ဝင်းကိုကိုလတ်
မြန်မာတိုင်း(မ်း) အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
မြန်မာတိုင်း(မ်း) အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
အများပြည်သူက မကျေမနပ်ဖြင့် ဝေဖန်နေသည့်
တစ်လလျှင် ကျပ် ၁,၀၀၀ ကောက်ခံနေသည့် လျှပ်စစ်မီတာ ထိန်းသိမ်း စောင့်ရှောက်ခမှာ
နိုင်ငံတကာတွင် လည်းကောက်ခံလေ့ရှိသည့် မီတာငှားရမ်းခကို ကောက်ခံခြင်းသာဖြစ်သည်ဟု အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ယခုလ ၁၉ ရက်က
ပြောကြားသည်။
"လျှပ်စစ်မီတာက
ရောင်းထားတာ မဟုတ်ဘဲ ငှားရမ်းထားတာဖြစ်တဲ့အတွက် နိုင်ငံတကာမှာလည်း Rent Fee ငှားရမ်းခ ပေးရပါတယ်။ ကျွန်တော်တို့ဆီမှာတော့ Rent Fee အစား ပြေစာမှာ မီတာထိန်းသိမ်းစောင့် ရှောက်ခအနေနဲ့
ရေးသား ကောက်ခံ ပါတယ်" ဟု ၎င်းက ပြောသည်။
လျှပ်စစ်မီတာသည်
ရောင်းချသည့် သဘောမဟုတ်ဘဲ ငှားရမ်းသည့် သဘောဖြစ်သည့်အတွက် အိမ်ရှင်၏ အမည်ပေါက်
ပေးထား သော်လည်း နေရာပြောင်းခြင်း၊ ရောင်းချခြင်းလုပ်ဆောင်၍ မရကြောင်း ၎င်းကပြောသည်။
လျှပ်စစ်မီတာ
စောင့်ရှောက်ခပေးရသော ငွေမှမီးသုံးသူ၏ ပယောဂကြောင့် မဟုတ်ဘဲ မီတာများပျက်စီးခြင်း
(ရေကြီးမှု၊ မီးလောင်မှု) စသည့်သဘာဝ ဘေးအန္တရာယ်များနှင့် နှစ်ကြာမီတာများအား
မီတာအသစ်ဖိုးမတောင်းဘဲ အစားထိုးတပ် ဆင်ပေးခြင်း၊ ယင်းမီတာသို့ ဓာတ်အားပို့လွှတ်သော
ဓာတ်အားလိုင်းများ၊ ဓာတ်အားခွရုံများ၊ ထရန်စဖော်မာများ ထိန်းသိမ်းခြင်း၊
ပျက်စီးမှုများအတွက် ပြင် ဆင်ခြင်း၊ ဗို့အားကျမှု ဖြစ်ပေါ်သော၊ ၀န်အားမနိုင်သည့် ထရန်
စဖော်မာများ တိုးချဲ့တည်ဆောက်ခြင်း တို့အတွက် အသုံးပြုသည်ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်
ဂီရိမုန်တိုင်း၊ ရှမ်းပြည်နယ် တာလေငလျင်၊ မကွေးတိုင်း ဒေသကြီးအတွင်းရေကြီးမှုများ၊
မန္တလေး တိုင်း ဒေသကြီးအတွင်း လေပြင်းတိုက်ခြင်း၊ ရေကြီးခြင်းများကြောင့်
ဓာတ်တိုင်၊ ဓာတ်ကြိုး၊ မီတာများပျက်စီးခဲ့ခြင်းများ ရှိခဲ့ရာတွင် အစားထိုးတပ်ဆင်
ပေးခြင်းများကဲ့သို့ဖြစ်သည်ဟု ၎င်းကပြောသည်။
No comments:
Post a Comment