Monday, March 19, 2012

အင်ဒိုနီးရှားတွင် လျှပ်စစ်ဓာတ်အားခ တိုးမည့်အစီအစဉ် ကန့်ကွက်မှုများကြောင့် ရွှေ့ဆိုင်းဖွယ်ရှိ

အင်ဒိုနီးရှားတွင် လျှပ်စစ်ဓာတ်အားခ တိုးမည့်အစီအစဉ် ကန့်ကွက်မှုများကြောင့် ရွှေ့ဆိုင်းဖွယ်ရှိ PDF Print
Monday, 19 March 2012 00:26
AddThis Social Bookmark Button
မတ်လ ၁၆ ရက်နေ့က ဂျကာတာတွင် အစိုးရ၏ လောင်စာနှင့် လျှပ်စစ်ဓာတ်အားခ ဈေးတိုးမြှင့်သည့် အစီအစဉ်များကို ကန့်ကွက်နေကြစဉ်
အင်ဒိုနီးရှား အစိုးရအဖွဲ့၏ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့် အစီအစဉ်ကို ကန့်ကွက်မှု ကြီးထွားလာသောကြောင့်  အဆိုပါ အစီအစဉ်ကို ရွှေ့ဆိုင်းဖွယ်ရှိကြောင်း စွမ်းအင်နှင့် သတ္တုရင်းမြစ်ဝန်ကြီး Jero Wacik က ပြောကြားခဲ့သည်။
''အစိုးရ ထောက်ပံ့ပေးထားတဲ့ လောင်စာဈေးနှုန်းနဲ့ ဓာတ်အားဈေး နှုန်းနှစ်ခုလုံးကို တိုးမြှင့်ဖို့ စီစဉ်ဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထုအပေါ်မှာ ဖိစီးမှု အများကြီး ဖြစ်လာလိမ့်မယ်။ လွှတ်တော် ကော်မရှင်ရဲ့ အဖွဲ့ဝင် အများစုကလည်း လျှပ်စစ်ဓာတ် အားခ တိုးမြှင့်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ သဘောတူမယ့်ပုံ ပေါ်တယ်'' ဟု ဂျာကာတာတွင် ကော်မရှင် အစည်းအဝေးတစ်ခု ပြုလုပ်ပြီးနောက် ၎င်းက ပြောကြားခဲ့သည်။
ဓာတ်အားခ တိုးမြှင့်အစီအစဉ်ကို ဆန့်ကျင်ရန် ကြိုးပမ်းမှုတွင် စီးပွားရေး လုပ်ငန်းရှင်များလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
''လောင်စာဈေးနှုန်းတွေ တိုးမြှင့်ပြီး တစ်နှစ်ထဲမှာပဲ ဓာတ်အားခတွေ တိုးမြှင့်မယ့် မူဝါဒကို အကောင်အထည်ဖော်မယ်ဆိုရင် စက်မှုလုပ်ငန်းတွေ၊ အသေးစားနဲ့ အလယ်လတ်စား လုပ်ငန်းတွေ ပြိုလဲမယ့်ဆဲဆဲ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ဈေးနှုန်းမြှင့်မယ့် အစီအစဉ်ကို အနည်းဆုံး နောက်နှစ်အထိ ရွှေ့ဆိုင်းရမယ်'' ဟု အင်ဒိုနီးရှား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ Sofjan Wanandi က ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အားခများကို ၁၀ ရာခိုင်နှုန်းထိ တိုးမြှင့်မှုသည် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ၇ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်သူများအသင်းမှ Yeane Keet က ပြောကြား ခဲ့သည်။
စက်မှုလုပ်ငန်းများတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ၁၀ မှ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း Cosmetic and Herbal Medicine အသင်းမှ Putri K.Ward-hani က ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ထုတ်လုပ်မှုစရိတ် မြင့်တက်မှုကြောင့် ထိုင်းနှင့်မလေးရှားမှ တင်သွင်းသည့် ထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရာတွင် အင်ဒိုနီးရှား ထုတ်ကုန်များအတွက် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref:The Jakarta Post

No comments:

Post a Comment