
မင်္ဂလာတောင်ညွန့်မြို့နယ်၊
ကူးတို့ဆိပ်ရပ်ကွက်ရှိ မီးဘေးသင့်ပြီး ပျက်စီးခဲ့သော နေအိမ်အလုံး ၉ဝ
ကျော်တို့ကို ၁၅-၁-၂ဝ၁၂ ရက်မှစ၍ မီတာပုံးများ တပ်ဆင်ပေးခဲ့ရာ ၁၆-၁-၂ဝ၁၂
ရက်တွင် အလုံး ၂ဝ တပ်ဆင်ပေးပြီးဖြစ်ကြောင်း သိရသည်။ ထိုသို့
တပ်ဆင်ပေးရာတွင် စေတနာရှင်များ လှူဒါန်းထားသော လှူဒါန်းငွေများထဲမှ
အသုံးပြုရန် တပ်ဆင်ပေးခြင်းဖြစ်ပြီး တစ်အိမ်လျှင် မီးငါးပွင့်
တပ်ဆင်ပေးခြင်းဖြစ်သည်။ ''လက်ရှိ မီးရရှိရေးအတွက် လုံးပန်းနေပါတယ်။ ၁၅
ရက်ကစပြီး မီတာပုံးတွေ အမြန်စပြီး မီတာပုံးတွေ တပ်နေတယ်။ တစ်နေ့ ၁ဝ
လုံးနှုန်းလောက် တပ်ဆင်ပေးနေတယ်။ မီတာဘောက်စ်က အသစ်၊ တစ်အိမ် မီးငါးပွင့်နဲ့
ခလုတ်၊ မီးကြိုးအားလုံး အပြီးအစီး တပ်ဆင်ပေးတာပါ''ဟု ကူးတို့ဆိပ်ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မီးဘေးကြောင့်
ပြိုကျပျက်စီးသောအိမ်ခြေ အလုံး ၉ဝ ရှိပြီး မီးဘေးသင့် အိမ်ထောင်စု ၁၂၃
စုရှိကြောင်း၊ ပြိုကျ ပျက်စီးအိမ်များ ပြန်လည်တည်ဆောက်ရန်
လှူဒါန်းငွေများမှ တစ်အိမ် ကျပ်ခုနစ်သိန်း ချထားပေးကြောင်း၊ လက်ရှိတွင်
ကယ်ဆယ်ရေးစခန်းများ ပိတ်ထားပြီး နောက်လာရောက်လှူဒါန်းသူ ၁၅ ဦးခန့်
ရှိကြောင်း သိရသည်။
''လာလှူတဲ့ အဝတ်အစား ပစ္စည်းတွေကို ဓမ္မာရုံထဲ ထည့်ထားပြီးတော့
ရပ်ကွက်သာရေး နာရေးအဖွဲ့က ပြန်လည်ခွဲဝေပေးပါတယ်။ အလှူငွေက အိမ်ထောင်စု ၁၂၃
စုစာ လုံလောက်ရင် ကိုယ်တိုင်ပေးအပ်နိုင်ပါတယ်။ ခွဲလို့မရရင် ဓမ္မာရုံ
ပြန်လည် တည်ဆောက်ဖို့ တစ်ရပ်ကွက်လုံး သဘောတူညီချက်နဲ့ လှူပါတယ်''
ဟုဆိုသည်။အဆိုပါဓမ္မာရုံ ပြန်လည်တည်ဆောက် ရန်အတွက် ကျပ်သိန်း ၂ဝဝကျော်
ကုန်ကျမည်ဖြစ်ပြီး နိုင်ငံတော်က ကျပ်၁ဝသိန်း ပါဝင်လှူထားပြီးဖြစ်ကြောင်း၊
စုစုသိန်း အလှူငွေ ကျပ် ၂၅ သိန်း ရပြီဖြစ်ကြောင်း သိရသည်။
Source: စွယ်စုံမီဒီယာဂရုပ်
No comments:
Post a Comment