![]()
မြိတ်မြို့တွင်းတစ်နေရာ
လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများက မီတာထိန်းသိမ်းခများနှင့် လမ်းမီးခများကို လစဉ်ပေးသွင်းရပြီးယခု ၂၀၁၂ ခုနှစ်အထိ ပေးသွင်းနေရဆဲဖြစ်ပြီး အကူမီးလင်းရေးအဖွဲ့များက တာဝန်ယူ ကောက်ခံပေးရကာ လျှပ်စစ်ဌာနသို့ ပေးသွင်းရကြောင်း သိရသည်။ ''အရင်ကတည်းက မီတာထိန်းသိမ်းခနှင့် လမ်းမီးကို သုံးစွဲသူတွေဆီက ကောက်ခံလာနေတာပါ။ မီးလင်းရေးအဖွဲ့က မီတာတပ်ဆင် ထိန်းသိမ်းတာ၊ လမ်းမီးတွေလိုက် တပ်ဆင်ပေးတာလုပ်ရတယ်။ ကုန်ကျစရိတ်တွေ ကိုတော့ သုံးစွဲသူတွေ ကျခံရတာပေါ့။ ဒါပေမယ့် မီတာထိန်းသိမ်းခဆိုပြီး မီတာတစ်လုံးကို ကျပ် ၁၀၀၀ နဲ့ လမ်းမီးခဆိုပြီး ကျပ် ၅၀၀ ကောက်ခံပြီး သွင်းပေးရတယ်။ ဒါတွေက အကူမီးလင်းရေးက ပြင်ဆင်ပေးပြီး သုံးစွဲသူတွေကိုယ့်အိမ်မှာကိုယ် ထိန်းသိမ်းထားရပေမယ့်ထိန်းသိမ်းခ တွေဆိုပြီး လစဉ်ပေးသွင်းနေရပါတယ်'' ဟု အကူမီးလင်းရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုများကို လျှပ်စစ်စွမ်းအား အကူမီးလင်းရေးအဖွဲ့များကတာဝန်ယူဆောင်ရွက်လျက်ရှိပြီး တစ်ယူနစ်လျှင် ကျပ် ၄၀၀ ကျသင့်ကြောင်း သိရသည်။ ''လမ်းမီးက ကားလမ်းဘေး တစ်လျှောက်နဲ့တချို့လမ်းသွယ်တွေလောက်ပဲရှိပြီး လမ်းကြားတချို့မှာလည်း တပ်ဆင်ထားခြင်းမရှိဘူး။ လမ်းမီးခကိုတော့ လမ်းကြို၊ လမ်းကြားမှာနေတဲ့လူတွေပါ ပေးရပါတယ်'' ဟု လျှပ်စစ်မီးသုံးစွဲသူတစ်ဦးက ပြောကြားသည်။ မြိတ်မြို့တွင် လျှပ်စစ်စွမ်းအား အကူမီးလင်းရေးအဖွဲ့ရှစ်ခုရှိပြီး တစ်မြို့လုံးကို ၂၄ နာရီမီးပေး စနစ်ဖြင့် နေ့စဉ် ဖြန့်ဖြူးပေးနေကြောင်း၊မီတာထိန်းသိမ်းခနှင့်လမ်း မီးခများ လစဉ်ပုံမှန်ပေးသွင်းရ ကြောင်း၊ သုံးစွဲသူများအနေဖြင့် လျပ်စစ်မီးသွယ်တန်းလိုပါကသက် ဆိုင်ရာရပ်ကွက်ရှိ အကူမီးလင်းရေး အဖွဲ့များတွင် လျှောက်လွှာတင်ကာ သွယ်တန်းနိုင်ပြီး မီတာ၊ လျှပ်စစ်ကြိုးနှင့် ၀န်ဆောင်ခများ ကျခံရကြောင်း၊ မီတာပျက်စီးသွားပါက ထိန်းသိမ်းခများထဲမှ တပ်ဆင်ပေး ခြင်းမျိုးမဟုတ်ဘဲ သုံးစွဲသူကအသစ် ထပ်မံဝယ်ယူတပ်ဆင်ရကြောင်း သိရသည်။ |
+69
#1
2012-01-26 05:38
ခင်ဗျားတို
့မြန်မာပြည်မှာ ဘာသာပြန်မှားနေတယ်ဗျ အဲဒါ ပြသနာဖြစ်နေတာ တကယ်ဆို
မီတာထိန်းသိမ်းခ လို့ မခေါ်ရဖူး။ လျှပ်စစ်လိုင်းကြောင်းထိန်းသိမ်းခလို
့ခေါ်ရတယ်။ မီတာဆိုတာ usasge ကိုယ်သုံးတာကို မှတ်တာ။ ဒါပေမဲ
့ခုမီတာထိန်းသိမ်းခလို့ ပြောနေတာက ဓါတ်အားပေးစက်ရုံကနေ ကိုယ့်အိမ်ကို
သွယ်တန်းတဲ့ ကြိုးနှင့် အခြား ထရန်စ္စဖာမာလို ပစ္စည်းမျိုး ထိန်းသိမ်းခကို
supply charge ဆိုလိုချင်တာ ဒါပေမဲ့ နေ၀င်းလက်ထက်ထဲ
ကမီတာထိန်းသိမ်းခဆိုပြီး လုပ်လာတာ အဓိပ္ပါယ်တွေလွဲပြီး
စကားများစရာဖြစ်နေတယ်။ နိုင်ငံတိုင်းမှာ မီတာခအပြင်
ထိန်းသိမ်းခတောင်းတာထုံးစံပါ။ တချို့ နိုင်ငံဆို ထိန်းသိမ်းခက မီတာခထက်ကို
ပိုပေးနေရသေး။
ဒါပေမဲ လမ်းမီးဆိုတာ အစိုးရကပေးရမှာပေါ့ ဒါလဲ နိုင်ငံတိုင်းပဲ လမ်းမီးကို ပြည်သူပေးတာ ထုံးစံမဟုတ်တာ။ နိုင်ငံတိုးတက်ချင်ရင် လူတိုင်းတစ်လ ငါးသောင်းအထက်ဝင်ငွေရှိသူကို အခွန်ကောက် ပိုများများ ၀င်သူကို ပိုကောက် ဥပမာ ငါးသောင်းက နေ တစ်သိန်းကြားကို ၅% တစ်သိန်း တစ်ကျပ်ကနေ နှစ်သိန်းကို ၈% နှစ်သိန်းအထက်ကို ၁၂% ၄သိန်းအထက်ကို ၁၅% စသဖြင့် သမ္မတကြီး သိန်းငါးဆယ်ဆို ၃၀% အဲလိုကောက်ပြီး ပြည်သူ့ ကျန်းမာရေး ပညာရေးကို ထိထိရောက်ရောက် ပံ့ပိုးပေး ဒါဆိုရင် တိုင်းပြည်တဟုန်ထိုးတိုးတက်မှာပဲ။ လစာကို နှစ်စဉ် ငွေဖေါင်းပွမှုပေါ်မူတည်ပြီး ပြန်စီစစ် အဲလို လုပ်ရမှာ ပြီး ကုန်ဈေးနှုန်းစောင့်ကြည့်ရေးအဖွဲ့ ကိုဖွဲ့  အဲဒီအဖွဲ့ က မတရား ဈေးတင်ရောင်းသူကို တိုင်ကြား အရေးယူတာမျိုးလုပ်ရမှာ။ မဆိုင်ပေမဲ့ စိတ်ပါတုန်း ရေးလိုက်ပါတယ်ဗျား

source : eleven media group
ကိုယ်ထူကိုယ်ထဆိုတာက နိုင်ငံတော်အစိုးရရဲ့  တရားဝင်ချမှထားတဲ့ လမ်းစဉ်ဟုတ်ပါသလား၊ အခြေအနေ အကြောင်းတစ်ခုကြောင့် ဒေသနေပြည်သူတွေက ကိုယ်ကျိုးစီးပွားအတွက် အရေးပေါ်ဆောင်ရွက်လိုက်ရတဲ့ အစီအစဉ်သာဖြစ်တယ်လို့  ယူဆရပါမယ်။
ပြည်သူတွေဆီကရယူလိုက်တဲ့ အခွန်အတုတ်ဆိုတာက ပြည်သူတွေအတွက် ပြန်လည်ရရှိရမယ့် အထောက်အကူ၊ အကူအညီဆိုတာကို ပြည်သူတွေက မသိကြတာလား၊ သိသိကြီးနဲ့  အောင့်ခံနေကြရတာလားဗျာ။
" ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်အိမ် ကိုယ်ဆောက်၊ ကိုယ့်ကလေး ကိုယ်မွေး၊ ကိုယ့်လမ်း ကိုယ်ပြင်နေကြရတာ ကိုယ်ပေးလိုက်ရတဲ့ အခွန်တွေဟာ ဘယ်ဆီကို ရောက်သွားသလဲ".........