Wednesday, 21 December 2011 14:36 Eleven Media Group | |
ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၇) အမှတ်(၄၉) တွင် ဖော်ပြထားမှုကို တွေ့ရစဉ်
ရန်ကုန်တွင် ခုံးကျော်တံတားကြီးလေးစင်းကို အဆင့်နှစ်ဆင့်ခွဲခြား၍ လေးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းခုံးကျော် တံတားကြီးများတွင် ဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်ဟူ၍ ယခုတစ်ပတ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၇)၊ အမှတ်(၄၉)တွင် ဖော်ပြထားသည်။ ထို့အပြင် လျှပ်စစ်ဓာတ်အား သုံးစွဲခနှုန်းထားကို နှစ်ဆထိ တိုးမြှင့်ကောက်ခံသွားမည်မဟုတ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်ကြောင်း အဆိုပါ ရန်ကုန်တိုင်းမ်ဂျာနယ် တွင် ဖော်ပြထားသည်။ ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် ခုံးကျော်တံတားများထဲမှ ခုံးကျော်တံတားနှစ်ခုအား B.O.T စနစ်ဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့၌ နေပြည်တော်တွင်ပြုလုပ်ခဲ့သော မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောကြားထားခြင်း ဖြစ်သည်။ ''လှည်းတန်းခုံးကျော်အတွက် ကမ္ဘောဇဘဏ်က ငွေချေးယူပြီးလုပ်မယ်။ တာမွေ ငါးလမ်းဆုံအတွက် ကျွန်တော်တို့ စက်မှုဘဏ်က ချေးယူပြီးလုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တွေအတွက်ကတော့ တာဝန်ယူမယ့်ကုမ္ပဏီက အရင်းစိုက်ထုတ်လုပ်မယ်။ BOT စနစ်နဲ့ လုပ်သွားမှာပါ'' ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြောကြားချက်ကို Biweekly Eleven Journal တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့ပြင် နိုဝင်ဘာလ ၂၈ ရက် နေ့မီဒီယာတွေ့ဆုံပွဲအပြီး နောက် ထုတ်ဝေခဲ့သော အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ရွှေဂုံတိုင်နှင့် ဘုရင့်နောင်ခုံးကျော်တံတားများကို သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီ များ၏ရင်းနှီးမြှုပ်နှံမှု (Build, Ope-rating, Transfer- BOT) စနစ်ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ![]()
(၁) 7Day News ဂျာနယ်၊ (၂) Popular News ဂျာနယ်နှင့် (၃) မြန်မာတိုင်း(မ်) ဂျာနယ်တို့တွင် ဖော်ပြထားမှုကို တွေ့ရစဉ်
''ကျွန်တော်တို့အနေနဲ့ တရားဝင်ရရှိတဲ့ သတင်းကိုရေးတာပါ။ လျှပ်စစ်မီတာခ တိုးမယ်ဆိုတာလည်း ဒုဝန်ကြီးကိုယ်တိုင်ပြောတာ ဖြစ်သလို ခုံးကျော်တံတား BOT စနစ် ကျင့်သုံးမယ်ဆိုတာလည်း MIC ဥက္ကဋ္ဌကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါပဲ။ BOT ဆိုတာ နားလည်တာက ဆောက်ပြီး ငွေပြန်ကောက်တာ။ မလုပ်သင့် မလုပ်ထိုက်တာကိုလည်း စတုတ္ထမဏ္ဍိုင် တစ်ခုဆိုတာနဲ့အညီ ထောက်ပြခဲ့တာပဲဖြစ်တယ်။ ဒါဟာ မဟုတ်မမှန် သတင်း မဟုတ်ပါဘူး။ အခု ရန်ကုန်တိုင်းမ်မှာ မီတာခနှစ်ဆတိုးမြှင့်မယ်ဆိုတာ မဟုတ်မမှန်ဆိုပြီး ငြင်းထားတယ်လို့ ဆိုထားတယ်။ ပြည်သူအတွက် အ ကျိုးမရှိဘူးဆိုလည်း ပြင်လိုက်ရုံပဲရှိတာပေါ့။ အခု မြန်မာနိုင်ငံစီးပွားရေး အခြေအနေကတော့ အားရစရာ မရှိသေးဘူး။ လာဘ်ပေး၊ လာဘ်ယူက ထူပြောနေတုန်း ရှိသေးတယ်။ လူထုရဲ့စီးပွားရေးအခြေအနေ၊ လူနေမှု အဆင့်အတန်း မြင့်တက်မလာသေးဘူး။ လူတွေ သက်သာချောင်ချိမလာသေးဘူး။ အရင်တုန်းက စီးပွားရေးကို လက်ဝါးကြီးအုပ်ခဲ့တာ လုပ်ငန်းရှင်ကြီး လေး၊ ငါးယောက်။ အခု လေး၊ ငါးယောက်နေရာမှာ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်ကြီးနှစ်ယောက်၊ သုံးယောက် လောက်ကို ဖယ်ထုတ်ပြီး ကျန်တဲ့တိုင်းရင်းသားလုပ်ငန်းရှင် အမည်ခံ ၁၄၊ ၁၅ ယောက်က အခု လက်ဝါးကြီးအုပ်ဖို့ ပြင်ဆင်နေတယ်လို့ လူအများစုမြင်နေကြပြီ။ လုပ်ငန်းတွေအားလုံး သူတို့ချည်းပဲရနေတာ။ တချို့ ရင်းနှီးမြှုပ်နှံဖို့ပေးတဲ့ဟာတွေမှာလည်း မီဒီယာကို တရားဝင် Transparency ရှိရှိ ပေးထားတာမျိုးတွေ မရှိဘူး။ အခု အစိုးရသစ်လက်ထက်မှာ ဘယ်စက်ရုံတွေ၊ ဘယ်မြေကွက်တွေကို ဘယ်လို ရောင်းချငှားရမ်းတယ်၊ ဘယ်နှုန်းနဲ့ဆိုတာ မသိရသလို ကြိုတင်ကြေညာတာမျိုးလည်း မရှိဘူး။ ဘယ်စက်ရုံ ဘယ်သူရသွားတယ်ဆိုတာလည်း နောက်ဆုံးစက်ရုံဖွင့်မှ သိရတာမျိုး ဖြစ်နေတယ်။ အရင်အစိုးရနဲ့ အခုအစိုးရက မတူဘူး။ ဒါကြောင့် ဒီမိုကရေစီ အစိုးရ ပီပီသသ Transparency ရှိတာမျိုး မြင်ချင်ပါတယ်။ လာဘ်ပေး လာဘ်ယူရှိရင် တိုင်ကြားနိုင်သည်ဆိုတာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လက်တွေ့ကျကျ သတင်းထုတ်ပြန်တာမျိုး ဖြစ်စေချင် ပါတယ်။ သတင်းစာရှင်းလင်းပွဲလုပ်မှ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုက စီးပွားရေးအပေါ်မှာ ယုံကြည်မှုမရှိဘူးလို ဖြစ်နေတယ်။ အခုထက်ထိ လူတော်တော်များများဟာ သူတို့ငွေတွေ အားလုံးကို ငွေရလွယ်တဲ့ အိမ်၊ ခြံ၊ မြေ၊ ကားတွေမှာပဲ ရင်းနှီးမြှုပ်နှံတယ်။ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေက အခုထက်ထိ အားနည်းနေတုန်းပါပဲ။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေကလည်း အခုထက်ထိ မ၀င်သေးဘူး။ လာဘ်ပေး၊ လာဘ်ယူနှုန်းထားကို မလျော့ချနိုင် ရင်တော့ ရင်းနှီးမြှုပ်နှံတဲ့သူတွေ တော်တော် အခက်အခဲတွေ့လိမ့်မယ်။ အခုလည်း နိုင်ငံတကာပွဲစားတွေ ပြည်တွင်းက သက်ဆိုင်ရာကိုပိုင်တဲ့ ပွဲစားတွေချည်းပဲ၊ ရင်းနှီးမြှုပ်နှံမှုမှာ ခြေရှုပ်နေတယ်။ ပထမဆုံး ရင်းနှီးမြှုပ်နှံဖို့ လာတဲ့သူတွေနဲ့တင် ကျွန်တော်တို့ နာမည်ပျက်သွားလိမ့်မယ်။ တိုင်း ပြည်ရဲ့ရေရှည်အကျိုးစီးပွားအတွက် စတုတ္ထမဏ္ဍိုင်အနေနဲ့ ကျွန်တော်တို့ ထောက်ပြနေတာကို အလေးအနက်ထား စဉ်းစားစေချင်ပါတယ်။ တိုင်းပြည်ကောင်းဖို့ ကျွန်တော်တို့အားလုံး ၀ိုင်းလုပ်ကြဖို့လိုပါတယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
''ဒီလို သတင်းစာရှင်းလင်းပွဲတွေ မဖိတ်တာမျိုးကအစ ကျွန်တော်တို့အပေါ် မမြင်နိုင်တဲ့ ဖိအားတွေပေးတာ မသင့်တော်ဘူးလို့ပဲ ကျွန်တော်တို့ မြင်တယ်။ လူကျွံဘောဖမ်းကစားတာကို မကြိုက်ဘူး''ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်ကပြောကြားခဲ့သည်။ ထပ်မံသိရှိရသော သတင်းများအရ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံတို့တွင် တည်ဆောက်မည့် ခုံးကျော်တံတားများကို FMI ကုမ္ပဏီနှင့် လှည်းတန်း လမ်းဆုံ ခုံးကျော်တံတားကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီတို့က တည်ဆောက်ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။ |
Sunday, January 29, 2012
ခုံးကျော်တံတားဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် မီတာခ နှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း သတင်းများ ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြထား
Subscribe to:
Post Comments (Atom)
Comments
တော်ကြာ.....ခြံထဲက အမှိုက်ပုံမှာ ရေသန့်ဗူးရယ်...ဓါတ်ခဲဟောင်းရယ်...မီးခြစ်ဆံယမ်းရယ် တွေ့လို့....လက်လုပ်ဗုံးတွေ့တယ်ဆိုပြီးထောင်ဒဏ် ၂၀ နှစ်လောက် မိသွားအုံးမယ်ဗျ..
ဒီအစိုးရ အမျိုးမျိုးပြောနေတာ......
အစိုးရသက် ၁ နှစ်လောက်နဲ့ ဘယ်ခရီးကို သွားနေတာ
ဆိုတာ စာဖတ်သူတွေ သိကုန်ဘီဗျာ...
ပြောခိုင်းရင်ဒီလိုပြောလိုက် ဟိုဟာဆိုဟိုဟာပြောလိုက်နဲ့ မကောင်းတဲ့မိန်းမတောင်သူတို့လောက်အပြောင်းအလဲမြန်မှာမဟုတ်ဘူး ကောင်းအောင်ထောက်ပြရင်လည်းလက်မခံတဲ့အပြင်ဖိနှိပ်သေးတယ်တော်တော်တော့ဟုတ်တော့ဟုတ်နေပြီ
ဟို Singapore ကိုအမှီမလိုက်ခင်...မြို့ထဲမှာ ပလက်ဖောင်းတွေနဲ့ မြို့သစ်မှာမြေကြီးလမ်းတွေကို ကွန်ကရစ် အရင်ခင်းပေးပါလား။
လာဘ်ယူတာမကင်းသေးဘူးတဲ့..
ကြားဘူးတာလေးပါ...ဘယ်အဆင့်အောက်ဆို လာဘ်ယူတယ်..
ဘယ်အဆင့်အထက်ဆို...(အတွေ့အကြုံရှိသူတိုင်းသကြပါလိမ့်မည်)...ဘာပြုတယ်ဆိုလား?
အခုတလောကြားနေရတယ် ကုမ္ပဏီကိစ္စတွေ...
ပြိုင်စရာမလို...အပိုင်ပါအကို တဲ့...
(အသံတွေ နားဆွင့် လိုက်မိလို့ပေါ့..)
သူတို့ခေတ်နဲ့ သူတို့အရွယ်...ကနေလိုက်ကြတာ..
ခါတော်မီဇာတ်ခင်းနေကြသလိုပဲ...
ကိုယ်အသက်လည်း ကိုယ်ပြန်ကြည့်ဦး...
နောက်ထပ် ၅ နှစ်ထပ်ပေါင်းလိုက်..ဘလောက်ရှိပြီလဲ..
ဘယ်သူစားဖို့လုပ်နေကြတာလဲ...
သေတော့လည်း..
အလွန်ဆုံးရှိမှ...ဂူလေးတစ်လုံး..
မီးသဂြိင်္ုလ်ရင် တာယာ အလုံး ၂၀ (ပိုပေးထားတာပါ)...
ခင်ဗျားတို့ သားသမီးတွေ..မြေးတွေ၊မြစ်တွေ၊အမျိုးအဆွေ နောင်လာနောင်သားတွေ...မျက်နှာပျက်အောင်ခင်ဗျားတို့လုပ်နေကြဦးမှာလား...
ကိုယ်နဲ့တန်ရာသာယူပါ..မေတ္တာဖြင့်ပေးခြင်း..လက်ခံခြင်းဟာအေးမြပါတယ်...
ဘယ်လောက်ကြာရှည်ခံမှာမို့ ဖက်တွယ်နေတာလဲ...
ယုံကြည်မှုကို အလွဲသုံးစားမလုပ်စေချင်ပါ..
သခင်စိတ်ဓါတ်မွေးပါ...
သူများဆီက အဓမ္မယူတဲ့ ...သူပုန်၊သူခိုး
သူများပေးစာကမ်းစာယူတဲ့....ကျွန်၊သူဖုန်းစား စိတ်ဓါတ်တွေစွန့်လွှတ်ကြပါတော့...
နောင်လာနောင်သားတွေ မျက်နှာမပျက်ကြပါရစေနဲ့..
ကြိုက်ပါသည်...
CEO ပြောစကားများကို....
From what i read, it is more about expanding.
I am not saying expanding is the wrong way, but this approach can be for the benefit of certain person or group rather than for the benefit of public without TRANSPARENCY.
........နောင်ဘ၀ မြန်မာပြည်မှာလူပြန်ဖြစ်ရပါလို့ ဘုရားရှေ့မှာနေတိုင်းဆုတောင်းရမလိုဖြစ်နေပြီ
ရိုးဟိုးဟိုးနေပြီ။
သူတို့နာမည်ခံရမှာကြောက်လို့ သူများပေးလုပ်နေတာများ....
မကောက်ဘူးသေချာရင် သူတို့ဟာသူတို့ ဆောက်ကြမှာပေါ့။
သူတို့ဆောက်ရင် သူတို့ မြတ်နေတာ ဘယ်မှမကြည့်နဲ့။
လမ်းတံတားစီမံကိန်း နားမှာဖွင့်တဲ့ ယာယီဆိုင်တွေဘဲကြည့်။
အဲဒါ သူတို့နဲ့ ပတ်သတ်တဲ့ဟာတွေဘဲ ဖွင့်လို့ရတာ။
ဒါအောက်ခြေ၀န်ထမ်းထောတာဘဲရှိသေးတယ်။
စဉ်းစားကြည့်လို့ရပါတယ်။
ပြောချင်တာ တစ်ခုတော့ ရှိတယ်။
ပြည်သူတွေကို နားလည်ချင်သလိုလို လုပ်ပြီး ပါးရိုက်ဖို့ မကြံစည်ပါနဲ့။
ဆိုလိုတာကငါကသာလိုက်ဝေဖန်မယ်ငါ့ကိုမဝေဖန်နဲ့ဆိုတဲ့သဘောလား...ရှင်းလင်းအောင်ပြန်လည်တင်ပြပေးစေလိုပါတယ်...ကျွှန်တော်ရေးလိုက်သောကွန်းမန့်တွင်အပြုသဘောဝေဖန်ခြင်းသက်သက်သာဖြစ်ပါသည်...ကျွှန်တော်၏ကွန်းမန့်တွင်ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားခြင်းမျိုးလုံးဝ(လုံးဝ)မပါဝင်ပါ
ပြောင်း မည်ဟုသာပြောသော်လည်း...အရိုးစွဲဂျီးကပ်နေသော
ေ*ာက်ကျင့်များက ပြင်၍မရပါ။ သို့ကြောင့် အရိုးစွဲ နေသော အရူးကွက်နင်းနည်း ရူးချင်ယောင်ဆောင် နည်း များဖြင့် သာ အသစ်ဖွဲ့စည်း လိုက်သည်ဆိုသော အသစ်ကလေး အစိုးရကိုေ*ာက် ကျင့်ဟောင်းများဖြင့် ဦးဆောင်နေပါသည်။ ကျွန်တော့် အမြင်တော့ ယခု အချိန်အထိ မြန်မာပြည် တွင် ဥပဒေ ၂ မျိုးသာ ရှိပါသေးသည်။ ခုတမျိုး တော်ကြာတမျိုးပါ။ အစိုးရသစ်လေးကို အမွှန်းတင်လိုသူများ လက်မခံ ချင်လည်း မတတ်နိုင်ပါ။ သမ္မတ မှစ၍ ညွှန်ချုပ်အဆုံး ယခုတိုင်အောင် ခု တမျိုး တော်ကြာ တမျိုးပြောသည်ကို တွေနေ့ရ ဆဲပါ။ သူတို့ အချင်းချင်းလည်း မညီပါ။ လွတ်တော် ဥက္ကဌက တမျိုးပြော ၊ သမ္မတ က တမျိုးပြော ၊ တိုင်းဝန်ကြီးချုပ် နှင့် မြို့တော် ၀န် အလုပ်ကို ရင်းနှီး မြှုတ်နှံမှုကော်မရှင် က၀င်လုပ် နှင့် နောင် Asean ဥက္ကဌ ဖြစ်တော့မည့် အစိုးရ တွင် accountability and responsibility လူလွဲ နေရာလွဲ ဖြစ်နေဆဲပါ။
မာဆက်ရောက် နေမှာပေါ့။။။
(အဲ့ဒီအခန်း ဖြတ် ") ဇာတ်ကားမှ ကူးယူဖော်ပြသည်။။။
2) Minister r not my buddy.
3) My intention is just to correct the technical misunderstanding or misinterpretation.
4) I really wish Eleven to improve.We need that kind of media.
Quoting koygnmm:
BOT system ဟာ contract ပေါ်မှာ မူတည်တယ်ဆိုပေမယ့် မိတ်ဆွေရဲ့ ၀န်ကြီးတွေပြောခဲ့တဲ့စကားတွေအရကတော့ ရှင်းနေတာပဲ။ ခုတော့ သူတို့ပြောတဲ့ BOT system က အဲလိုမဟုတ်ပါဘူးဆိုပြီးပြောတယ်ဆိုရင်တော့ ကျနော်နဲ့တကွ ပြည်သူတွေစာအဖတ်မှားပြီး နားလည်မူမှားတယ်ထင်ပါတယ်။ BOT system အကြောင်းကို အသေးစိတ်ပိုသိချင်ရင် အောက်ကလင့်ခ် ရှာကြည့်ရင်ရပါတယ်။ http://en.wikipedia.org/wiki/Build-operate-transfer
ရန်ကုန်ဥကဌကလည်း အင်မတန် မိန်းမရှုပ်တယ်လို့ကြားပါတယ် ဖွန်ကြောင်ကြီးပါ
ပဲခူး တိုင်း/ယာ ဘ၀ တုန်းကလည်း မဟုတ်တာလုပ်လို့ ပြုတ်တော့မလို
အခုမှ လူကြီးလူကောင်းဟန်ဆောင်နေတာပါ မူကလည်း အခုတစ်မျိုး တော်ကြာတစ်မျိုးပဲ လျောက်လုပ်နေတာပါ
We, public need transparent and crystal clear information.
မီတာခ နှစ်ဆတက်မယ်ဆိုတာကို ၀န်ကြီးကိုယ်တိုင်ပြောခဲ့သလို အဲ့ဒိနေ့က MRTV 4 မှာလည်း တောက်လျှောက်စာတန်းထိုးခဲ့တာပါ။ ဒါတောင် မီတာတစ်ယူနစ်ရဲ့ အရင်းက 65 ကျပ်လောက်တောင် ကုန်ကျတယ်ဆိုပြီး (၀န်ကြီးက သူ့ပုထွေးတွေကို အလားကားမီတာပေးသုံးထားတာတွေကိုပါ ပြည်သူလူထုဆီကနေ ထည့်ကောက်နေလို့ တစ်ယူနစ်အတွက် အရင်းက ဒီလောက်ကျတာဖြစ်မယ်) MRTV 4 မှာ စာတန်းထိုးခဲ့တာပါ။
မှန်ပါတယ် ။ ။ ဒါပေမယ့် MRTV သတင်းမှာတော့ တရားဝင်မပါပါဘူး . . .
ဒါက ၀န်ကြီးတွေက ထုံးစံအတိုင်း ပြည်သူတွေကိုမတရားလုပ်ချင်တာကို Media ကနေ ပြည်သူလူထုကို သွေးတိုးစမ်းကြည့်တာ။
အဲ့ဒိမှာ Eleven အပါအ၀င် တချို့မီဒီယာတွေက ပြည်သူတွေရဲ့အသံကို ဖော်ပြလိုက်တော့ 35 ကျပ်ဖြစ်သွားတာဖြစ်မှာပါ။
ဒါပေမယ့် ၀န်ကြီးတစ်ယောက်အနေနဲ့ ကိုယ့်ပါးစပ်က ပြောခဲတဲ့စကားကို မဟုတ်မမှန်သတင်းပါလို့ ပြန်ပြောတာကတော့ . . . . . စဉ်းစားသာကြည့်လိုက်ပါတော့ စာဖတ်သူတို့ ကျွန်တော်ပြော့တဲ့ လျှပ်စစ်ဝန်ကြီးပါစပ်က ..ဆိုတာကိုလေ . . . .
(အမှန်အတိုင်းပြောရလို့ ရိုင်းတာရှိလျှင် စာဖတ်သူတို့ ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။)
မရှေးမနှောင်း ကာလတွင် ရန်ကုန် မြို့ကြီးသည် လူဦးရေ ၁ဝ သန်း အထိ ရှိလာနိုင်မည် ဖြစ်ရာ ထိုလူဦး ရေ၏ ကားများ၊ အမှိုက်များ၊ ရေနှင့် မိလ္လာ ကိစ္စများကို ယခုက တည်းက ကြိုတင် စဉ်းစားထားရမည် ဖြစ်သည်။ ထို့ကြောင့် ”ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေး စီမံကိန်း” (့Yangon City Development Plan) ကို စနစ်တကျ ရေးဆွဲကာ ထိုစီမံကိန်း ထဲတွင် ကျန်း မာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးများ ကိုလည်း အတိအကျ အဓိက ဆောင်ရွက်ရမည် ဖြစ်သည်။
ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ လည်း ဆောင်ရွက်ရန် စင်ကာပူမှ အဖွဲ့က တာဝန်ယူ လုပ်ဆောင်သွား မည်။ ထိုအဖွဲ့က မကြာမီ မြန်မာ ပြည်ရောက်လာကာ အမြန်ဆုံး အကောင်အထည် ဖော်မည်။ မြေအောက် ရထားလုပ်ရန် လောလောဆယ် မလွယ်ကူ သေးသော်လည်း ရန်ကုန်မြို့တွင် မိုးပျံရထား ( Sky Train ) အစီအစဉ် လုပ်နိုင် စရာ ရှိ ကြောင်းလည်း ပြောကြားသွားသည်။
သီလဝါ အထူး စီးပွားရေးဇုန် မကြာမီ အကောင်အထည် ပေါ် လာမည် ဖြစ်ပြီး နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ရရှိလာတော့မည် ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လင်း လာပြီး လူသန်းနှင့် ချီ၍ အလုပ်များ ရလာမည် ဖြစ်ကြောင်း၊ သီလဝါ အထူး စီးပွားရေး ဇုန်တွင် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံ စသည် တို့ကလည်း ရင်းနှီးမြှုပ်နှံ မှုများ သဘောတူ စာချုပ် ရေးထိုး ရန် စီစဉ်ထားပြီး ဖြစ်၍ မကြာမီ အကောင်အထည် ပေါ်လာတော့ မည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိမ်း က ရှင်းလင်းပြောကြားခဲ့သည်။
လှည်းတန်း၊ တာမွေ၊ ရွှေဂုံ တိုင်၊ ဘုရင့်နောင် စသည့် လမ်းဆုံ များတွင် ခုံးကျော် တံတားများကို လေးလ အတွင်း အပြီးတည်ဆောက် ပေးမည် ဖြစ်သည်။ ပါရမီ ခုံးကျော် တံတားပြီးလျှင် ရထားစောင့်၍ ကားအသွားအလာ နှောင့်နှေးခြင်းမှ ကင်းမည်။ ထို့အပြင် အရေးတကြီး လူနာများ ဆေးရုံအမီ ရောက်ရေး မှအစ မီးဘေးကိစ္စ များတွင် အပြေးအလွှား ဝင်ထွက် သွားလာရေးတို့တွင် ယာဉ်ကြော ပိတ်ဆို့မှုမှ ကင်းဝေးမည့် အကျိုးများကို ခံစားကြရမည်။ ရန်ကုန်မြို့တွင် ခုံးကျော်တံတား များ ဆောက်လုပ်ခြင်း သည် နိုင်ငံတော် သမ္မတကြီး၏ ပြင်းပြသော စေတနာကို အကောင် အထည်ဖော်ခြင်း ပင် ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး အဖွဲ့ အနေဖြင့် ရန်ကုန်မြို့ရှိ လမ်းများကို ယခု ပြင်ဆင်နေသည်။ ယခင် ကကဲ့သို့ နေ့အခါ ယာဉ်သွား ယာဉ်လာများ ချိန်မပြင်ဘဲ ယခု ယာဉ်ကြော ရှင်းလင်းချိန် ညပိုင်းတွင်သာ ပြင်ဆင်နေ သည်ဟုလည်း သိရ၏။
ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ ဖြစ်အောင် လုပ်မည်ဟူသည်မှာ အိပ်မက် တစ်ခုဖြစ်သည်ဟု ပြောလျှင် ရကောင်းရမည် ဖြစ်သည်။ သို့သော် ထိုအိပ်မက်ကို ကြိုးစား ပြီး ဖြစ်အောင် လုပ်ဖို့ သန္နိဋ္ဌာန်ချထား ကြောင်းလည်း ပြောကြား၏။ ရန်ကုန်မြို့တွင် ရေနှင့် မိလ္လာ စနစ်၊ သောက်ရေ သုံးရေ ဖြန့်ဖြူးရေး စနစ်များလည်း အားနည်းနေရာ UNDP ကဲ့သို့သော ကုလ သမဂ္ဂ အဖွဲ့အစည်း များကလည်း ထို စနစ် များကို ပြုပြင်ရာတွင် အကူအညီ ပေးမည်ဟု ဆိုသည်။ နိုင်ငံတကာမှ အကူအညီများ မရမီ စပ်ကြားတွင် နိုင်ငံတော် အနေဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်း ဆောင်ရွက် မည်။ မီးလောင်နေတာကို ထိုင် မကြည့်နိုင်ဘူး၊ တတ်နိုင် သမျှတော့ ဝိုင်းငြှိမ်းရမည့် ပုံစံမျိုး ဖြစ်မည်ဆို၏။
Eleven ရေ မှန်တာတွေပြောလို့  ရွာအပြင်ထုတ်ခံထိတယ်လို့ 
သဘောထားလိုက်ပါ...
ကျွန်တော်တို့ တွေ ရွာအပြင်ကနေ (အမှန်တွေကို)အော်နိုင်သလောက် ဆက်အော်ကြတာပေါ့...
BOT is more than Built Operate Transfer. Not that simple. It can be different according to the nature of the project or the way they contract. BOT also does not simply means ဆောက်ပြီး ငွေပြန်ကောက်တာ.
There can be varieties of concession agreements btw state and developer or contractors or any other parties.
[quote name="koygnmm"]BOT စနစ်ဆိုတာ ဘာလဲဆိုတာကော အဲဝန်ကြီးဆိုတဲ့လူတွေက သေချာနားလည်ရဲ့လားမှမသိတာ။
သိပ်ကိုမှန်ပါတယ်.. အကယ်၍များ ဖြုတ်ချသင့်တာတွေ ရှိနေရင်တော့ ဘယ်သူ့နဲ့ဆက်နွယ်နေလို့ဆိုတာတွေ ထည့်မစဉ်းစားသင့်ပါဘူး။