မြို့နယ်လျှပ်စစ်မီတာရုံးများ၌
လူကိုယ်တိုင်သွားရောက်ပေးဆောင်နေရသည့် အိမ်သုံးလျှပ်စစ်မီတာခများကို
အွန်လိုင်းစနစ်ဖြင့် စမ်းသပ်ကောက်ခံသွားတော့မည်ဖြစ်ကြောင်း
ရတနာပုံဝက်ဘ်ပေါ်တယ်မှ ဌာနမှူးဦးအောင်စုံမြတ်က ပြောသည်။ နေပြည်တော်ရှိ
အိမ်သုံးလျှပ်စစ်မီတာခများကို အွန်လိုင်းစနစ်ဖြင့် စတင်ပေးဆောင်နိုင်ရန်
စီစဉ်ဆောင်ရွက်ထားပြီး ရန်ကုန်နှင့် မန္တလေးမြို့များကို ဒုတိယအစီစဉ်ဖြင့်
ထပ်မံတိုးချဲ့သွားမည်ဖြစ်သည်။ အွန်လိုင်း လျှပ်စစ်မီတာခပေးဆောင်ခြင်းကို
အမျိုးသားအဆင့် ရတနာပုံဝက်ဘ်ပေါ်တယ်မှ စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပြီး
သက်ဆိုင်ရာ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် ပြည်တွင်းဘဏ်များက
ပူးပေါင်းထားကြောင်း သိရသည်။ ရတနာပုံဝက်ဘ်ပေါ်တယ် သည်အွန်လိုင်းအသုံးပြု
တယ်လီဖုန်းဘီလ် ပေးဆောင်ခြင်းကို မြန်မာ့ဆက်သွယ်ရေး၏ ခွင့်ပြုချက်ဖြင့်
ပြည်တွင်းဘဏ် ၁၁ ခုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင်
အွန်လိုင်းလျှပ်စစ်မီတာခပေးဆောင်ခြင်း စနစ်ကိုလည်း စမ်းသပ်ကာလအဖြစ်
စတင်အသုံးပြုနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း၊ ရတနာပုံဝက်ဘ်ပေါ်၏ အစီအစဉ်အရ
ဈေးဝယ်စင်တာများနှင့် စူပါမားကက် များ၏ အွန်လိုင်းအသုံးပြု၍
ငွေပေးချေနိုင်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်စံမြတ်က
ပြောသည်။ တယ်လီဖုန်းဘီလ်အပါအဝင် အခွန်အခများကို အွန်လိုင်းစနစ်ဖြင့်
ပေးဆောင်နိုင်ရန် စီစဉ်ရခြင်းသည် အများပြည်သူအတွက် အချိန်ကုန်၊
ငွေကုန်သက်သာစေရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး e government လုပ်ငန်းစဉ်များ
ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များ
ပပျောက်လာစေရန်ကိုလည်း အွန်လိုင်း အခွန်အခပေးဆောင်သည့် စနစ်က အထောက်အပံ့
ပေးအပ်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် Internet
ဂျာနယ်တွင် ဖော်ပြာထားပါသည်။
ခေတ်လူငယ် မှ ကူးယူဖေါ်ပြသည်
No comments:
Post a Comment