
မြန်မာပြည်တွင်း
ကုန်းမြေရဲ့ လေးဆယ် ရာခိုင်နှုန်း ခန့်မှာ လေအားနဲ့ လျှပ်စစ် ဓာတ်အား
ထုတ်လုပ် နိုင်ချေ ရှိတယ်လို့ လေတိုက်နှုန်းပြ မြေပုံအရ ခန့်မှန်း
ထားကြောင်း သိရပါတယ်။ ဒီလို ခန့်မှန်းမှုတွေ အရ အတိအကျ သိရှိနိုင်ဖို့ အတွက်
ကိုလည်း ပြည်တွင်းမှာ လေတိုက်နှုန်း လေ့လာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင် သွားဖို့ ရှိတယ်လို့ နိုဝင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့
Development of Wind Power Project မိတ်ဆက် အခမ်းအနားက သိရပါတယ်။
အဲ့ဒီလို
လေ့လာ ရာမှာလည်း လေတိုက်နှုန်း အနိမ့်ဆုံး တစ်နာရီ ၆.၇၅ မိုင်ရှိ၊ မရှိ
လေ့လာရမှာ ဖြစ်ပါတယ်။ အခုလို အနိမ့်ဆုံး သတ်မှတ်ချက် ဟာလည်း ယခု
နောက်ပိုင်း မှသာ

တိုးတက်လာတဲ့ နည်းပညာ တွေကြောင့် လေတိုက်နှုန်း အနည်းဆုံးနဲ့ ဆောင်ရွက်
နိုင်တာ ဖြစ်ပါတယ်။ ယခင်က လေတိုက်နှုန်း တစ်နာရီကို ၃၃.၅၅ မိုင်ရှိမှသာ
လျှပ်စစ် ဓာတ်အား ထုတ်လုပ် နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုအခါ လေအားနဲ့
လျှပ်စစ်ဓာတ်အား ထုတ်ယူမှုမှာ တစ်နာရီကို ၅၁.၇၅ မိုင်လေတိုက်နှုန်း
ရောက်ရှိရင်တော့ အော်တို ဖြတ်ချတဲ့ စနစ် ကိုလည်း ထည့်သွင်း နိုင်တယ်လို့
သိရပါတယ်။
လက်ရှိမှာ ပြည်တွင်းရဲ့ လေအား လျှပ်စစ် ထုတ်ယူမှု အတွက်
တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည် တွေမှာ စတင်ပြီး ဧရာဝတီ
တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တို့မှာ ဆက်လက် စမ်းသပ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် တခြား ပြည်နယ် တိုင်းဒေသကြီး တွေမှာလည်း လေတိုက်နှုန်း တွေကို
တိုင်းတာ သွားဖို့ ရှိတာ ဖြစ်ပါတယ်။ အခုလို လေအားနဲ့ လျှပ်စစ်ဓာတ်အား
ထုတ်ယူမှု အတွက် လျှပ်စစ်ဓာတ်အား ခက်ခဲတဲ့ နေရာက ဒေသခံတွေ အနေနဲ့လည်း
မိမိတို့ရဲ့ ဒေသမှာရှိတဲ့ လေတိုက်နှုန်းတွေ တိုင်းတာပြီး စမ်းသပ် ထုတ်လုပ်
နိုင်ဖို့ ငှားရမ်းဆောင် နိုင်တယ်လို့ သတင်း ရရှိပါတယ်။
source mrtv-4
No comments:
Post a Comment