Sunday, January 29, 2012

အရှုံးပေါ်နေသည့်လျှပ်စစ်ကဏ္ဍကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသွားရန် အစီအစဉ်ရှိ

 


နှစ်စဉ်အရှုံးပေါ်နေသော နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ လောင်စာဆီဖြန့်ဖြူးမှုများကို ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ခြင်းဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို အရှိန်အဟုန်မြှင့်နေ သော မြန်မာနိုင်ငံတွင် ရေရှည်၌ ကျပ်ငွေဘီလျံပေါင်း များစွာ ရှုံးနေသည့်လျှပ်စစ်ကဏ္ဍကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းသွားမည်ဟု အမှတ်(၂)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးအောင်သန်းဦးက ယခုလ ၁၀ ရက် နေ့က နေပြည်တော်တွင် ပြောကြားသည်။ "တခြား နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်လွှဲ သလို ရေရှည်မှာ လျှပ်စစ်ကဏ္ဍကိုလည်း ပုဂ္ဂလိကလွှဲဖို့ ရှိပါတယ်"ဟု ၎င်းက ပြောသည်။
သို့သော် ပုဂ္ဂလိကသို့လွှဲပြောင်းရာတွင် မည်သည့် ကဏ္ဍကို ဦးစွာလွှဲပြောင်းမည်နှင့် မည်သည့်အချိန်တွင် စတင်လွှဲပြောင်းမည် စသည့် အသေးစိတ်အချက် အလက်များကိုမူ ၎င်းက ပြောကြားခြင်းမရှိပေ။
နိုင်ငံတွင်းအသုံးပြုနေသော လျှပ်စစ်ဓာတ်အား အနက် ရေအားလျှပ်စစ်မှ ၇၂ ရာခိုင်နှုန်း၊ သဘာဝဓာတ် ငွေ့သုံးစက်ရုံများမှ ၂၀ ရာခိုင်နှုန်း၊ ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ရှစ်ရာခိုင်နှုန်းခန့်နှင့် အခြား နည်းလမ်းများမှ သုည ဒသမ ၃ ရာခိုင်နှုန်း ထုတ်လုပ်ပေး လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်နှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံပိုင်း လိုအပ်နေသေးသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သို့ လွှဲပြောင်းပေးပါက ရင်းနှီးမြှုပ်နှံမှုငွေကြေး များပြားမည်ဖြစ်ကြောင်းနှင့် ယင်းအတွက် ရေတိုအတွင်း စရိတ်ကျေစေရန် မီတာခများ တိုးမြှင့်ကောက်ခံပါက ပြည်သူများ ၀န်ထုပ်ဝန်ပိုးဖြစ်မည်ကိုလည်း စိုးရိမ်ကြောင်း ဦးအောင်သန်းဦးက ပြောသည်။
အရှုံးပေါ်နေသည့် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိက သို့ လွှဲပြောင်းပေးခြင်းဖြင့် စွမ်းဆောင်ရည်၊ စီမံခန့်ခွဲမှုများ တိုးတက်လာနိုင် ကြောင်းလည်း ရန်ကုန်မြို့အခြေ စိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
နိုင်ငံတစ်ဝန်းတွင် မြို့ပေါင်း ၃၉၆ ရွာအနက် မြို့ ၂၂၀၊ ကျေးရွာပေါင်း ၆၄,၀၀၀ ကျော်အနက် ၁၀ ရာခိုင်နှုန်း ကျော်ဖြစ်သော ကျေးရွာ ၇,၀၀၀ ခန့်သာ မီးပေးနိုင်ပြီး အိမ်ထောင်စုအနေဖြင့် တွက်ပါက ၂၆ ရာခိုင်နှုန်း၊ လူဦး ရေ စုစုပေါင်း ၂၃ သန်းကျော်သာ မီးရရှိသည့် အနေအထားဖြစ်ကြောင်း သိရသည်။
ပျမ်းမျှ လျှပ်စစ်တစ်ယူနစ် ကုန်ကျစရိတ် ၇၂ ကျပ်ရှိပြီး နှစ်စဉ် ငွေကျပ် ၂၆၁ ဒသမ ၃၂၄ ဘီလျံခန့် အရှုံးခံ ရောင်းနေသဖြင့် လျှပ်စစ် ကဏ္ဍဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှု တိုးချဲ့မဆောင်ရွက်နိုင်ဖြစ်နေကြောင်း အောက်တိုဘာလ ၄ ရက်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် ပုံမှန် အစည်းအဝေး၌ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြန်လည် ဖြေကြားခဲ့ ကြောင်း မြန်မာ့တိုင်းမ် မှာဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏ ဓါတ်အားစနစ် အတွင်းရှိ ဓါတ်အားပေး စက်ရုံများ

စဉ်စက်ရုံအမည်မဂ္ဂါဝပ်
ဘီလူးချောင်း(၁) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၂၈
ဘီလူးချောင်း(၂) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၁၆၈
ကင်းတား ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၅၆
ဆည်တော်ကြီး ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၂၅
ဇော်ဂျီ(၁) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၁၈
ဇော်ဂျီ (၂) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၁၂
ဇောင်းတူ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၂၀
သဖန်းဆိပ် ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၃၀
မုန်းချောင်း ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၇၅
၁၀ပေါင်းလောင်း ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၂၈၀
၁၁ရဲနွယ် ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၂၅
၁၂ခပေါင်း ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၃၀
၁၃ရွှေလီ (၁) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၃၀၀
၁၄ကျိုင်းတောင်း ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၅၄
၁၅ရဲရွာ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ၁၉၇.၅
၁၆တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံ၁၂၀

စုစုပေါင်း၁၄၃၈.၅

Hydropower Stations under MOEP(1)

NoStation Name
Mega Watt
1Beluchaung -1 Hydro Power Station28
2Beluchaung -2 Hydro Power Station168
3Kingtar Hydro Power Stationုံ56
4Sedawgyi Hydro Power Station25
5Zawgyi -1 Hydro Power Station18
6Zawgyi -2 Hydro Power Station12
7Zhoungtu Hydro Power Station20
8Thaphenseik Hydro Power Station30
9Mone Hydro Power Station75
10Pounglong Hydro Power Station280
11Yenwe Hydro Power Station25
12Khaboung Hydro Power Station30
13Shweli -1 Hydro Power Station300
14Kengtawng Hydro Power Station54
15Yeywa Hydro Power Station197.5
16Tegyit Coal Power Station120

Total1438.5

လျှပ်စစ်စွမ်းအားကဏ္ဍ (၂၀၁၀ ခုနှစ် ဇူလိုင်လအထိ)

July 20, 2010
စဉ်
စက်ရုံများ
အရေ
အတွက်
စက်တပ်ဆင်အား
(မဂ္ဂါဝပ်)
တစ်နှစ်ထုတ်လုပ်နိုင်မည့်
ကီလိုဝပနာရီသန်းပေါင်း
လက်ရှိဓာတ်အားပေးစက်ရုံများ
၃၁
၂၄၅၃.၎
၁၅၀၃၇.၅
တည်ဆောက်ဆဲ စီမံကိန်းများမှ
ဖြစ်ပေါ်လာမည့်ဓာတ်အားပေး
စက်ရုံများ
၆၁
၄၁၁၁၃.၅
၂၀၈၇၅၃.၃၃
ဆက်လက်တည်ဆောက်မည့်စီမံကိန်း
များမှ ဖြစ်ပေါ်လာမည့် ဓာတ်အားပေး
စက်ရုံများ
၃၀၅.၀၀
၁၅၉၉

စုစုပေါင်း
၉၄
၄၃၈၇၁.၉၀
၂၂၅၃၈၉.၈၃
*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှ ဖြစ်ပါသည်။

စီမံကိန်းကာလအလိုက် တိုးတက်ရရှိလာမည့် စက်တပ်ဆင်အား

July 20, 2010
စဉ်
စီမံကိန်းကာလ/နှစ်
စီမံကိန်းကာလတွင်ရရှိလာမည့်
လျှပ်စစ်စက်တပ်ဆင်အားမဂါဝပ်
ပထမ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၀၅-၂၀၀၆)ခုနှစ်
၃၁၈၆
ဒုတိယ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၁၀-၂၀၁၁)ခုနှစ်
၈၆၂၀
တတိယ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၁၅-၂၀၁၆)ခုနှစ်
၁၁၁၅၄
စတုတ္ထ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၂၀-၂၀၂၁)ခုနှစ်
၁၂၀၇၆
ပဉ္စမ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၂၅-၂၀၂၆)ခုနှစ်
၁၇၂၀၂
ဆဌမ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၃၀-၂၀၃၁)ခုနှစ်
၂၃၃၂၄
*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှ ဖြစ်ပါသည်။

အနီးစပ်ဆုံးနှင့် အမြန်ဆုံးပြီးစီးသွားနိုင်မည့် စီမံကိန်းများ

July 20, 2010
စဉ်
စီမံကိန်းအမည်
စက်တပ်ဆင်အား
(မဂ္ဂါဝပ်)
ပြီးစီးမည့်ခုနှစ်
ရဲရွာစီမံကိန်း
၇၉၀
၂၀၁၀
ရွှေကျင်စီမံကိန်း
၇၅
၂၀၁၀
ချီဖွေငယ်စီမံကိန်း
၉၉
၂၀၁၁
ကွန်းချောင်းစီမံကိန်း
၆၀
၂၀၁၁
ဖြူးချောင်းစီမံကိန်း
၄၀
၂၀၁၁
နန်ချိုစီမံကိန်း
၄၀
၂၀၁၁
တာပိန်(၁)စီမံကိန်း
၂၄၀
၂၀၁၁
အထက်ပေါင်းလောင်းစီမံကိန်း
၁၄၀
၂၀၁၂
သောက်ရေခပ်(၂)စီမံကိန်း
၁၂၀
၂၀၁၂
၁၀
ဘီလူးချောင်း(၃)စီမံကိန်း
၅၂
၂၀၁၂

စုစုပေါင်း
၁၆၅၆

*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှ ဖြစ်ပါသည်။

ဆက်လက်တည်ဆောက်လျက်ရှိသည့် စီမံကိန်းများ

July 20, 2010
စဉ်
စီမံကိန်းအမည်
တည်နေရာ
ပြည်နယ်/တိုင်း
တပ်ဆင်စက်အင်အား
(မဂ္ဂါဝပ်)
မြစ်ဆုံ
ကချင်
၆၀၀၀
ယီနန်
ကချင်
၁၂၀၀
ခေါင်လံဖူး
ကချင်
၂၇၀၀
ဖီဇော
ကချင်
၂၀၀၀
ဝူဆောက်
ကချင်
၁၈၀၀
ချီဖွေ
ကချင်
၂၈၀၀
ချီဖွေငယ်
ကချင်
၉၉
လိုက်ဇာ
ကချင်
၁၉၀၀
တာပိန်(၁)
ကချင်
၂၄၀
၁၀
တာပိန်(၂)
ကချင်
၁၆၈
၁၁
တာခ
ကချင်
၁၂
နော်ချမ်းခ(စီမံကိန်း-၅ခု)
ကချင်
၁၀၅၅
၁၃
ဘီလူးချောင်း(၃)
ကယား
၅၂
၁၄
ရွာသစ်
ကယား
၆၀၀
၁၅
နမ့်ပွန်(စီမံကိန်း-၅ခု)
ကယား
၁၃၀
၁၆
နမ့်တဘတ်
ကယား
၁၁၀
၁၇
ဟတ်ကြီး
ကရင်
၁၃၆၀
၁၈
စိုင်းဒင်
ရခိုင်
၇၆.၅
၁၉
လေးမြို့
ရခိုင်
၅၀၀
၂၀
အမ်းချောင်း
ရခိုင်
၁၀
၂၁
သူဌေး
ရခိုင်
၁၁၁
၂၂
တာဆန်း
ရှမ်း
၇၁၁၀
၂၃
ရွှေလီ(၂)
ရှမ်း
၅၂၀
၂၄
ရွှေလီ(၃)
ရှမ်း
၁၀၅၀
၂၅
အထက်သံလွင်
ရှမ်း
၁၄၀၀
၂၆
အထက်ရဲရွာ
ရှမ်း
၂၈၀
၂၇
အထက်ဘီလူးချောင်း
ရှမ်း
၂၉
၂၈
အထက်ကျိုင်းတောင်း
ရှမ်း
၅၁
၂၉
နောင်ဖ/မန်တောင်း(စီမံကိန်း-၂ခု)
ရှမ်း
၁၂၀၀
၃၀
နမ့်လွေ(စီမံကိန်း-၅ခု)
ရှမ်း
၄၅၂
၃၁
နမ့်ခ
ရှမ်း
၂၀၀
၃၂
ရွှေစာရေး
စစ်ကိုင်း
၆၆၀
၃၃
မော်လိုက်
စစ်ကိုင်း
၅၂၀
၃၄
ထမံသီ
စစ်ကိုင်း
၁၂၀၀
၃၅
မဏိပူ
စစ်ကိုင်း
၃၈၀
၃၆
တနသာၤရီ
တနသာၤရီ
၆၀၀
၃၇
သကျက်
တနသာၤရီ
၂၀
၃၈
အညာဖ်ား
တနသာၤရီ
၃၉
ဘောဂတ
ပဲခူး
၁၆၈
၄၀
ကွန်းချောင်း
ပဲခူး
၆၀
၄၁
ဖြူးချောင်း
ပဲခူး
၄၀
၄၂
သောက်ရေခပ်(၂)
ပဲခူး
၁၂၀
၄၃
ရွှေကျင်
ပဲခူး
၇၅
၄၄
အထက်ပေါင်းလောင်း
မန္တလေး
၁၄၀
၄၅
နန်ချို
မန္တလေး
၄၀
၄၆
ရဲရွာ
မန္တလေး
၇၉၀
၄၇
အထက်ဆည်တော်ကြီး
မန္တလေး
၆၄
၄၈
အထက်ဗူး
မကွေး
၁၅၀
*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှဖြစ်ပါသည်။

By: သစ်ထူးလွင်

No comments:

Post a Comment