Monday, January 30, 2012

ရန်ကုန် ၊ ရခိုင်နှင့် အလယ်ရိုးမ ဒေသများတွင် စစ်တမ်း ကောက်ယူ၍ လေအားသုံး ဓါတ်အားပေး စက်ရုံ တည်ဆောက်သွားမည်

Jan, 2012

အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနကနေ လေအားသုံး ဓါတ်အားပေး စက်ရုံ တစ်ခု တည်ဆောက်ဖို့ အတွက် ရန်ကုန်တိုင်း ဒေသကြီး ၊ ရခိုင်ပြည်နယ်နဲ့ အလယ်ရိုးမ ဒေသများမှာ စစ်တမ်း ကောက်ယူမှုများ ပြုလုပ်လျက် ရှိနေတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်နေမှုကို ဇန်န၀ါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မီဒီယာ တွေ့ဆုံပွဲမှာ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာန ၊ ပြည်ထောင် စု ၀န်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း တနင်္သာရီတိုင်း ဒေသကြီးမှာ ထိုင်း နိုင်ငံနဲ့ ပူးပေါင်းပြီး လေအားသုံး ဓါတ်အားပေး စက်ရုံ တစ်ခု တည်ဆောက်ဖို့ အတွက်လည်း ဆောင်ရွက်နေတယ်လို့  သိရပါတယ်။  သဘာဝ ပတ်ဝန်းကျင်ကို အထောက်အကူ ပြုနိုင်တဲ့ အတွက် လေအားသုံး ဓါတ် အားပေး စက်ရုံတွေ တည်ဆောက် သွားနိုင်ဖို့ အတွက် သင့်တော်တဲ့ နေရာ ဒေသတွေကို သိရှိနိုင်ဖို့ အတွက် စစ်တမ်း ကောက်ယူခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနကနေ ပဉ္ဓမ ကာလတို ငါးနှစ် စီမံကိန်း အရ ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီးမှာ ဓါတ် အားပေး စက်ရုံတွေ တည်ဆောက်သွားဖို့ ရှိပါတယ်။

ဒီလို ဓါတ်အားပေး စက်ရုံတွေ တည်ဆောက်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး အတွက် လေအားသုံး ဓါတ်အားပေး စက်ရုံတွေကနေ တစ်ဆင့် ရန်ကုန်မြို့ကို ဓါတ်အား အပြည့်အ၀ ပေးနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်မှာ ၅၀၀ ကေဗွီဓါတ်အား ပေးဝေရမှာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ ၁၀၀၀ ကေဗွီ ဓါတ်အား သုံးစွဲလို့ ရအောင် မြှင့်တင် ဆောင်ရွက် ပေးသွားမယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရပါတယ်။

No comments:

Post a Comment