် ၂၅၀၀ ကျပ်(ပြင်ပစျေး ၄၅၀၀ ကျပ်) ဖြစ်ချိန်တွင် ယနေ့ မီတာခသည် အများ ပြည်သူသို့ ၂၅ ကျပ် ဖြင့်သာ ရောင်းချနေခဲ့ရပါသည်။ (ယင်းစားသောက်ကုန် စျေးနှုန်းများ တိုးမြင့်ခဲ့ သည့် အတိုင်းသာ ဓာတ်အားခကို တိုးမြင့်ကောက်ခံမည်ဆိုပါက တစ်ယူနစ် တန်ဘိုးသည် ၃၀၀ ကျပ် အထက်သို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။)
        ဓာတ်အားခ နှုန်းထားစျေးနှုန်းများ လျော့နည်းကောက်ခံမှုကို ၁၉၈၀ ခုနှစ် နှင့် ၂၀၁၁ ခုနှစ်အတွင်း ဓာတ်အားခ နှုန်းထားနှင့် နေ့စဥ် စားသောက်ကုန်၊ဓာတ်ဆီ နှုန်းထားများ အခြေအနေကို အောက်ပါဇယားတွင် လေ့လာတွေ့ရှိနိုင်မည် ဖြစ်ပါသည်။

၁၉၈၀ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တွင် လျှပ်စစ်တစ်ယူနစ် စျေးနှုန်းနှင့် နေ့စဥ် သုံးစွဲနေသော
အခြား စျေးနှုန်းများ နှိုင်းယှဥ်ချက်


၁၉၈၀ ခုနှစ် စျေးနှုန်း
၂၀၁၁ ခုနှစ် စျေးနှုန်း
ဓာတ်အားခ တစ်ယူနစ်
၅၀ ပြား
၂၅ ကျပ်
ဆေးလိပ် တစ်လိပ်
၅ ပြား
၃၅ ကျပ်
ကွမ်းယာ တစ်ယာ
၅ ပြား
၃၃ ကျပ်
လ္ဘက်ရည် တစ်ခွက်
၅၀ ပြား
၃၀၀ ကျပ်
မုန့်ဟင်းခါး တစ်ပွဲ
၅၀ ပြား
၃၀၀ ကျပ်
ဂျာနယ်တစ်စောင်
၁ ကျပ်
၄၀၀ ကျပ်
ဓာတ်ဆီ တစ်ဂါလံ
၃ ကျပ် ၅၀ ပြား
၂၅၀၀ ကျပ်
(ပြင်ပစျေး ၄၅၀၀ ကျပ်)
    အထက်ပါ ဇယားကို ကြည့်ခြင်းဖြင့် ဓာတ်အားခ တစ်ယူနစ် ရောင်းစျေးသည် ၁၉၈၀ ခုနှစ်တွင် ကွမ်း တစ်ယာ၊ ဆေးလိပ် တစ်လိပ် စျေးထက် ၁၀ ဆခန့် များသော်လည်း ယခုရောင်းစျေး ၂၅ ကျပ်သည် ကွမ်း တစ်ယာ၊ ဆေးလိပ် တစ်လိပ် စျေးနှုန်းအောက်သို့ ရောက်နေသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

ဓာတ်အားခ တစ်ယူနစ် အသုံးပြုနိုင်မှု

     ဓာတ်အားခ ကောက်ခံရာတွင် လျှပ်စစ်ယူနစ် သုံးစွဲမှုပေါ်မူတည်၍ ကောက်ခံပါသည်။ ဓာတ်အား တစ်ယူနစ်သည် ဝပ်အား ၁၀၀၀ ဝပ် (၁ ကီလိုဝပ်)ရှိသော လျှပ်စစ်ပစ္စည်းအား  တစ်နာရီ သုံးစွဲခြင်းဖြစ်ပါသည်။လျှပ်စစ်အသုံးအဆောင် ပစ္စည်းအမျိုးအစားအလိုက် တစ်ယူနစ်ကို အောက်ပါ အတိုင်း သုံးစွဲနိုင်ပါသည်။

လျှပ်စစ်ဓာတ်အား တစ်ယူနစ်ကို လျှပ်စစ်ပစ္စည်းအမျိုးအစားအလိုက် အသုံးပြုနိုင်မှု

ပစ္စည်းအမျိုးအစား
အရေအတွက်
အသုံးပြုနိုင်သည့် အချိန်
၂၀ ဝပ် မီးချောင်း
၁ ချောင်း
၅၀ နာရီ
၄၀ ဝပ် မီးချောင်း
၁ ချောင်း
၂၅ နာရီ
၂၁ လက်မ တီဗွီ နှင့် DVD/VCD
ပြစက် (၁၀၀ ဝပ်)
၁ စုံ
၁၀ နာရီ
၁၅၀ ဝပ် မတ်ရပ် ပန်ကာ
၁ လုံး
၆ နာရီ ၃၀ မိနစ်
၇၅၀ ဝပ် မီးပူ
၁ လုံး
၁ နာရီ ၂၀ မိနစ်
၆၀၀ ဝပ် လျှပ်စစ် ထမင်းအိုး
(၄ လုံးချက်)
၁ လုံး
၁ နာရီ ၄၀ မိနစ်
၈၀၀ ဝပ် လျှပ်စစ်မီးဖို
၁ လုံး
၁ နာရီ ၁၅ မိနစ်
၁၀၀၀ ဝပ် လျှပ်စစ်မီးဖို
၁ လုံး
၁ နာရီ
           
  အထက်ပါ လျှပ်စစ်တစ်ယူနစ်တွင် လျှပ်စစ်ပစ္စည်း အမျိုးအစားအလိုက် တစ်ရက်၊ တစ်လ အသုံးပြုသော အချိန်ပေါ်မူတည်ပြီး အိမ်သုံးမီတာတွင် အိမ်တစ်အိမ်၏ လျှပ်စစ်သုံးစွဲယူနစ် တက်ခြင်း ဖြစ်ပါသည်။
          ချွေတာသုံးခြင်းဖြင့် ကုန်ကျစရိတ်သက်သာ
            စျေးပေါတော့ ခြိုးခြံချွေတာမှု မရှိဘဲ သုံးတတ်ကြပါသည်။ စျေးမြင့်တော့ ဂရုတစိုက် ချွေတာ သုံးတတ်ကြသည်မှာ သဘာဝပင်ဖြစ်ပါသည်။ ဓာတ်အားခ စျေးမြင့်သော နိုင်ငံများတွင် လူနေအိမ်ယာ တိုက်ခန်း များသည် လိုသလောက်အတိုင်းအတာအထိသာ ညအချိန် မီးကို ဖွင့်ထားကြောင်း၊ မလိုသော မီးများကို ပိတ်ထား ကြောင်း တွေ့ရှိရပါသည်။ ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနေသော နိုင်ငံများ တွင်ပင် လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲမှု အနေဖြင့် ဟိုတယ်ခန်းများ၊ လူနေအိမ်များတွင် အပြင်ထွက် ရန် တခါးပိတ်သည်နှင့် အိမ်တွင်းမီးများ အလိုအလျောက်ပိတ်သည့် စနစ်များထားရှိကြပါသည်။ လျှပ်စစ်မီး သုံးစွဲရာတွင် လိုအပ်သလောက်သာ ချွေတာ သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်ကို သက်သာ စေနိုင်ပါသည်။ အောက်ပါအချက်များသည် လျှပ်စစ်သုံးစွဲ ယူနစ်ကို သက်သာစေပါမည်-
                    (က)     အလင်းရောင်သာ အသုံးပြုသော အခန်းများတွင် လုံလောက်စွာ အလင်းရောင် ရနိုင် သော ဝပ်အားရှိသည့် မီးလုံး၊ မီးချောင်းကိုသာ ရွေးချယ်တပ်ဆင် အသုံးပြုရန်ဖြစ်ပါ သည်။ ဥပမာ အားဖြင့် အခန်းကျဥ်းများတွင် ၄၀ ဝပ် ၄ ပေ မီးချောင်းအစား ၂၀ ဝပ် ၂ ပေ မီးချောင်း ထွန်းပါက ယူနစ်ကုန်ကျစရိတ် တစ်ဝက်သက်သာမှု ရှိပါသည်။ အလင်းရောင် သာ လိုအပ် သော အခန်းများအတွက် ဝပ်အားနည်းသော မီးချောင်း၊ မီးလုံးများကို အသုံးပြုခြင်း ဖြင့် ချွေတာမှု ဆောင်ရွက်နိုင်ပါသည်။
                 (ခ)   ညဘက် မလိုအပ်သော အခန်းများတွင် မီးထွန်းထားမှုမျိုးကို သတိထားပိတ်ပေးခြင်း၊ ဥပမာအားဖြင့် အိမ်ရှေ့တွင် မိသားစု အားလုံးရှိချိန်တွင် မီးဖိုချောင်မီး၊ အိပ်ခန်းမီး၊ ရေချိုးခန်းမီးများ ဖွင့်ထားမှုကို သတိထား ပိတ်ပေးပါက မီတာသုံးစွဲယူနစ် လျော့နည်းမှု ရှိပါမည်။
          (ဂ)  လျှပ်စစ်  အသုံးဆောင်ပစ္စည်းများ သုံးစွဲရာတွင်လည်း လိုအပ်သော ဝန်အားဖြင့်သာ လိုအပ် ချိန် အတွင် း အသုံးပြုခြင်းဖြင့် ချွေတာရာရောက်ပါသည်။ဥပမာအားဖြင့် လူမရှိ တော့ဘဲနှင့် ပန်ကာ၊ တီဗွီများ ဖွင့်ထားမိခြင်း၊ လျှပ်စစ်ထမင်းအိုးများ ကျက်သွားပါက ခလုတ်မပိတ်ဘဲထားခြင်း။
                     (ဃ)     လျှပ်စစ်ဓာတ်အား အများဆုံးအသုံးပြုသော လျှပ်စစ်မီးဖိုဖြင့် ချက်ပြုတ်ရာတွင် စနစ် တကျ အသုံးပြုပါက ၆၀၀ ဝပ်၊ ၈၀၀ ဝပ်၊ ၁၀၀၀ ဝပ်၊ ၁၆၀၀ ဝပ် စသည်ဖြင့် မီးဖိုကွိုင်များဖြင့် အသုံးပြုသင့်ပါသည်။ အချို့မီးဖိုများသည် မိမိချက်ပြုတ်လိုသော ဝပ်အားကို ရွေးချယ် အသုံးပြုနိုင်သော ခလုပ်ပါသည့် မီးဖိုတပ်ဆင်အသုံးပြုသင့်ပါ သည်။ ဟင်းနွေးရုံ အဆင့် တွင် ၆၀၀ ဝပ် ကွိုင်ကိုသာ အသုံးပြုခြင်း၊ ရေနွေးအိုးများ ဆူပြီးသွားပါက မီးဖိုခလုတ် သတိပြုပြီးပိတ်ခြင်းများ ဆောင်ရွက်ရပါမည်။
                      (င)   အိမ်ခြံဝင်းအတွင်း လုံခြုံရေးမီးများကို မှောင်ချိန်ရောက်မှ ဖွင့်ခြင်း၊နံနက် အလင်းရောင် ရသည်နှင့် ပိတ်ခြင်း စသည့် အလေ့အထများ ဆောင်ရွက်ရပါမည်။ အချို့နေအိမ်များ တွင် လုံခြုံရေးမီးများကို  နေ့ခင်းချိန်တွင်ပင် မပိတ်ဘဲ ထားသည်များ တွေ့ရှိနေရပါ သည်။
        သို့ဖြစ်ပါ၍ ပြည်သူများအနေနှင့် လျှပ်စစ်ဓာတ်အားကို ခြိုးခြံချွေတာ သုံးစွဲခြင်းဖြင့် ဓာတ်အားခ ကုန်ကျစရိတ် သက်သာပြီး လျှပ်စစ်ဓာတ်အားကိုလည်း အကျိုးရှိစွာ လိုအပ်သလောက် အသုံးပြုနိုင်ကြမည် ဖြစ်ပါသည်။ အိမ်သုံးမီးများ မလိုအပ်သော နေရာများတွင် ပိတ်ထားခြင်း၊ လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ အသုံးပြုပြီးသည်နှင့် ပိတ်ထားခြင်းဖြင့် အမှန်လိုအပ်သလောက် ကိုသာ ဓာတ်အားကို ချွေတာ သုံးစွဲခြင်းဖြင့် တစ်လ လျှပ်စစ်သုံးစွဲယူနစ် နည်းအောင် ဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။တစ်အိမ်လျှင် ၄၀ ဝပ် ချွေတာ အသုံးပြုခြင်းဖြင့် တစ်နိုင်ငံလုံးတွင် ၉၄ မဂ္ဂါဝပ်ခန့် ပိုလျှံလာနိုင်ပြီး အိမ်ထောင်စုပေါင်း ၄၀၀၀၀ ခန့် အား ထပ်မံ ဓာတ်အားပေးနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ ဓာတ်အားသုံးစွဲသူများ အနေဖြင့် ဓာတ်အားခ တန်ဘိုးနည်းစဥ်က သတိမပြုမိဘဲ ဓာတ်အား ပြုန်းတီးရာရောက်စေသော သုံးစွဲမှုများကို သတိပြုဆောင်ရွက်လာခြင်းဖြင့် မိမိအတွက်လည်း အကျိုးရှိသလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားနိုင်ကြမည် ဖြစ်ပါသည်။
ဆောင်းပါးရှင် အမည် - ဝေယံ