Friday, February 3, 2012

လွ်ပ္စစ္ဆိုင္ရာဗဟုသုတေဆာင္းပါး (၂)


မီတာ ထိန်းသိမ်းစောင့်ရှောက်ခ (သို့မဟုတ်််) မီီတာဌားရမ််းခ (Rent Fee)
    လျှပ်စစ်မီတာများ လစဥ် ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံမှုနှင့်ပတ်သက်၍မလိုအပ်ဘဲပေးဆောင် နေရကြောင်း၊အိမ်သုံးမီတာ တစ်လုံးတွင် တစ်လ ၁၀၀၀ိ/- ကျပ် ပေးနေရမှု နှင့်ပတ်သက်၍ ပြောဆိုနေမှု များရှိပါသည်။မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုသည် ၁၉၅၁ခုနှစ်ရန်ကုန်မြို့မီးစတင်ပေးစကပင် စတင်ခဲ့ပါသည်။ လျှပ်စစ်မီတာသည် ရောင်းချခြင်း မဟုတ်ဘဲ ဌားရမ်းပေးသည့်သဘောဖြစ်သည့်အတွက် နိုင်ငံတကာတွင်RentFeeအနေဖြင့်ကောက်ခံခဲ့ကြပါသည်။အိမ်ရှင်အမည်ပေါက်ပေးပြီးနေရာပြောင်းခြင်း၊ရောင်းချခြင်းဆောင်ရွက်၍မရပါ။နိုင်ငံတကာတွင်ဓာတ်အားတစ်ယူနစ်အတွက်ကုန်ကျငွေနှင့်ကိုက်ညီ အောင် ရောင်းချလျက်ရှိသော နိုင်ငံများ၌ပင် မီတာ တစ်လုံးအတွက် လစဥ် ပုံသေ ပေးဆောင်ရသည့် Rent Fee ကို ကောက်ခံပေးလေ့ရှိပါသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် မီတာတစ်လုံးလျှင် Fixed Prize အနေဖြင့် ရူပီ ၄၅၀ (၆၈၅၀ိ/-ကျပ်) ကောက်ခံမှု ပါဝင်ပါသည်။ ပုဂ္ဂလိက၊ အစိုးရဌာနများက ဝန်ဆောင်မှုပေးသော အခြားလုပ်ငန်းများတွင် လည်း လစဥ် သတ်မှတ်ကြေးများ ပေးဆောင်ကြရပါသည်။ ယခု မီတာ ပြေစာများတွင် Rent Fee အခေါ်အဝေါ်အစား မီးသုံးစွဲသူများအတွက် လက်ရှိလုပ်ငန်း ဆောင်ရွက်ပေးနေရမှုနှင့်ကိုက်ညီသော  မီတာထိန်းသိမ်းစောင့်ရှောက်ခအနေဖြင့်ရေးသားကောက်ခံခြင်း ဖြစ် သော််လည််း တနည််းအားြဖင့့်် ဌာနမှှ မီီတာဌားရမ််းအသုံးခ ပင််ြဖစ််ပါသည််။
     မီတာ ထိန်းသိမ်းစောင့်ရှောက်ခ ပေးရသောငွေမှ ဓာတ်အားသုံးစွဲသူများအတွက် အောက်ပါနေရာ များ တွင် ထည့်သွင်း အသုံးပြုရပါသည်-
        (က)    မီးသုံးသူ ပယောဂကြောင့် မဟုတ်သော မီတာများ ပျက်စီးခြင်း၊ (ရေကြီးမှု ၊မီးလောင် မှု) စသည့်     သဘာဝ ဘေးအန္တရာယ်များ နှင့် နှစ်ကြာမီတာများအတွက် မီတာဘိုး တောင်းခံမှု မရှိဘဲ အစားထိုး တပ်ဆင်ပေးပါသည်။
        (ခ)    ဓာတ်အားဖြန့်ဖြူးပေးနေသော ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၄၀၀  ဗို့ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများ ကြံ့ခိုင်ထိန်းသိမ်းမှု လုပ်ငန်းများနှင့် ပျက်စီး ချို့ယွင်းမှုများ အတွက် ပြင်ဆင်စရိတ်များတွင် ထည့်ဝင်အသုံးပြုသည်။
         (ဂ)      မီးသုံးသူများပြားသောနေရာများ၌ ဗို့အားကျဆင်းမှု ၊ လိုင်းနှင့် ထရန်စဖော်မာများ ဝန်အားမနိုင်နင်းမှု အခြေအနေများတွင် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်ခြင်းများတွင် ထည့်သွင်းအသုံးပြုပါသည်။
   မီးသုံးသူများသို့ ဓာတ်အားပေးထားသော ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ တိုးချဲ့ တည် ဆောက် ပေးနေမှုများကြောင့်နှစ်စဥ်ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများတည်ဆောက်မှု၊ထိန်းသိမ်းမှု အတွက် ငွေများစွာ သုံးစွဲလျက်ရှိပါသည်။ထို့အပြင်သဘာဝဘေးအန္တရာယ်ကြောင့်ဓာတ်အား လိုင်း၊ ဓာတ်အား ခွဲရုံများ ပျက်စီးမှု ၊ ဓာတ်အားသုံးစွဲသူ မီတာများ ပျက်စီးမှုဖြစ်စဥ်များ မှ ကောက်နုတ် ဖော်ပြရ ပါက အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်ပါသည်-
         (က)   ၂၀၀၈ ခုနှစ် နာဂစ််မုန်တိုင်းကြောင့် (ရန်ကုန်ြမို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တွင် ပျက််စီီီးမှှု  တိုင်   ၈၉၈၀ ၊ တန်််း ၁၉၃၂၄ ၊ ကြွေသီီး ၃၅၄၁၃လုံး၊ နှင့် ကြိုး  ၂၁၇၁၇၀ Kg ၊ မီီးသီီး မီီးချောင််း မျိိုးစုံ ၈၆၄၂ တို့့့ပျက်စီးခဲ့ခြင််း အတွွက်် တန်ဘိုး(ကျပ်) ၅၂၄၆၉၀.၄၇၉၀၂-သိန်း) / ြမန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းတွင်တန်ဘိုး(ကျပ်)၂၈.၅၄၁၁၈သိန်း)နှင့်   (ြမန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း   တွင်တန်ဘိုး(ကျပ်) ၄၇၈၄၂.၈၄၇၅၈သိန်း)/စုစုပေါင်း တန်ဘိုး(ကျပ်) ၁၀၀၅၇၉.၁၆၇၇၈-သိန်း ကုန်ကျခဲ့ြပီး သုံးစွဲခဲ့ရပါသည်။
          (ခ)   ၂၀၁၀ ခုနှစ် ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြား၊ ကျောက်ဖြူ၊ စစ်တွေ၊   မြေပုံ မြို့များ ရှိ ဓာတ်အားလိုင်းတိုင် နှင့် ဓာတ်အားလိုင်းကြိုးများ ပျက်စီးမှု တန်ဘိုး (ကျပ်)   ၅၇၉.၄-သိန်း  နှင့် မီတာ ၈၄ လုံး ပျက်စီး၍ တန်ဘိုး(ကျပ်) ၄၂ သိန်း ကုန်ကျခဲ့ ပါ သည်။
           (ဂ)   ၂၀၁၁ ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တာလေငလျင်လှုပ်ခဲ့ရာဓာတ်အား လိုင်းတိုင် နှင့် ဓာတ်အားလိုင်းကြိုးများ ပျက်စီးမှု တန်ဘိုး(ကျပ်) ၇၁.၉၈သိန်း ကုန်ကျခဲ့ပါ သည်။
           (ဃ) ၂၀၁၁ ခုနှစ် မကွေးတိုင်း  အတွင်းရှိ ပေါက်၊ ဆိပ်ဖြူ၊  ပခုက္ကူမြို့တွင် ရေကြီးမှု များဖြစ် ပေါ်ခဲ့ရာ ဓာတ်အား လိုင်းတိုင် နှင့် ဓာတ်အားလိုင်းကြိုးများ ပျက်စီးမှု တန်ဘိုး (ကျပ်) ၄၁၅.၂ သိန်း နှင့် မီတာ ၁၈ လုံး ပျက်စီး၍ တန်ဘိုး(ကျပ်) ၉ သိန်း ကုန်ကျခဲ့ပါသည်။
           (င)  ၂၀၁၁ ခုနှစ် မန္ထလေးတိုင်းအတွင်းရှိ မိတ္ထီလာ၊ သာစည်၊  ညောင်ဦးမြို့တွင်  လေပြင်းတိုက်ခတ် ၍ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ ဓာတ်အားလိုင်းတိုင် နှင့် ဓာတ်အား လိုင်းကြိုးများ ပျက်စီးမှု တန်ဘိုး (ကျပ်) ၄၃ သိန်း  ကုန်ကျခဲ့ပါသည်။
      သို့ဖြစ်ပါ၍ မီတာ ထိန်းသိမ်းစောင့်ရှောက်ခသည် ဓာတ်အားသုံးစွဲသူ၏ အိမ်တွင် တပ်ဆင် ထား သော မီတာပျက်စီးချို့ယွင်းမှုအတွက် အစားထိုး ကုန်ကျစရိတ်သာမက ယင်းမီတာသို့ ဓာတ်အား ရောက် ရှိ ရန်အတွက် ဓာတ်အား ပို့လွှတ်သော ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံများ၏ ပြုပြင် ထိန်းသိမ်းမှုနှင့် တိုးချဲ့ တည်ဆောက်ခြင်း တို့အတွက်ပါ အသုံးပြုပါကြောင်းနှင့် နိုင်ငံတော်မှ စိုက်ထုတ် သုံးစွဲငွေ နည်းပါး မည်ဖြစ်ပါသည်။ နိုင်ငံတော် အနေဖြင့်လည်း စိုက်ထုတ်ကုန်ကျငွေ လျော့နည်းခြင်း ဖြင့် ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး အသုံး စရိတ်များတွင် ပိုမို သုံးစွဲနိုင်မည်ဖြစ်ပါသည်။ 

ဆောင်းပါးရှင် အမည် - ဝေယံ

No comments:

Post a Comment