Tuesday, February 28, 2012

ရခိုင်ပြည်နယ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး စာတန်းဖတ်ပွဲ ရန်ကုန်တွင် ပြုလုပ်

ရခိုင်ပြည်နယ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး စာတန်းဖတ်ပွဲ ရန်ကုန်တွင် ပြုလုပ် 

ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် စာတန်းဖတ်ပွဲ တစ်ခုကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။
Shwe-Gas-meeting-in-Yangon
" အခမ်းအနားကို ရန်ကုန်မြို့ ဒို့ရိုးရာ စားသောက်ဆိုင်မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ စာတန်းက ကျွန်တော် တစ်ယောက်တည်း ဖတ်တာပါ။ လူပေါင်း ၃၀၀ ခန့် စာတန်းဖတ်ပွဲကို တက်ရောက်ခဲ့ပါတယ်" ဟုစာတန်း ရှင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒုဥက္ကဌ ဦးတင်ဝင်းက ပြောသည်။

စာတန်းတွင် ရခိုင်ပြည်နယ် အတွင်း လျှပ်စစ် ဓါတ်အားသုံးစွဲနေမူနှင့် လက်ရှိ လျှပ်စစ်မီး ပေးဝေနေသာ အနေထားများကို စာတန်းရှင် ဦးတင်ဝင်းမှ တချက်ချင်း ရှင်းလင်း တင်ပြသွားသည်ဟု ဆိုသည်။

" ကျွန်တော်တို့ ရခိုင်ပြည်မှာ မီး ၂၄ နာရီကို ရွှေဂတ်စ်က ရရှိဖို့အတွက် စာတမ်းဖတ်ပွဲကို လုပ်တာပါ။ ကျွန်တော် အနှစ်ချုပ် ပြောချင်တာကတော့ ကျွန်တော်တို့ ကျောက်ဖြူမှာ သဘာဝဓါတ်ငွေ့သုံးဓါတ်အား ပေးစက်ရုံ တည်ဆောက်ခွင့် ပေးပါ။ ကျွန်တော်တို့ကို ရခိုင်က ထွက်တဲ့ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းက တရက်ကို ၃၆ မီလီယံ ကုဗပေ အသုံးပြုခွင့်ပေးပါ။ ဒါကိုဘဲ တောင်းတာပါ" ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိလာခဲ့ပြီးနောက်ပိုင်း လျှပ်စစ် ဓါတ်အား အနည်းဆုံးသုံးစွဲ ခွင့် ရသော ပြည်နယ် တစ်ခု ဖြစ်ပြီး မြို့နယ် ရုံးစိုက်ရာ မြို့များတွင် တစ်နေ့ (၂) နာရီ ကျော်ကျော်သာ လျှပ်မီးရပြီး ကျေးလက်တောရွာများတွင် အစိုးရမှ ဖြန့်ဝေသော လျှပ်စစ်မီးများကို ယနေ့ထိ ရရှိခံစားခြင်း မရှိကြောင်း သိရသည်။
Shwe-Gas-meeting-Yangon
" ရခိုင်ပြည်နယ်ဟာ လျှပ်စစ်မီး အခြေအနေနဲ့ ပတ်သက်ပြီး ပြောရရင် အဆိုးဆုံး အဆင့်မှာ ရှိနေပါတယ်။ လျှပ်စစ်ဓါတ်အား သုံးစွဲမှုက ၀.၈ အဆင့်ဘဲ ရှိပါတယ်။ လူသုံးစွဲမှုက ၀.၆၉ အဆင့်ဘဲ ရှိပါတယ်။ မီတာ အလုံးအရေ အတွက်က ၁.၃၆ အဆင့်ဘဲ ရှိပါတယ်။ ဗမာတပြည်လုံးနဲ့ စာရင်ပေါ့။ အခြေအနေက အရမ်းကို ဆိုးရွားနေပါတယ်" ဟု ဦးတင်ဝင်းက ပြောသည်။

ယခု တင်ပြသော စာတန်းမှာ ရခိုင်ပြည်နယ် လျှပ်စစ်မီး အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ပြည်သူသို့တင်ပြ သော စာတန်းသာ ဖြစ်ပြီး ပြည်သူများ၏ အမြင်သဘောများကို လက်ခံ ရရှိပြီးမှ ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ဒီစာတန်းကို တင်ပြပြီးတဲ့ အခါ အစိုးရ အပိုင်းက ဘယ်လို တာဝန်ယူမှုတွေ ရှိလာမလဲဆိုတာနားထောင် ရမယ်။ ပြည်သူတွေဘက်က တုန့်ပြန်မူ သဘောထားတွေကိုလည်း စုဆောင်းသွားမယ်။ ဘာဆက်လုပ်မလဲ ဆိုတာကတော့ ကျွန်တော်တို့မှာ အစီအစဉ် ရှိပါတယ်။ ဒါတွေက ထွက်ပေါ် လာမယ့်အခြေအနေအပေါ် မှာဘဲ ဆက်လုပ်ရသွားမှာ ဖြစ်ပါတယ်" ဟု ဦးတင်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ် ကမ်းရိုးတန်းတွင် အာရှတွင် အကြီးမားဆုံးသော သဘာဝ ဓါတ်ငွေ့သိုက်ကြီးများကို တွေ့ရှိထားသော်လည်း အုပ်ချုပ်သူ အစိုးရက အဆိုပါ သဘာဝ ဓါတ်ငွေ့များကို နိုင်ငံခြား တိုင်းပြည်များသို့ ရောင်းချရန်သာ စိတ်ဝင်စားနေပြီး ရခိုင် ဒေသ ဖွံ့ဖြိုးရေး အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ရန် အစီအစဉ် မရှိခြင်းကြောင်း အစိုးရ လုပ်ရပ် အပေါ် ဒေသခံ ရခိုင်ပြည်သူများ သာမက မြန်မာ ပြည်သူများကပါ မကျေနပ်မူများ တိုးပွားနေကြောင်း သတင်းများ ရရှိသည်

Friday, February 24, 2012

ခေတ်မီသော မီးသတ်ဖြစ်ဖို့

ဟာဂျူလီ ကသာ ဖေစ့်ဘွတ်ခ် မှ

One Response to “ခေတ်မီသော မီးသတ်ဖြစ်ဖို့”

Maung Toe January 2, 2012
So nice. It is true. I like your cartoon. In Burma, Army is always first . Second is rich people.They always exploit and power abuse to poor public including fire department. I am very sorrow for victims and fire fighters who sacrifice for people. The fire fighters fight for massive explosion and fire without *occupational health and safety*. I really hate this government and selfless business men because they always kill poor and innocent people.
Reply

သိမ်ကြီးဈေး B ရုံ အရှေ့၌ ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်

သိမ်ကြီးဈေး B ရုံ အရှေ့၌ ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်  

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀း၂၀ မိနစ် အချိန်က ပန်းဘဲတန်းမြို့နယ် ၂၆ လမ်းနှင့် မဟာဗန္ဓုလလမ်း ထောင့်ရှိ သိမ်ကြီးဈေး B ရုံ အရှေ့၌ မြေအောက်ဝါယာကြိုး အပူလွန်၍ ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။ ထိုမီးလောင်မှုအား ဈေးသူဈေးသားများမှ မီးသတ်ဆေးဘူးများဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်မှုကြောင့် ဈေးဆိုင်ခန်းများသို့ ကူးစက် လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။ ပေါ်ပြူလာဂျာနယ်

4 comments:

John said...
အိမ်တွေမှာ ၀ါယာကြိုးရှော့ဖြစ်လို့ မီးလောင်ရင် အိမ်ပိုင်ရှင်ကို အရေးယူတယ်လေ။
အခု . . မြေအောက်ဝါယာကြိုး ပူပြီးရှော့ဖြစ်လို့ မငြိမ်းနိုင်ဘဲ ဆိုင်တွေကူးခဲ့ရင် ဘယ်သူ့အရေးယူရပါ့ . . . . .
လူကြီးမင်းများ ဖြေကြပါခင်ဗျား။

tharzaw said...
နွေရာသီရောက်လာပြီ မီးကို အထူးသတိပြုကြပါဗျို့။
တော်သေးတာပေါ့ဗျာ။

ယုယမောင် said...
အင်း...
ပြည်သူတွေ လျှပ်စစ်မီးဆိုတာကို စနစ်တကျသုံးစွဲတတ်တဲ့ အကျင့်ကို ပျိုးထောင်ပေးဖို့လိုတယ်.... ပညာပေးစည်းရုံးပေးဖို့လိုတယ်..
နောက်ပြီး ဈေးကွက်မှာ အဆင့်မမီတဲ့ လျှပ်စစ်ပစ္စည်းတွေ ရောင်းချမှု တာမြစ်ဖို့လိုတယ်....
လျှပ်စစ်မီးတပ်ဆင်သွယ်တန်းတဲ့ ကန်ထရိုက်တာ၊ ကုမ္မဏီ၊ ပညာရှင်များနဲ့ လျှပ်စစ်သွယ်တတန်းသော ကျွမ်းကျင်လုပ်သားများ ၊ လျှပ်စစ်ဌာနက တာဝန်ရှိသူများ၊ အနေဖြင့် ကိုယ်ကျိုးမဖက် တိကျမှန်ကန်သော လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ဖို့လည်းလိုတယ်...
မြန်မာတွေက ဖြစ်သလိုလုပ်တတ်တဲ့ အကျင့်လေးတွေ ၊ ပြီး ပြီးရောဆိုတဲ့ အကျင့်လေးတွေ ကိုယ်စီရှိနေတတ်တော့ အဲဒါလေးတွေပြင်ဖို့လိုပါတယ်.. တချို့နေရာမှာ အဆင်ပြေသွားပေမယ့်... အများပြည်သူ အသက်ဘေး၊ အိုးအိမ် စည်းစိမ် စတာတွေကို ထိပါးလာနိုင်တဲ့ အရာမျိုး ကို ဆောင်ရွက်ရာမှာ တိကျသေချာမှုနဲ့ စေတနာပါမှုက အလွန်အရေးကြီးပါတယ်..
ဒါအပြင် စနစ်ကျနတဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ အမြဲမပြတ် စစ်ဆေး ၊ ပြုပြင်နိုင်အောင်လည်း စီမံဆောင်ရွက်ထားဖို့လိုပါမယ်...

Soe Gyi said...
ဘယ်သူ့အရေးယူရပါ့ . . . . .

Thursday, February 23, 2012

လျှပ်စစ်တွေ ပိုနေတယ်

 
ဒေါက်တာလွဏ်းဆွေ

One Response to “လျှပ်စစ်တွေ ပိုနေတယ် (ကာတွန်း – နေမျိုးအေး)”

အနော်က နေပြည်တော်ကလွဲပြီး တခြားနေရာမှ မရောက်ဖူးပဲကို September 27, 2011
အနော်က နေပြည်တော်ကလွဲပြီး တခြားနေရာမှ မရောက်ဖူးပဲကို
Reply

Tuesday, February 21, 2012

“မြန်မာပြည်က ဒီမိုကရေစီ”


“မြန်မာပြည်က ဒီမိုကရေစီ”

“မြန်မာပြည်က ဒီမိုကရေစီ” (ကာတွန်းနေမျိုးအေး – မိုးမခ၀က်ဘ်ဆိုက်)