ကိုးရီးယား နှင့် ပူးပေါင်း၍ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ သီလ၀ါတွင် တည်ဆောက်မည်
ရေးသားသူ - သန်းနိုင်ဦး နေရာ - ရန်ကုန် ရက်စွဲ - March 31, 2012သီလဝါ စက်မှုဇုန် တွင်ကိုရီးယား နှင့်အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာန တို့ ပူးပေါင်းပြီး မဂ္ဂါဝပ် ၅၀ဝထွက်ရှိမည့် သဘာဝ ဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံ တည်ဆောက် မည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ယခုနှစ် အတွင်းမှ စတင်၍ တစ်နှစ်အတွင်းတည်ဆောက်သွား မည်ဖြစ် ကြောင်း သိရသည်။ '' သီလဝါ စက်မှုဇုန် အတွက်ဓာတ် အားပေးနိုင်ဖို့သီးသန့် ဓာတ်အားပေး ရုံတစ်ရုံ တည်ဆောက်တာပါ။ ကိုရီး ယားက တည် ဆောက် မယ် '' ဟု ရန်ကုန်မြို့ တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ် ကပြောကြား သည်။
အဆိုပါ ဓာတ်အားပေး စက်ရုံ တည်ဆောက်နိုင်ရန်အတွက်၂၀၁၁ ခုနှစ်ဒီဇင်ဘာ၂၁ရက်တွင်ကိုရီးယား နိုင်ငံ Busan Korea Biotechnology Co,Ltd ကုမ္ပဏီနှင့် အမှတ်(၂) လျှပ်စစ်ဝန်ကြီး ဌာနတို့ နားလည်မှုစာချွန်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။''အခုလိုမျိုးစက်မှုဇုန်တွေ အတွက်သီးသန့် ဓာတ်အားပေးရုံတည် ဆောက်ပြီး လုပ်တာက ကောင်းပါတယ်။ လက်ရှိ ရန်ကုန်မှာ ဆိုရင်နွေရာသီ ရောက်တာနဲ့ စက်မှုဇုန်တွေပါအလှည့် ကျမီးပေး စနစ်နဲ့ သွားနေတာ ဆိုတော့ အလုပ်မဖြစ်ဘူး။ သူ့ဓာတ်အားပေး စက်ရုံနဲ့သူဆို တော့အဆင်ပြေတယ်'' ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြော သည်။ ဓာတ်အားပေးရုံ တည်ဆောက် ရာတွင်သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အား ပေးရုံနှင့် စွန့်ပစ် အပူသုံးဓာတ်အား ပေးရုံ တစ်ရုံပါပူး တွဲတည်ဆောက်ရန် လျာထား ကြောင်းသိရသည်။
'' ရန်ကုန်မှာက ဓာတ်အားပေးရုံ (၄)ရုံကနေမဂ္ဂါဝပ် ၂၅၁.၃မဂ္ဂါဝပ် ပဲထုတ် လွှတ်နိုင်တယ်။ သုံးစွဲတာနဲ့ ထုတ်လွှတ် တာက မမျှဘူး ဖြစ်နေ တယ်'' ဟု ဦးမောင်မောင်လတ် ကထပ် မံပြောကြားသည်။ ရန်ကုန် တိုင်း ဒေသကြီး အတွင်း လျှပ်စစ်ဓာတ် အားသုံးစွဲ မှုမှာ၂၀၀၉ခု နှစ်တွင်၄၀၉မဂ္ဂါဝပ်၊၂၀၁ဝခုနှစ် တွင် ၅၂၀ မဂ္ဂါဝပ်၊ ၂၀၁၁ခုနှစ်တွင် ၆၀၀ မဂ္ဂါဝပ်နှင့် ၂၀၁၂ ခုနှစ်တွင် ၇၅ဝ မဂ္ဂါဝပ် အ ထိသုံးစွဲခဲ့ပြီး တစ်နှစ် လျင်မဂ္ဂါဝပ် ၁၀၀ ကျော်အထိ ကိုတိုး မြှင့်သုံးစွဲ လျက်ရှိ ကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းစ်
Comments