သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိမည့် ရေအားလျှပ်စစ် ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ရောင်းချမည် |
![]() |
![]() |
Wednesday, 28 March 2012 10:21 |
![]()
သံလွင်မြစ်ကြောင်း တစ်နေရာ
ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း ပြုလုပ်ရန်အတွက် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံမှ EGAT International Co.,Ltd တို့သည် ၂၀၀၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့၌ ပဏာမ သဘောတူညီမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန၊ တရုတ်နိုင်ငံမှ SinoHydro Cor-poration Limited၊ ထိုင်းနိုင်ငံမှ EGAT International Co.,Ltd နှင့် International Group of Entre-preneurs Co.,Ltd တို့သည် စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရှိရသည်။ ''၂၀၀၈ ခုနှစ် ဇူလိုင်မှာ EGAT က EIA လုပ်တာ ပြီးသွားတယ်။ ဒါပေမယ့် အခုထိ ထိုင်းပြည်သူတွေရော မြန်မာပြည်သူတွေပါ အဲဒီ EIA ကို မရသေးပါဘူး''ဟု အဆိုပါ စီမံကိန်းအား လေ့လာထားသူ ထိုင်းနိုင်ငံ Earthrights International မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စီမံကိန်း အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် SinoHydro Corporation သည် ရာခိုင်နှုန်း ၅၀ ဖြင့် ပါဝင်ထားပြီး EGAT International Co.,Ltd က ၃၆ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်ဟု သိရှိရသည်။ ''လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက ဒီဆည်စီမံကိန်းတွေကို လုပ်ဖို့ စတင်ခဲ့တာပါ။ ထိုင်းနိုင်ငံမှာရှိတဲ့ သံလွင်ပေါ်မှာ ဆည်နှစ်ခု ဆောက်မယ်။ မြန်မာနိုင်ငံထဲမှာ သံလွင်မြစ်ပေါ်မှာ ဆည်ငါးခုဆောက်မယ်လို့ အစီအစဉ်ရှိပါတယ်''ဟု ၎င်းက ပြောပြသည်။ အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်နေရာသည် ထိုင်း-မြန်မာနယ်စပ်နှင့် ၃၃ ကီလိုမီတာသာ ဝေးကွာပြီး ဆည်ကြောင့် သက်ရောက်မှုသည် မြန်မာနိုင်ငံတွင် သာမက ထိုင်းနိုင်ငံ၌လည်း ဖြစ်ပေါ်နိုင်ခြေရှိနေသည်ဟု သိရှိရသည်။ ''မြန်မာနိုင်ငံဘက်က ရွာခြောက်ရွာက ရေ၀ပ်ဧရိယာမှာ ကျမယ်လို့ EGATက ပြောထားတယ်။ ဒါပေမယ့် ထိုင်းနယ်စပ်မှာနေတဲ့ ဒေသခံတွေဆီ ကွင်းဆင်း လေ့လာတုန်းကတော့ ရေ၀ပ်ခံရမယ့် ရွာတွေဟာ ၃၂ ရွာလောက်ရှိမယ်လို့ ခန့်မှန်းတာကို တွေ့ရှိရပါတယ်''ဟု Earthrights International မှ တာဝန်ရှိသူက ပြောကြားသည်။ တည်ဆောက်ရန် လျာထားသည့် ဟတ်ကြီးဆည်သည် စက်တပ်ဆင်အား ၁၂၀၀ မဂ္ဂါဝပ်ခန့်ရှိကာ ဆည်၏ ခန့်မှန်းအမြင့်မှာ ၃၃ မီတာ ဖြစ်သည်ဟု သိရှိရသည်။ မြန်မာနိုင်ငံဘက်က ရွာခြောက်ရွာက ရေ၀ပ်ဧရိယာမှာ ကျမယ်လို့ EGATက ပြောထားတယ်။ ဒါပေမယ့် ထိုင်းနယ်စပ်မှာနေတဲ့ ဒေသခံတွေဆီ ကွင်းဆင်း လေ့လာတုန်းကတော့ ရေ၀ပ်ခံရမယ့် ရွာတွေဟာ ၃၂ ရွာ လောက်ရှိမယ်လို့ ခန့်မှန်းတာကို တွေ့ရှိရပါတယ် . . .၁၉၉၈ ခုနှစ် ၀န်းကျင်က ဂျပန်နိုင်ငံမှ Japanese Development Consultant က လေ့လာမှုများ ပြုလုပ်ပြီးနောက် ဆည်သည် ထုတ်လုပ်နိုင်စွမ်းအား မဂ္ဂါဝပ် ၃၀၀ ရှိကာ ယင်းပမာဏဖြင့် တွက်ချက်တည်ဆောက်ပါက မြစ်သည် ပုံမှန်အတိုင်း စီးဆင်း နိုင်မည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ သို့သော် EGAT က ၂၀၀၅ ခုနှစ်၌ ထပ်မံလေ့လာမှု ပြုလုပ်ကာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၂၀၀ အထိ တိုးမြှင့်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ''မြစ်ကို ပိတ်ရင် ရေလမ်းကြောင်းကတော့ မတူတော့ပါဘူး။ အောက်ရေ မရှိသလောက် စီးဆင်းမှာဖြစ်ပါတယ်။ မြစ်ကမ်းစိုက်ပျိုးရေး ထိခိုက်မယ်။ ဇီဝမျိုးစုံမျိုးကွဲတွေ ထိခိုက်မယ်။ နောက်ပြီး သစ်တောပြုန်းတီးမှုတွေလည်း ရှိလာမှာဖြစ် ပါတယ်''ဟု ၎င်းက ပြောပြသည်။ ဟတ်ကြီးဆည် တည်ဆောက်ပါက ထိုင်းနိုင်ငံတွင်လည်း သက်ရောက်မှုများ ကြုံတွေ့နိုင်မည်ဖြစ်သောကြောင့် ဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍ ရပ်တန့်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားသူများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ၂၀၀၉ ခုနှစ် တွင် ကော်မတီအဖွဲ့ခွဲများ ထူထောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ အစိုးရသစ် တက်လာပြီးနောက် ယင်းအဖွဲ့များ၏ လုပ်ဆောင်မှုများ ရပ်တန့်သွားခဲ့သည်ဟု သိရသည်။ ''အခုအထိတော့ ဆည်က မစရသေးပါဘူး။ ရှေ့ မဆက်ရသေးပါဘူး။ ဆည်ဆောက်မယ့်နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ ကေအင်န်ယူတွေ ရှိတယ်။ ထိုင်းနိုင်ငံဘက်က ထိုင်းကရင်တွေကတော့ ဒီဆည်ဟာ သူတို့ ကရင်တွေနေတဲ့ ဒေသတွေကို ရေလွှမ်းဒေသတွေဖြစ်စေမယ့် နေရာလို့ ယူဆထားကြတယ်။ ဒီဆည်စီမံကိန်းက ငြိမ်းချမ်းရေးနဲ့လည်း ဆက်စပ်နေပါတယ်''ဟု Earthrights International မှ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ သံလွင်မြစ်သည် ဆည် လုံးဝ မတည်ဆောက်ရသေးသည့် မြစ်တစ်စင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာမြစ်လည်း ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းသာ ရှိသေးကြောင်း၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၃၉၀၀ ကျော်ရှိကာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ် အားသုံးစွဲနိုင်မှုမှာ မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ရှိသေးကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်တွင် ထပ်မံထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့မြေ စီမံကိန်းသစ်နှစ်ခုမှ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ရောင်းချခြင်းထက် ပြည်တွင်းသုံးစွဲရန်အတွက်သာ တိုးမြှင့်ရယူသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားခဲ့သည်။ |
Comments