Tuesday, February 7, 2012

လေစွမ်းအင်သုံးနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်မည် ရန်ကုန်မြို့အနီးတွင် သဘာဝဓာတ်ငွေ့သုံးနှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံများအပြင် မြေအောက်၊ ကောင်းကင်ဓာတ်အားလိုင်းများ ထပ်မံတည်ဆောက်မည်ဟု သိရ


PDF
Wednesday, 08 February 2012 10:57 
AddThis Social Bookmark Button
လေစွမ်းအင်သုံးနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက် သွားမည်ဟု ဖေဖော်ဝါရီလ ၃ ရက်နေ့ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစီအစဉ်တွင် အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

၂၀၁၂-၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့၌ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရန်အတွက် ရန်ကုန်မြို့အနီးတွင် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံများ အကောင် အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

''၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ် အတွင်းမှာတော့ လျပ်စစ်ဓာတ်အား လိုင်းတွေနဲ့ဓာတ်အားခွဲရုံတွေကိုတိုး ချဲ့တည်ဆောက်ပါမယ်။လေစွမ်းအင် သုံး ဓာတ်အားပေးစက်ရုံတွေ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေကို ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ်တည်ထောင်၍ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိဓာတ်အားပို့လွှတ်ရာမှာ အသုံးပြုလျက်ရှိတဲ့ ဗို့အားမှာ ၂၃၀ ကေဗွီ ဖြစ်ပါတယ်။ နောင်တွင် ၅၀၀ ကေဗွီဗို့အားစနစ်သို့ တိုးမြှင့်အသုံးပြုသွား မှာ ဖြစ်ပါတယ်''ဟု အမှတ် ၂ လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ပြောကြား ခဲ့သည်။ ယင်းအပြင် ရန်ကုန်မြို့တော်၌ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရန်အတွက်  ၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်တွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံနှစ်ရုံ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ ခုနစ်ရုံ၊ ဓာတ်အားလိုင်း တည်ဆောက်မှုအနေဖြင့် ၃၃ ကေဗွီ မြေအောက်ကြိုး၊ ၃၃ ကေဗွီ ကောင်းကင်လိုင်း များထပ်မံတည်ဆောက်မည် ဟု သိရသည်။

လျပ်စစ်ဓာတ်အားစနစ် မရောက်သေးသည့် အရပ်ဒေသများတွင် အသေးစား လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ ဒီဇယ်ဓာတ်အားပေးစက်ရုံများ တည်ထောင်၍ ဓာတ်အားလိုအပ်ချက် ဖြည့်တင်းပေးမည်ဖြစ်ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးများတွင် လေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ ရန်ကုန်မြို့နှင့် သီလ၀ါစက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် ရန်ကုန်မြို့အနီးတွင် ၅၀၀မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံများ အကောင် အထည်ဖော် တည်ဆောက် သွားမည်ဟု သိရှိရသည်။

''လာမယ့်ဘဏ္ဍာနှစ်မှာ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေ ထပ်မံတည်ဆောက်မယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံခြားငွေရရှိမှုနဲ့ အသုံးစရိတ်လျာထားချက်မှာတော့ နိုင်ငံခြားငွေဖြင့် ရငွေမှာ ဓာတ်အားသုံးစွဲသူများထံမှ ဓာတ်အားခရငွေဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀ ကျော် ရရှိမယ်လို့ လျာထားပါတယ်။ နိုင်ငံခြားငွေဖြင့် သုံးစွဲမယ့် အသုံးစရိတ်တွေကတော့ ကမ်းလွန်ဓာတ်ငွေ့ဝယ်ယူရာတွင် ကုန်ကျသည့်တန်ဖိုး၊ ရွှေလီရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက ၀ယ်ယူရမယ့် ဓာတ်အားဝယ်ယူစရိတ်၊ အာဆီယံ အဖွဲ့သို့ ထည့်ဝင်ရသည့် ငွေကြေးများဖြစ်ပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၆၀၀ ကျော် လျာထားပါတယ်'' ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
source; http://www.weeklyeleven.com

No comments:

Post a Comment