Sunday, January 29, 2012

မြန်မာတစ်နိုင်ငံလုံး၏ လက်ရှိလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းသာ ရှိသေးရာ ငါးနှစ်စီမံကိန်း ရေးဆွဲ၍ တိုင်းရင်းသားလူမျိုးများ လျှပ်စစ်မီးသုံးစွဲနိုင်ရေး အဓိကထား ဆောင်ရွက်သွားမည်ဟုဆို

လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ၂၂ရာခိုင်နှုန်းသာရှိသေး ရာ ငါးနှစ်စီမံကိန်းရေးဆွဲ၍ တိုင်းရင်းသားလူမျိုးများ လျှပ်စစ်မီးသုံးစွဲနိုင်ရေး အဓိကထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၉ ရက် နေ့က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက “မြစ်ကြီးနားဘက်မှာ ချီဖွေရေအားလျှပ်စစ်ပြီးပါပြီ။ မဂ္ဂါဝပ် ၁၀၀ လောက်သယ်ပြီး ကချင်ပြည် နယ်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား ဓာတ်အားရရှိရေး ဆောင်ရွက်ပေးမယ်။ ၂၀၀၄- ၂၀၀၅ ခုနှစ်ကုန် လောက်ဆိုရင် လောက်ကိုင်၊ ကွန် ဟိန်း၊ ပင်းတယတို့မှာလုပ်တဲ့ လုပ်ငန်းတွေက ရှမ်းပြည်နယ်အတွက် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ တောင်ကြီးပတ်ဝန်းကျင်မှာ အင်းဒေသမီးရရှိရေး၊ ဓနုဒေသမီးရရှိ ရေးစတဲ့ တိုင်းရင်းသားတွေအတွက် ရည်ရွယ်ပြီး ၂၀၁၁-၂၀၁၂ မှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မော်လမြိုင် မှာ ၂၃၀ ကေဗွီအေဓာတ်အားလိုင်းက သထုံကနေ မော်လမြိုင်ကို ရောက်ပါတော့မယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ပြီးပါမယ်။ ပြီးရင် ဓာတ်အားရပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်အတွက် ဓာတ်အားလုံလုံလောက်လောက် ပေးနိုင်မှာဖြစ်ပါတယ်။ ဒီနှစ်မှာ ရွှေတောင်ကနေ မြောင်းတကာ ဒီမှတစ်ဆင့် ရန်ကုန်ကိုဓာတ်အားလိုင်း ထပ်ထည့်ရပါတယ်။ မြောက်ဘက်ပိုင်းက ထုတ်တဲ့ဓာတ်အားတွေကို ရန်ကုန်ကို သယ်နိုင်ဖို့အတွက် လုပ်ရတာပါ။ ရန်ကုန်မှာ ဓာတ်အားကောင်းလာတာ နဲ့ အသုတ်၊ ပုသိမ်တို့ စတဲ့  ဧရာဝတီ တိုင်းဓာတ်အားရရှိရေး ဆောင်ရွက်ပါ မယ်”ဟု ပြောကြားခဲ့သည်။
“၂၀၁၂- ၂၀၁၃ ခုနှစ်မှာ မဖြစ်မနေဆောင်ရွက်မှာက ရွှေတောင်က နေ တောင်ကုတ်ကို ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်းဆွဲပါမယ်။ တောင် ကုတ်ကနေ မအီ၊ မအီကနေ အမ်း၊ အမ်းကနေ မန်းကိုဆွဲပါမယ်။ ဒါကို National  Grip နဲ့ဆက်ထားတာဖြစ် ပါတယ်။ National  Grid ကနေ ထွက်တဲ့ဓာတ်အားကိုယူပြီး တောင်ကုတ်၊ မအီ၊ အမ်း၊ ကျောက်ဖြူ စတဲ့ဒေသ တွေကို ၂၀၁၂ -၂၀၁၃ ခုနှစ်မှာဓာတ် အားရောက်နိုင်အောင်လုပ်ပါမယ်။ ၂၀၁၂ -၂၀၁၃ ခုနှစ်မှာမရောက်ရင် ၂၀၁၄ ခုနှစ် နောက်အကျဆုံးပြီး အောင်ဓာတ်အားလိုင်းကိုဆောက်မှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရခိုင် ပြည်နယ်၊ အမ်းကနေ တောင်ဘက် ခြမ်းတစ်ခြမ်းလုံး ၂၄ နာရီမီးရပါ မယ်။ ဒီအတွက် ပစ္စည်းတွေအားလုံး ၀ယ်ယူနေပြီ။ ရခိုင်မှာ ကျောက်ဖြူ ကနေ အောက်ပိုင်းအားလုံး ၂၄ နာရီ မီးရမယ်။ ၂၀၁၄ ခုနှစ် အကုန်မှာရ မယ်လို့ခန့်မှန်းပါတယ်။ အမ်းကို ရောက်ပြီးရင် အမ်းကနေ ကျောက် တော်ကို ၂၃၀ ကေဗွီအေ ဓာတ်အား လိုင်းဆက်ဆွဲပါမယ်။ ကျောက်တော်-ပုဏ္ဏားကျွန်း- စစ်တွေဆွဲပါမယ်။ ၂၀၁၄-၂၀၁၅ ခုနှစ်ကုန်ရင် ရခိုင်ပြည် နယ်သည် အြေငသညွေူမငစ ကနေ မီး ၂၄ နာရီရသွားပါမယ်လို့အာမခံပါ တယ်”ဟု အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကဆက်လက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် မဂ္ဂါဝပ် ၂၃၉၀၀ ကျော် ရှိပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုပမာဏသည်မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ရှိသေးကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံ၌အရန် လျှပ်စစ်ဓာတ်အား အဖြစ် မဂ္ဂါဝပ် ၆၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အရန်လျှပ်စစ်ဓာတ် အားအဖြစ် မဂ္ဂါဝပ် ၃၀၀ သာရှိကြောင်း ထပ်မံပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်းသာရှိ သေးသော်လည်း ငါးနှစ်စီမံကိန်းပြီး သွားချိန်၌ မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုပမာဏ မှာ ၄၀ ရာခိုင်နှုန်းအထိ ရောက်ရှိ လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏လျှပ်စစ်ကဏ္ဍ
အကျယ်အ၀န်း၆၇၆၆၀၀ စတုရန်းကီလိုမီတာ
လူဦးရေ၅၄သန်း
စက်တပ်ဆင်အင်အား၂၇၂၁မဂ္ဂါဝပ်
အများဆုံးထုတ်နိုင်သည့် ဓာတ်အား၁၉၀၀ မဂ္ဂါဝပ်
အများဆုံးဝန်အား၁၅၈၈ မဂ္ဂါဝပ်
အရန်ဓာတ်အား၃၁၂ မဂ္ဂါဝပ်
တစ်နှစ်ဓာတ်အားထုတ်လုပ်မှု၈၃၉၇ ယူနစ်သန်းပေါင်း
တစ်နိုင်ငံလုံးဓာတ်အားသုံးစွဲနိုင်မှုအချိုး၂၂ရာခိုင်နှုန်း

 

Comments 

 
+4 #9 khinmgu 2012-01-21 14:15
ရခိုင်ပြည်မြောက်ပိုင်းက လူတွေဟာ နိုင်ငံတော်လျှ့ပ်စစ်မီးကို စောင့်ရင်း စောင့်ရင်း စောင့်ရင်း နဲ့ပဲ အသက်ကုန်ခဲ့ကြရပီ။ ပြည်နယ်ဝန်ကြီးချုပ်ခင်ဗျား ... အလုပ်လုပ်(ချင်ယောင်ဆောင်)ပါအုံး ...။
 
 
+25 #8 အောင်ဘု 2012-01-19 19:40
တောင်ပေါ်ဒေသကလူတွေ ပိုပြီးအသက်ရှည်ကြသတဲ့ လျှပ်စစ်မီးမြင်ဖူးအောင် စောင့်ရင်းစောင့်ရင်းနဲ့ အသက်ရှည်ကြတာထင်ပ
နောက်ငါးနှစ်ပြည့်လို့ လျှပ်စစ်မီး ရုတ်တရက်မြင်လိုက်ရင် ဝမ်းသာလွန်းဆို့ပြီး ရှော့ ဖြစ်တက်လို့ ခံနိုင်ရည်ရှိအောင်
အခုကတည်းက ကြိုပြီးကျင့်ထားကြအုံး (နောက်မှ ဟတ် ထိတယ်မလုပ်ကြနဲ့ )
 
 
+23 #7 Rain 2012-01-19 14:24
အခြားမြို့ ရွာတွေတော့မီတာတလုံးရဖို့ ဘယ်လောက်ကုန်ကျသလဲ
မသိဖူး..ကျွန်တော်တို့ မွန်ပြည်နယ်ကကျေးရွာတွေမှာတော့ ကိုယ်ထူကိုယ်ထ မီးရရှိရေးကော်မတီတွေဖွဲ့ ပြီး မီတာတလုံးကို ၅ သိန်း ၆ သိန်းလောက်ပေးရပါတယ်..
ထရမ်စဖော်မာ..မီးတိုင်..မီးကြိုး မှစပြီး လျှပ်စစ်မီးသွယ်ဖို့ လိုအပ်တာအားလုံးကို ကိုယ့်ဖာသာကိုဝယ်ရတာကို အထူးမပြောလိုပေမဲ့..အဲဒီလို မီးသွယ်ခွင့်ပြုချက်ရဖို့ မြို့ နယ်လျှပ်စစ်မှူး..ပြည်နယ်လျှပ်စစ်မှူး
ညွှန်ကြားရေးမှူး စသူတို့ ကိုပေးရတဲ့ကုန်ကျစရိတ်တွေကအရမ်းများနေတာကတော့ မကျေနပ်စရာပါ..(စုစုပေါင်းကုန်ကျစရိတ်ရဲ့ လေးပုံတပုံလောက်ပေးရတယ်လို့ ဆိုပါတယ်..)...ပြီးတော့မီးကော်မတီတွေကလည်း ဘယ်တော့မှစာရင်းရှင်းတမ်းတွေလုပ်တာမရှိပါဘူး...ကျေးရွာနေလူတန်းစားတွေအတွက်ကတော့ ၅ သိန်းဆိုတာ အန်မတန်များတဲ့ပမာဏပါ..ဒီပုံစံနဲ့ ဆိုရင် သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးစီမံချက်တွေအောင်မြင်ဖို့ ခက်ခဲပါလိမ့်မယ်...အမှတ်(၂)ဝန်ကြီးအနေနဲ့ အထက်ပါအဖြစ်အပျက်တွေကိုမသိရသေးဖူးဆိုရင် အသေအချာစုံစမ်းပြီးထိထိရောက်ရောက်ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်..
 
 
+40 #6 ForwardThinker 2012-01-19 13:29
ထိုင်းနိုင်ငံ၏ ပါဝါသုံးစွဲမှု (in kWh) ဂရပ်လေးပါ။ ဒါကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံ၏ တိုးတက်မှု ပုံစံ (Development Pattern) နှင့် ဖွံ့ဖြိုးမှုပမာဏကို လေ့လာလို့ ရပါတယ်။ ယခင်ကတော့ လောင်စာဆိသုံးစွဲမှု အညွှန်းပြကိန်း နှင့် တိုင်းတာပါတယ်။ ရေနံလောင်စာ ဘယ်လောက်သုံးနိုင်လည်းဆိုတာမျိုးပါ။ အမေရိကန်၊ ၁၄၄ဂါလံ၊ ဂျပန် ၁၂၀၊ အနောက် ဥရောပနိုင်ငံများ ၁၃၃ပျမ်းမျှ။ တရုပ် ၈၅၊ ထိုင်း ၆၈ စသည့်ဖြင့်ရှိခဲ့ပီး၊ နောက်ပိုင်းမှာ ပါတ်ဝန်ကျင်ထိမ်းသိမ်းရေး၊ လေထုညစ်ညမ်းမှု စတာတွေ ကျယ်ကျယ်လောင်လောင် အော်လာတော့၊ လျှပ်စစ်နှင့် ပြောင်းတိုင်းတာလာကြတာပါ. ဆိုလိုခြင်းကတော့ တူတူပါဘဲ။ စွမ်းအင် ဘယ်လောက်သုံးနိုင်လည်း ဆိုတာ တိုင်းပြည်ဘယ်လောက် တက်လာလည်းဆိုတာနှင့် အချိုးညီမျှနေလို့ပါ။ မြန်မာမှာက မိမိထွက်တဲ့ စွမ်းအင်ကို သုံးပီး နိုင်ငံတိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုပီး မကြံဘူး၊ တစ်နှပ်စားကြံပီး ရောင်းစားဖို့လာက်ပဲ သိတဲ့အစိုးရ ရှိနေတာတော်တော် ဆိုးပါတယ်။ ရောင်းစားတယ်ဆိုတာ ကိုယ်ဆီမှာ တော်တော်ကို ပိုမှ လုပ်ရတာပါ. လောင်စာဆိုတာ ဖွံ့ဖြိုးမှုအလုပ်အတွက် (တနည်းအားဖြင့် ဖွံ့ဖြိုးပီး နိုင်ငံများ၏) သည်းခြေကြိုက်ပါ. လောင်စာမရှိလျှင် ဖွံ့ဖြိုးမှု ကျဆင်းသွားယုံမျှမက ခေတ်နောက်ပြန်ရောက်သွားမှာပါ။ (ဥပမာ။ ။ ဂျပန်လို အလွန်ဖွံ့ဖြိုးတဲ့ နိုင်ငံမှာ အကြောင်းတစ်ခုခုကြောင့် လျှပ်စစ် မရတော့ဘူးပဲဆိုပါစို့၊ အလျှင်ဆုံး အထပ်အမြင့်က လူတွေ တက်ဆင်းလို့ မရတော့ပါ။ ဒီလူတွေ ချက်ချင်း လမ်းဘေးရောက် သွားတော့မှာပါ။ စက်ရုံတွေ ပိတ်သွားမယ်။ ရထားကားတွေ ပိတ်သွားမယ်။ နောက်ဆုံး အရောင်းအဝယ်တွေတောင် ပိတ်သွားလို့ ငွေရှိလျှင်တောင်မှ ဘာမှ လုပ်မရပဲ ခံစားသွားရမှာပါ)။ ဒီလို သည်းခြေကြိုက်၊ အရေးပါတဲ့ လောင်စာကို ဖင်ခုထိုင်နေပီး ကိုယ်ပြည်သူပြည်သားတွေက ဖယောင်းတိုင်နှင့်စာဖတ်၊ ပညာရှာ၊ အလုပ်ရ၊ ငွေ၁၀၀ ဝင်လျှင်၊ ကိုယ်ဆီက လောင်စာတွေ သုံးပီး ထိုင်းတွေက လျှပ်စစ်မီးနှင့် စာဖတ်၊ ကွန်ပျူတာသုံး၊ ပိုအဆင့်မြင့်တဲ့ပညာရှာ၊ ပိုကောင်းတဲ့ အလုပ်ရ၊ ငွေ ၁၀၀၀၀ ဝင် ဖြစ်သွားပီး ကြာလာလေလေ၊ မြန်မာလူမျိုးတွေ နစ်လာလေလေ ဖြစ်မှာပါ။ ဒါကြောင့် ကိုယ်ဆီမှာ တကယ်မပိုပဲနှင့်ကတော့ လောင်စာဆိုတာ ရောင်းစားကောင်းတဲ့ အရာ မဟုတ်ကြောင်းနှင့်၊ တစ်နိုင်ငံလုံး အမြန်ဆုံး လင်းလင်းခြင်းခြင်းရှိ၊ (မီးမှန်၊ ဘိုလ့်အားမှန်၊ မပျက် မလှုပ်)၊ လူတန်းစိနေနိုင်အောင်လုပ်ပေးကြပါလို့...
 
 
+7 #5 BuBuZilar 2012-01-19 11:36
So, in this plan, where is Tanintharyi Region? Is it under Myanmar? It is their desire to use electricity abt 450 Ks per unit in this region? What a shame? What is the prize for the natural resources of Tanintharyi Region? 450 Ks?
 
 
+53 #4 govindar 2012-01-18 16:23
အဲ့ဒီစာသားဖြတ်.......မီးမရဘူးဆိုတော့.....လျှပ်စစ်စွမ်းအင်ဝန်ကြီးဋ္ဌာနတစ်ခုလုံးကိုစော်ကားနေတာပဲ...........မြန်မာပြည်မှ..လျှပ်စစ်.မဂ္ဂ၀က်တွေပေါလို.နိုင်ငံခြားတောင်....ရောင်းစားနေရပါတယ်ဆိုတာ......ဒါနိုင်ငံတော်သိက္ခာကိုချနေတာပဲ......EMG ခင်ဗျားတို.အရေးယူခံချင်လား.....ဟဲဟဲ
 
 
+24 #3 USaytanar 2012-01-18 11:08
They are not telling the truth for many many times. Therefore, I do not believe it. U Zaw Min say something and U Khin Maung Soe say something but they are still quite different according to their talking(even from the same party of SPDC).

1. The two ministry should be merged.
2. All tendering system must follow "fair bidding".
3. Transparency is essential for all government projects.
4. Fight corruption intensively if you want electricity for all Myanmar. Otherwise, it is useless on their promises. Do you know why ministers are unusually sooooooooo rich? Just investigate seriously why they are so rich.

As far as I know, the ministers are doing "you eat and I eat". As Zaganar said "don't touch the newspaper, you will be electrocuted", there are good electricity news in newspaper.

Do you still believe it?
I have to wait and see.
 
 
+60 #2 zinmar83 2012-01-18 10:25
ဝမ်းသာစရာ အလွန်ကောင်းသော သတင်းပါ...
ကျေးလက်ဒေသမှာ မီးရပြီဆိုတော့ လူနေမှုအဆင့်အတန်း မြင့်လာမယ်..အရင် ထင်းမီးသွေးတွေသုံးရာကနေ လျှပ်စစ်မီးဖိုတွေ သုံးနိုင်လာတဲ့အခါမှာ တောပြုန်းတာတွေကလည်း ကာကွယ်ပြီးသားဖြစ်သွားမယ်.. ရေဒီယို တီဗွီ ကွန်ပျူတာ အစရှိတာတွေကို အလွယ်တကူ သုံးလို့ရသွားတဲ့အခါမှာ ကျေးလက်လူထုရဲ့ အသိပညာတွေ ပိုမိုဖွင့်ဖြိုးလာတော့မှာပေါ့... ၀မ်းသာစရာ သတင်းကောင်းပါ.. အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေ...
 
 
+38 #1 U Mar Ga 2012-01-18 10:16
ဝမ်းသာရတော့မှာပေါ့နော်၊
တောတွေမှာ တစ်ပိုင်တစ်နိုင် ကိုယ့်အားကိုယ်ကိုး မီးစက်ပိုင်ရှင်လေးတွေခမျာ သနားပါတယ်၊ ရွှတ် ရွှတ် .....။
 

No comments:

Post a Comment