နေပြည်တော်မှာ အန်အယ်လ်ဒီထောက်ခံသူ မီးမရ
နေပြည်တော်တိုင်း
မှာ အန်အယ်လ်ဒီ ဆိုင်းဘုတ်ထောင်ထားတဲ့ အိမ်ပိုင်ရှင်ကို လျှပ်စစ်မီးမပေးဘဲ
ချန်လှပ် ထားတယ်လို့ အန်အယ်လ်ဒီပါတီ အောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက
ပြောပါတယ်။
“နေပြည်တော်တိုင်းက
ပုဗ္ဗသီရိမြို့နယ် မှာ အောင်ချမ်းသာ ရပ်ကွက်ပါ။ အဲဒီနေရာက ငွေ ၂
သိန်းခွဲပေးရင် လျှပ်စစ်မီးရတယ်။ တရပ်ကွက်လုံး ရတယ်။ ဦးကြည်ဆိုတဲ့
လူတယောက်က မရဘူး။ ဘာကြောင့်မရလဲ ဆိုတော့ သူ့အိမ်မှာ အန်အယ်လ်ဒီ ဆိုင်းဘုတ်
ရှိနေ တယ်။ နေပြည်တော် ကောင်စီဝင် တဦးရဲ့ အမိန့်အရ မပေးတာလို့ ရာအိမ်မှူးတွေ
က ပြောတယ်” လို့  ပြောပါတယ်။
သည်တွေ
့ရှိချက်ကို မတ်လ ၂၂ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ထဲမှာ
ထည့်သွင်းထားတယ် လို့  သူက ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ၁ ပတ်၊ ၁၀
ရက်လောက်ပဲ လိုတော့တဲ့ အချိန်မှာ ပါတီက တွေ့ရှိ ထားချက်တွေကို
အများပြည်သူသိအောင် ဆက်လက် ထုတ်ပြန်ပေး သွားမယ်လို့ သူက ပြောပါတယ်။
မတ် ၁၆ရက်မှာ
မဲစာရင်းတွေ ကွာဟနေတဲ့ အကြောင်းနဲ့ မတ် ၁၉ရက် မှာ ရွေးကောက်ပွဲ ဥပဒေ
ချိုးဖောက်တဲ့ ကိစ္စရပ်တွေ အကြောင်း အန်အယ်လ်ဒီ အောင်နိုင်ရေးကော်မတီက
သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီဗွီဘီ
4 comments:
-
မင်းတို့လဲရှုံးမှာသိလို့ သွေးရူး
သွေးတန်းတွေလျှောက်လုပ်မနေဲ့..မင်းတို့ပြောတော့ ပြည်သူအတွက်ဆို သူတို့လဲ
ပြည်သူပဲလေ ...စိတ်လေတယ် မရခင်ကတောင် ဒီလိုဆို ရပြီးရင်
ပိုဆိုးမဲ့သဘောမှာရှိတယ်...သံသရာ ဆိုတာ
ကြောက်ဖို့တော်တော်ကောင်းတာနော်...ညအိပ်ယာဝင်တိုင်းစဉ်းစားကြည့်ငါသေရင်ဘယ်ရောက်မှာလဲ
ငါ ပြည်သူတွေအတွက်ဘာကောင်းတာတွေလုပ်ပေးခဲ့ပြီလဲ ကြောက်ဖို့
တကယ်ကောင်းတာနော် မင်းတို့လုပ်၇က်တွေအမြန်ဆုံးပြုပြင်ဖို့
အချိန်မှီသေးတယ်နော်.........
-
စိတ်ပျက်ဖွယ်အကောင်းဆုံးလုပ်ရပ်တစ်ခုပါ နိုင်ငံတကာကများကြားရင်
ခင်ဗျားတို့မရှက်ပေမဲ့ ကျနော်တို့လို့
သူများနိုင်ငံမှာရောက်နေတဲ့သူတွေအဖို့အရှက်ရစရာချည်းပါပဲ
ကြံ့ဖွတ်လုပ်ရပ်တွေရပ်ပါတော့ဗျာ....ဒီပါတီသာ အာဏာဆက်ပြီးရနေရင်တော့
တို့နိုင်ငံအတွက်တော့ ရင်းလေးပြီးရင် မောရင်းပါပဲ....
-
ဟဟ သမတကြီးဦးသိန်စိန်ကတော့ပြောတာပဲ
လွပ်လပ်ပြီးတ၇ားမျှတတဲ့ေ၇ွးကောက်ပွဲဖြစ်၇မယ်လို့
သူကိုတိုင်ေ၇ာလွတ်လပ်ခွင့်၇ှိ၇ဲ့လားမသိဘူး၊သူပြော
နေတာတွေနဲ့အောက်ခြေမှာဖြစ်နေတာတွေကတခြား
စီပဲ။
-
သူရဲကောင်းတို့ရဲ့နှလုံးသား ခြသေ့င်္ံဆိုတာ မြက်မစား။
ခြသေ့င်္ံဆိုတာ ရဲစွမ်းသတ္တိရှိတယ်။ ခွန်အားရှိတယ်။
အရေခြုံ ခြသေ့င်္ံတွေကတော့ ဝံပုလွေလို ကောက်ကျစ်တယ်။ ယုတ်မာတယ်။
သူတို့ဟာ တောဘုရင်တွေ မဟုတ်တော့ဘဲ မိစ္ဆာကောင်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြပြီ။
No comments:
Post a Comment